China
ဝမ်ရိက လက်တင်အမေရိကနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ၊ ဆူဒန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသစ်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေး

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံသို့ လာရောက်၍ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ကြသော ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီး Enrique Reina၊ ဘိုလီးဗီးယားနိုင်ငံခြားရေးဝန်ကြီး Celinda Sosa၊ မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး Juan Ramón de la Fuente နှင့် တာဝန်များပြီးဆုံး၍ ဆူဒန်နိုင်ငံသို့ ပြန်လည်ထွက်ခွာတော့မည့် တရုတ်နိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးသစ် Omer Mohamed Ahmed Siddig တို့နှင့် မေ ၁၄ ရက်က ပေကျင်းမြို့၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
Enrique Reina နှင့်တွေ့ဆုံစဉ် ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ဟွန်ဒူးရပ်စ်နိုင်ငံက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာစောင့်ထိန်းကြောင်း ထပ်မံပြောကြားသည့်အပေါ် တန်ဖိုးထားချီးကျူးပါကြောင်း၊ ဟွန်ဒူးရပ်စ်က အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်ခြင်းအပေါ် ထောက်ခံအားပေးကြောင်း၊ ဟွန်ဒူးရပ်စ်နှင့်အတူ နိုင်ငံရေးရာစီမံအုပ်ချုပ်မှု အတွေ့အကြုံများကို မျှဝေကာ ဟွန်ဒူးရပ်စ်က မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသော ပြည်သူများ ထောက်ခံအားပေးသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရှာဖွေရေးအတွက် ကူညီအားဖြည့်ပေးလိုကြောင်း၊ ဟွန်ဒူးရပ်စ်ပြည်သူများ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်ရေး၊ စွမ်းရည်တည်ဆောက်ရေး စသည်တို့အတွက် တတ်စွမ်းသမျှ ဆက်လက်ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Enrique Reina က လက်တင်အမေရိကနှင့် ကာရေဘီယံ (LAC) နိုင်ငံများသည် ဖွင့်ပွဲအခမ်းအနားတွင် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် အရေးကြီး ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်များ၊ အထူးသဖြင့် “အစီအစဉ် ၅ ရပ်” အတွက် အထူးပင် အားတက်ရပါကြောင်း၊ ဟွန်ဒူးရပ်စ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ စောင့်ထိန်းသွားမည် ဖြစ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များရရှိထားသော သဘောတူညီချက်များကို ပို၍များပြားသည့် လက်တွေ့ကျသော ရလဒ်များအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Celinda Sosa နှင့်တွေ့ဆုံစဉ် ဝမ်ရိက ဘိုလီးဗီးယားနိုင်ငံ၏ ပြည်ပစွက်ဖက်ခြင်းအား ကြောက်ရွံ့မှုမရှိခြင်း၊ အမျိုးသားဂုဏ်သိက္ခာနှင့် တရားဝင်အကျိုးစီးပွားများအား အခိုင်အမာ ကာကွယ်ထိန်းသိမ်းခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် အထူးတန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။ ဘိုလီးဗီးယားနိုင်ငံသည် BRICS မိတ်ဖက်နိုင်ငံဖြစ်လာသည့်အတွက် ဂုဏ်ပြုပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘိုလီးဗီးယားနိုင်ငံနှင့်အတူ နိုင်ငံပေါင်းစုံယန္တရားတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်သွားလိုကြောင်း၊ နှစ်ဖက်အနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို ဆက်လက်နက်ရှိုင်းအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးဆိုင်ရာ စာချုပ်များကို အရှိန်မြှင့် ညှိနှိုင်း လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Celinda Sosa က ဘိုလီးဗီးယားနိုင်ငံအနေဖြင့် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် အမျိုးသားရေး ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို အခိုင်အမာ ကာကွယ်သွားမည် ဖြစ်ကြောင်း၊ BRICS ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထားရာ ယင်းကို ပလက်ဖောင်းအဖြစ်ထားရှိ၍ ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်စွာ အပြန်အလှန်ဖေးမကူညီမှုများအား မြှင့်တင်သွားရန် ဆန္ဒရှိသလို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ကို အားကောင်းအောင် ဖြည့်တင်းသွားလိုကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် ဘိုလီးဗီးယားနိုင်ငံ၏ ခိုင်မာသည့် ရပ်တည်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Juan Ramón de la Fuente နှင့် တွေ့ဆုံစဉ် ဝမ်ရိက တရုတ်-မက္ကဆီကို ဆက်ဆံရေးကို တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ (LAC) သံတမန်ဆက်ဆံရေး၏ အရေးကြီးနေရာ၌ ထားရှိပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို လမ်းညွှန်ချက်အဖြစ် ထားရှိကာ မက္ကဆီကိုနိုင်ငံနှင့်အတူ တရုတ်ပုံစံခေတ်မီအသွင်ပြောင်းရေး ဘက်စုံတွန်းအားပေးဖော်ဆောင်သည့် အတွေ့အကြုံများနှင့် ဧရာမဈေးကွက်ကြီး၏အခွင့်အလမ်းများကို မျှဝေသွားလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မက္ကဆီကို၏ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများ တရုတ်ဈေးကွက်သို့ ပိုမိုတင်သွင်းမှုကို ကြိုဆိုသလို တရုတ်ကုမ္ပဏီလုပ်ငန်းများ မက္ကဆီကိုသို့ သွားရောက်၍ ရင်းနှီးမြှုပ်နှံရန်၊ စီးပွားရေးလုပ်ကိုင်ရန် အားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Juan Ramón de la Fuente က မက္ကဆီကိုနိုင်ငံအနေဖြင့် အချုပ်အခြာအာဏာ လွတ်လပ်မှုကို အခိုင်အမာ လက်ကိုင်ထားမည် ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒဟူသော ချမှတ်ပြီးသား သံတမန်ဆက်ဆံရေး ဦးတည်ချက်ကို ဆက်လက်လိုက်နာစောင့်ထိန်းသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အပြန်အလှန်ချိတ်ဆက်မှု၊ သိပ္ပံနှင့် နည်းပညာ၊ လယ်ယာစိုက်ပျိုးရေး၊ ခရီးသွား၊ တိုက်ရိုက်လေကြောင်းလိုင်း စသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အားဖြည့်ကာ မက္ကဆီကို-တရုတ် ဆက်ဆံရေး၏ အနှစ်သာရကို စဉ်ဆက်မပြတ် ဖြည့်တင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Omer Mohamed Ahmed Siddig နှင့်တွေ့ဆုံစဉ် ဝမ်ရိက Omer Mohamed Ahmed Siddig အား ဆူဒန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရသည့်အပေါ် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီချက်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ရမည် ဖြစ်ပြီး တရုတ်-ဆူဒန် ဆက်ဆံရေး စဉ်ဆက်မပြတ် ကြွယ်ဝသောရလဒ်များ ရရှိရန် တွန်းအားပေးကာ နှစ်နိုင်ငံ ပြည်သူ့အကျိုးကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆူဒန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ သီးခြားရပ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းခြင်းအား အခိုင်အမာထောက်ခံသလို ဆူဒန်နိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောလျင်စွာ ဖော်ဆောင်နိုင်ရေးအား ထောက်ခံကြောင်း ပြောကြားခဲ့သည်။
Omer Mohamed Ahmed Siddig က ဆူဒန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားကာကွယ်မှုကို အခိုင်အမာ ဆက်လက်ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆူဒန်နိုင်ငံခြားရေးဝန်ကြီးအသစ်အနေဖြင့် ဆူဒန်-တရုတ် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်၍ အစွမ်းကုန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်သလို သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော အရေးကြီးသည့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်များကို အတူတကွ အကောင်အထည်ဖော်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဟွန်ဒူးရပ်စ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Enrique Reina တို့ မေ ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဘိုလီးဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Celinda Sosa တို့ မေ ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဘိုလီးဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Celinda Sosa တို့ မေ ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မက္ကဆီကိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Juan Ramón de la Fuente တို့ မေ ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မက္ကဆီကိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Juan Ramón de la Fuente တို့ မေ ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တာဝန်များပြီးဆုံး၍ ဆူဒန်နိုင်ငံသို့ ပြန်လည်ထွက်ခွာတော့မည့် တရုတ်နိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးသစ် Omer Mohamed Ahmed Siddig တို့ မေ ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တာဝန်များပြီးဆုံး၍ ဆူဒန်နိုင်ငံသို့ ပြန်လည်ထွက်ခွာတော့မည့် တရုတ်နိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးသစ် Omer Mohamed Ahmed Siddig တို့ မေ ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
王毅分别会见拉美多国外长和苏丹新任外长
新华社北京5月14日电 中共中央政治局委员、外交部长王毅14日在京分别会见来华出席中拉论坛第四届部长级会议的洪都拉斯外长雷纳、玻利维亚外长索萨、墨西哥外长德拉富恩特,以及即将离任回国的苏丹驻华大使、新任外长萨迪格。
会见雷纳时,王毅表示,中方赞赏洪方重申恪守一个中国原则,支持洪方维护主权、独立和尊严,愿同洪方分享治国理政经验,助力洪都拉斯探索符合自身国情、得到人民支持的发展道路,将继续为洪民生改善、能力建设等提供力所能及帮助。
雷纳表示,拉方为习近平主席在开幕式讲话中提出的重要合作倡议、特别是“五大工程”深感振奋。洪方将坚定恪守一个中国原则,将两国元首重要共识转化为更多实实在在的成果。
会见索萨时,王毅说,中方赞赏玻方无惧外部干涉,坚定维护民族尊严和正当权益。祝贺玻利维亚成为金砖伙伴国,中方愿同玻方加强在多边机制中的沟通协作。双方要继续深化高质量共建“一带一路”,加快商签投资保护协定。
索萨表示,玻方坚定捍卫多边主义和民族自决权,高度重视金砖合作,愿以此为平台加强全球南方团结互助,增强发展中国家代表性和发言权。一个中国原则是玻方的坚定立场。
会见德拉富恩特时,王毅表示,中方将中墨关系放在中拉外交重要位置,愿以两国元首重要共识为指引,同墨方分享全面推进中国式现代化经验和超大规模市场机遇。中方欢迎更多墨西哥优质产品进入中国市场,将鼓励中方企业赴墨投资兴业。
德拉富恩特表示,墨方坚持主权独立,将继续恪守一个中国原则这一既定外交方针,进一步加强两国互联互通、科技、农业、旅游、直航等合作,不断丰富墨中关系内涵。
会见萨迪格时,王毅祝贺萨迪格被任命为苏丹外长,表示双方要落实好两国元首重要共识,推动中苏关系不断取得丰硕果实,造福两国人民。中方坚定支持苏丹维护主权、独立和领土完整,支持苏丹早日实现和平、稳定、发展。
萨迪格表示,苏丹将继续坚定支持中方捍卫核心利益。作为新任外长,将继续全力以赴推进苏中战略伙伴关系发展,共同落实习近平主席提出的系列重要全球倡议。(完)
1,2. 5月14日,中共中央政治局委员、外交部长王毅在北京会见洪都拉斯外长雷纳。 新华社记者 翟健岚 摄
3,4. 5月14日,中共中央政治局委员、外交部长王毅在北京会见玻利维亚外长索萨。 新华社记者 翟健岚 摄
5,6. 5月14日,中共中央政治局委员、外交部长王毅在北京会见墨西哥外长德拉富恩特。 新华社记者 翟健岚 摄
7,8. 5月14日,中共中央政治局委员、外交部长王毅在北京会见即将离任回国的苏丹驻华大使、新任外长萨迪格。 新华社记者 翟健岚 摄