Connect with us

Asia

“ရှီကျင့်ဖိန်၊ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု” စာအုပ် စာဖတ်သူများ ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်တွင် ကျင်းပ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ "ရှီကျင့်ဖိန်၊ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု" စာအုပ် တရုတ်-ဘင်္ဂလားဒေ့ရှ် စာဖတ်သူများ ဆွေးနွေးပွဲ ကျင်းပစဉ် တရုတ်နိုင်ငံ ကိုယ်စားလှယ်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကိုယ်စားလှယ်များအား အမှတ်တရ စာအုပ်လက်ဆောင် ပေးအပ်နေသည်ကို ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ မေ ၁၄ ရက် (ဆင်ဟွာ)
“ရှီကျင့်ဖိန်၊ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု” စာအုပ် တရုတ်-ဘင်္ဂလားဒေ့ရှ် စာဖတ်သူများ ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် မကြာသေးမီက ကျင်းပခဲ့ရာ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေးနှင့် မီဒီယာအသိုင်းအဝိုင်းတို့မှ ဧည့်သည်တော် ၃၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၅၀ ပြည့် အခါသမယ၌ စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများ ကူးလူးဖလှယ်မှုကို အခိုင်အမာလုပ်ဆောင်ရန်၊ တရုတ်နိုင်ငံ ခေါင်းဆောင်၏ အရေးပါသော လုပ်ဆောင်ချက်များအပေါ် ဆွေးနွေးသုံးသပ်ခြင်းဖြင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှု၏ အောင်မြင်သော အတွေ့အကြုံများကို မျှဝေရန် အလွန်အရေးကြီးကြောင်း အခမ်းအနား တက်ရောက်သူများက အလေးအနက်ပြောကြားခဲ့သည်။
ထို့အတူ နှစ်နိုင်ငံကြား အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းရန်၊ အပြန်အလှန် နိုင်ငံရေးယုံကြည်မှု နက်နက်ရှိုင်းရှိုင်းရှိရန်၊ တရုတ်-ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာမြောက် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်မှုကို မြှင့်တင်ရန်လည်း အရေးကြီးကြောင်း ၎င်းတို့က သုံးသပ်ပြောဆိုခဲ့သည်။
“ရှီကျင့်ဖိန်၊ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု” စာအုပ်သည် မျက်မှောက်ခေတ် တရုတ်နိုင်ငံအကြောင်း ပိုမိုနားလည်သိရှိစေရန် ဘင်္ဂလားဒေ့ရှ် စာဖတ်သူများအား မျက်စိဖွင့်နားဖွင့်ပေးခဲ့ကြောင်း၊ နိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီသော ခေတ်မီအသွင်ပြောင်းရေး လမ်းကြောင်းကို စူးစမ်းရှာဖွေရာတွင် ဘင်္ဂလားဒေ့ရှ်အတွက် အကျိုးရှိသော နမူနာယူစရာများကို ပေးစွမ်းလျက်ရှိကြောင်း၊ တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး တိုးတက်စေရန် အပြန်အလှန်လေ့လာမှု၊ ကူးလူးဖလှယ်မှုများအတွက် ပလက်ဖောင်းအသစ်တစ်ခုအား ဖန်တီးပေးကြောင်း ဆွေးနွေးပွဲ စီစဉ်ကျင်းပသူများက ဆိုသည်။
စာဖတ်သူများအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ပြည်သူများအပေါ် နက်နက်ရှိုင်းရှိုင်း အလေးထားမှု၊ တရုတ်သွင်ပြင်လက္ခဏာများ လွှမ်းခြုံထားသော ခေတ်မီအသွင်ပြောင်းရေးလမ်းကြောင်း၊ ခေတ်သစ်ကာလ၌ တရုတ်နိုင်ငံနှင့် ကမ္ဘာကြီး၏ ဆက်ဆံရေး၊ တရုတ်ယဉ်ကျေးမှု၏ ပွင့်လင်းမှုနှင့် အလုံးစုံပါဝင်နိုင်မှုတို့ကိုလည်း ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်မည်ဖြစ်ကြောင်း စီစဉ်ကျင်းပသူများက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ ကုန်းလမ်းပို့ဆောင်ရေးနှင့် လမ်းတံတားဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား၊ စွမ်းအင်နှင့် သယံဇာတအရင်းအမြစ် ဝန်ကြီးဌာနတို့၏ အကြံပေးပုဂ္ဂိုလ် မိုဟာမက် ဖူဇဲလ် ကဘီယာခန်းက “ရှီကျင့်ဖိန်၊ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု” စာအုပ်မှာ သာယာဝပြောသည့် တရုတ်နိုင်ငံနှင့် ငြိမ်းချမ်းသော ကမ္ဘာကြီးအား တည်ဆောက်မည့် သမ္မတရှီနှင့် CPC ၏ မျှော်မှန်းချက်ကို ထင်ဟပ်စေသည်ဟု ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3Ac


……………………………………………………………………………………………………..
(English Version)
Readers forum on “Xi Jinping: The Governance of China” held in Bangladesh
DHAKA, May 13 (Xinhua) — The China-Bangladesh Readers Forum on “Xi Jinping: The Governance of China” was held recently here with more than 350 attendees from the political, academic, business and media circles of both China and Bangladesh.
Participants noted that, on the occasion of the 50th anniversary of diplomatic relations between China and Bangladesh, it is of great significance to strengthen exchanges on governance experience and share the successful experience of Chinese modernization through discussions on the important works of the Chinese leader.
It is also important for carrying forward the traditional friendship between the two countries, deepening mutual political trust, and promoting the sustained development of the China-Bangladesh comprehensive strategic cooperative partnership, they said.
The organizers of the forum said that “Xi Jinping: The Governance of China” has opened a window for Bangladeshi readers to better understand contemporary China, provided useful references for Bangladesh in exploring a modernization path suited to its national conditions, and offered a new platform for mutual learning and exchanges in the development of China-Bangladesh relations.
Readers can also gain a deeper understanding of the Communist Party of China (CPC)’s deep care about the people, the modernization path with Chinese characteristics, China’s relationship with the world in the new era, and the openness and inclusiveness of the Chinese civilization, said the organizers.
Muhammad Fouzul Kabir Khan, the Bangladeshi interim government’s adviser to the ministries of road transport and bridges, railways, and power, energy and mineral resources, said that “Xi Jinping: The Governance of China” reflects the vision of President Xi and the CPC for building a prosperous China and a peaceful world. xhtxs.cn/3Ac
English Caption
Chinese representatives present Bangladeshi counterparts with the books during the China-Bangladesh Readers Forum on “Xi Jinping: The Governance of China” in Dhaka, Bangladesh, May 11, 2025. (Photo by Habibur Rahman/Xinhua)