Connect with us

International Organizations

ဂါဇာဒေသ လူသားချင်းစာနာမှု အဖြစ်ဆိုးများအဆုံးသတ်ရေးအတွက် အရေးပေါ်လှုပ်ရှားမှုများ လုပ်ဆောင်ရန် တရုတ်ကိုယ်စားလှယ် တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ လုံခြုံရေးကောင်စီက အရှေ့အလယ်ပိုင်းအရေး တံခါးဖွင့်အစည်းအဝေး ကျင်းပနေသည်ကို ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
ဂါဇာဒေသ လူသားချင်းစာနာမှု အဖြစ်ဆိုးများအား အဆုံးသတ်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက ကြိုးပမ်းမှုအားလုံးစုစည်း၍ အရေးပေါ်လှုပ်ရှားမှုလုပ်ဆောင်ရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက မေ ၁၃ ရက် လုံခြုံရေးကောင်စီ၏ ဂါဇာဒေသ လူသားချင်းစာနာမှုအခြေအနေ အရေးပေါ် တံခါးဖွင့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအား စဉ်ဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး အရပ်သားပြည်သူ သေဆုံးဒဏ်ရာရမှုများ နေ့စဉ် အသစ်ထပ်တိုး ဖြစ်ပွားနေကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
နှစ်လကျော်ကြာပိတ်ဆို့မှုကြောင့် ဂါဇာဒေသ အသက်ရှင်နေထိုင်ရန်ပစ္စည်းများ ကုန်ဆုံးသွားပြီဖြစ်ကာ ငတ်မွတ်ခေါင်းပါးမှုနှင့် ကူးစက်ရောဂါများ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေကြောင်း၊ “စားနပ်ရိက္ခာဖူလုံမှုအဆင့် အထွေထွေအမျိုးအစားခွဲခြားမှု” အစီရင်ခံစာအရ ဂါဇာဒေသပြည်သူများသည် ဆိုးရွားသော စားနပ်ရိက္ခာပြတ်လပ်မှုကို ရင်ဆိုင်ဖြတ်သန်းနေရပြီး လူပေါင်း ၅ သိန်းနီးပါးသည် ကပ်ဘေးအသွင် ငတ်မွတ်ခေါင်းပါးမှု အခြေအနေတွင် ရောက်ရှိနေကြောင်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ဂါဇာဒေသစစ်မီးများ ငြိမ်းသွားရေး၊ လူသားချင်းစာနာမှု ဘေးအန္တရာယ်များ ပြေလျော့လာရေး၊ “နှစ်နိုင်ငံဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ရေး၊ နောက်ဆုံးတွင် ပါလက်စတိုင်းအရေးကိစ္စ ဘက်စုံတရားမျှတစွာ ရေရှည်ဖြေရှင်းနိုင်ရေးအတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

လူသားချင်းစာနာမှု အကူအညီများ ပြန်လည်ပေးအပ်ခြင်းသည် လက်ရှိတွင် အရေးကြီးဆုံးကိစ္စဖြစ်ကြောင်း၊ အစ္စရေးဘက်က သိမ်းပိုက်သူဘက်၏ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ တာဝန်ကို မဖြစ်မနေထမ်းဆောင်ပြီး ပိတ်ဆို့မှုများ ချက်ချင်းဖယ်ရှားကာ ကူညီရေးပစ္စည်းများ ပြန်လည်ဝင်ရောက်ရေးကို ဘက်စုံပြန်လည်ခွင့်ပြုရမည်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ဂါဇာဒေသသည် လူသားချင်းစာနာမှုလုပ်ငန်း ဝန်ထမ်းများအတွက် အန္တရာယ်အများဆုံးနေရာဖြစ်လာကာ ယခုအကြိမ်ပဋိပက္ခအတွင်း လူသားချင်းစာနာမှုလုပ်ငန်း ဝန်ထမ်းပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ၏ ဂုဏ်သိက္ခာ၊ ဘေးကင်းလုံခြုံမှုနှင့် အဆင်ပြေစွာလုပ်ဆောင်နိုင်မှုတို့သည် လေးစားမှုနှင့် အာမခံပေးမှု ရရှိသင့်ကြောင်း၊ လူသားချင်းစာနာမှုအကူအညီများကို လက်နက်အသွင်ပြောင်း၍မရကြောင်း၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ကြားနေမှု အခြေခံမူကို အစဉ်အမြဲ လက်ကိုင်ထားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရေရှည်အပစ်အခတ်ရပ်စဲမှုဖော်ဆောင်ခြင်းသည် ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း၊ စစ်ရေးနည်းလမ်းသည် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ စစ်ပွဲကြာရှည်ခြင်းသည် ပိုမိုများပြားသော သတ်ဖြတ်မှုနှင့် သေဆုံးမှုများကိုသာ ဖြစ်စေကာ ဖမ်းဆီးခံထားရသူများအား ကယ်ဆယ်ရေးအတွက် အကျိုးရှိသည့် အခြေအနေဖန်တီးပေးမည် မဟုတ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အစ္စရေးဘက်က ဂါဇာဒေသအပေါ် စစ်ရေးအရတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း၊ အမေရိကန်သည် အချင်းဖြစ်ပွားသူအပေါ် အရေးပါသက်ရောက်မှုရှိသည့် နိုင်ငံအနေဖြင့် တရားမျှတသော၊ တာဝန်သိစိတ်ရှိသော သဘောထားဖြင့် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး တွန်းအားပေးရန်အတွက် ပိုမိုများပြားသည့် အပြုသဘောကြိုးပမ်းမှုများ လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ခြင်းသည် တစ်ခုတည်းသော ဖြေရှင်းရေးနည်းလမ်း ဖြစ်ကြောင်း ဖုချုံးက အလေးထားပြောကြားခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းက “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အခြေခံကို ထိခိုက်မှုရှိမည့် မည်သည့်တစ်ဖက်သတ် လှုပ်ရှားမှုကိုမဆို အတူတကွ ငြင်းပယ်၍ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” နိုင်ငံရေးလုပ်ငန်းစဉ်ကို တွန်းအားပေးရန်အတွက် ထောက်ခံအားပေးမှုနှင့် အာမခံချက်များ ပံ့ပိုးပေးရန် ပို၍ထပ်တိုး ကြိုးပမ်းသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်၏ ခွင့်ပြုမှုအရ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အဆင့်မြင့်အစည်းအဝေးကို ဇွန်လတွင် ကျင်းပမည်ဖြစ်ရာ အစည်းအဝေးက နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုများ စုစည်းရန်နှင့် လက်တွေ့ကျလှုပ်ရှားမှုများဖြင့် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ရေး တွန်းအားသစ်များ ဖြည့်တင်းပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
中国代表呼吁采取紧急行动结束加沙人道惨剧
新华社联合国5月13日电(记者杨士龙)中国常驻联合国代表傅聪13日在安理会加沙人道局势紧急公开会上呼吁国际社会汇聚一切努力,采取紧急行动,以结束加沙人道惨剧。
傅聪说,以色列持续轰炸袭击加沙地带,每天都在造成新的无辜平民伤亡。在长达2个多月的封锁下,加沙生存物资已消耗殆尽,饥饿和疾病迅速蔓延。根据“粮食安全阶段综合分类”报告,加沙民众正在经历严重的粮食短缺,近50万人处于灾难性饥饿状态。
傅聪表示,中方将继续同国际社会一道,为平息加沙战火、缓解人道灾难、落实“两国方案”、最终实现巴勒斯坦问题全面公正持久解决作出不懈努力。
傅聪说,恢复人道援助是当务之急。以色列必须履行占领方的国际人道法义务,立即解除封锁,全面恢复物资准入。加沙已成为人道工作者最危险的地方,已有400多名人道工作者在本轮冲突中遇难。联合国近东巴勒斯坦难民救济和工程处的尊严、安全和便利应当得到尊重和保障。人道援助不能被武器化,公正、独立和中立原则必须始终坚持。
傅聪表示,实现持久停火是优先事项。军事手段无法解决问题,延长战事只会制造更多的杀戮和死亡,不会为解救被扣押人员创造有利条件。中方敦促以色列立即停止对加沙的军事进攻。希望美国作为对当事方有重要影响力的国家,秉持公正、负责任态度,为推动加沙停火作出更多积极努力。
傅聪强调,落实“两国方案”是唯一出路。国际社会应共同拒绝任何侵蚀“两国方案”基础的单边行动,加大努力为推进“两国方案”政治进程提供支持和保障。根据联大决议授权,落实“两国方案”高级别会议将于6月举行,希望会议为凝聚国际社会广泛共识、采取务实行动落实“两国方案”注入新的动力。(完)
图说:4月29日,在位于纽约的联合国总部,安理会召开中东问题公开辩论会。华社记者 谢锷 摄