Connect with us

China

ရှီကျင့်ဖိန်က Anthony Albanese ဩစတြေးလျနိုင်ငံဝန်ကြီးချုပ်အဖြစ် ဆက်လက် ရွေးချယ်ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၁၃ ရက်တွင် Anthony Albanese ထံသို့ ၎င်းဩစတြေးလျနိုင်ငံ ဖက်ဒရယ်အစိုးရ ဝန်ကြီးချုပ်အဖြစ် ဆက်လက် ရွေးချယ်ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၃ နှစ်တာအတွင်း မိမိသည် အဆွေတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-ဩစတြေးလျဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းသည့် မဟာဗျူဟာမြောက်မှု၊ အလုံးစုံဖြစ်မှု၊ ဦးတည်ချက်လားရာ စသည့်ကိစ္စတို့နှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာချိတ်ဆက်ဆွေးနွေးခဲ့ကာ အရေးပါသဘောတူညီချက်များ ရရှိခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာရေးအတွက် မဟာဗျူဟာမြောက် ဦးဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သဝဏ်လွှာတွင် ထောက်ပြ ပြောကြားခဲ့သည်။

တရုတ်-ဩစတြေးလျ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး မြှင့်တင်ခြင်းသည် နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရန်အတွက် အရေးပါသည့် အနက်အဓိပ္ပာယ်ရှိကြောင်း၊ မိမိအနေဖြင့် ဝန်ကြီးချုပ် Anthoy Albanese နှင့်အတူ တရုတ်-ဩစတြေးလျ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ငြိမ်စွာ ရေရှည်လျှောက်လှမ်းနိုင်ရေးအား တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က သဝဏ်လွှာတွင် ဖော်ပြထားသည်။

အဆိုပါနေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်ကလည်း Anthony Albanese ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ဩစတြေးလျနိုင်ငံ အစိုးရသစ်နှင့်အတူ ပိုမိုတည်ငြိမ်ကောင်းမွန်သော၊ ပိုမိုရလဒ်များစွာရှိသော တရုတ်-ဩစတြေးလျ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်မှုအား တွန်းအားပေးသွားလိုကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

——————–
(Chinese Version)
习近平致电祝贺阿尔巴尼斯当选连任澳大利亚总理
新华社北京5月13日电 5月13日,国家主席习近平致电安东尼·阿尔巴尼斯,祝贺他当选连任澳大利亚联邦政府总理。
习近平指出,过去3年,我曾同总理先生会晤,就事关中澳关系发展的战略性、全局性、方向性问题深入沟通并达成重要共识,为两国关系改善和发展作出战略引领。中澳双方进一步加强合作,对实现两国共同发展、促进世界和平稳定具有重要意义。我愿同阿尔巴尼斯总理一道努力,推动中澳全面战略伙伴关系行稳致远,更好造福两国人民。
同日,国务院总理李强向阿尔巴尼斯致贺电,表示中方愿同澳大利亚新一届政府一道,推动构建更加成熟稳定、更加富有成果的中澳全面战略伙伴关系。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.