China
တရုတ်နိုင်ငံအနေဖြင့် ကနေဒါနိုင်ငံနှင့် ဆက်ဆံရေးအပေါ် အလေးအနက်ထားဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာသည့် မာ့ခ်ကာနီထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ကနေဒါနိုင်ငံနှင့် ဆက်ဆံရေးအပေါ် များစွာအလေးထားကြောင်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၁၄ ရက်၌ ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်-ကနေဒါ သံတမန်ဆက်ဆံရေးထူထောင်မှု ၅၅ နှစ်မြောက် အခါသမယနှင့် တရုတ်-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်မှု နှစ် ၂၀ ပြည့် အခါသမယတို့အား တန်းတူညီမျှရှိမှု၊ အပြန်အလှန်လေးစားမှုတို့အပေါ် အခြေခံလျက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်မှု၊ ဖွံ့ဖြိုးမှုအတွက် မှန်ကန်သော လားရာအတိုင်း မြှင့်တင်နိုင်မည့် အခွင့်အလမ်းအဖြစ် အသုံးချကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကို ပိုမိုသယ်ပိုးနိုင်ရေးအတွက် ကနေဒါ ဝန်ကြီးချုပ် ကာနီနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း ဝန်ကြီးချုပ်လီက ပြောကြားခဲ့သည်ဟု လျင်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
…………………
(English Version)
China attaches importance to relationship with Canada: FM spokesperson
BEIJING, May 14 (Xinhua) — Chinese Premier Li Qiang has sent a congratulatory message to Mark Carney after he became Canadian prime minister, noting that China attaches high importance to the relationship with Canada, a Chinese foreign ministry spokesperson said on Wednesday.
Spokesperson Lin Jian made the remarks at a daily press briefing.
Premier Li expressed his willingness to work with Carney to take the 55th anniversary of the establishment of diplomatic ties and the 20th anniversary of the China-Canada strategic partnership as an opportunity to promote China-Canada relations in the right direction of improvement and development, on the basis of equality and mutual respect, to better benefit both countries and the two peoples, Lin added.