China
အမေရိကန်၏ ပို့ကုန်ထိန်းချုပ်မှုအစီအမံ အလွဲသုံးမှုအပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တုံ့ပြန်ပြောကြား

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)
ကမ္ဘာ့မည်သည့်နေရာ၌မဆို Huawei Ascend chips များကို အသုံးပြုလျှင် အမေရိကန်၏ ပို့ကုန်ထိန်းချုပ်မှုအား ချိုးဖောက်ခြင်း ဖြစ်ကြောင်း မကြာသေးမီက အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စက်မှုနှင့် လုံခြုံရေးဗျူရိုမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ထောက်ပြထားသည်။
ထို့အပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြန်ကြားရေး ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရုန်ချန်က အမေရိကန်၏ ကြေညာချက်သည် စံတင်ရသည့် ဈေးကွက်မဆန်မှုနှင့် တစ်ဖက်သတ် အနိုင်ကျင့် ဗိုလ်ကျမှု လုပ်ရပ် ဖြစ်ပြီး ၎င်း၏ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ မူလသရုပ် အပြည့်အဝပေါ်ထွက်လာခြင်း ဖြစ်ကြောင်း မေ ၁၅ ရက်က ပြောကြားခဲ့သည်။
ဟယ်ရုန်ချန်က ယင်းနေ့တွင် ကျင်းပသည့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့သည်။
အမေရိကန်ဘက်က ပို့ကုန်ထိန်းချုပ်မှုအစီအမံများကို အလွဲသုံးကာ အခြေအမြစ်မရှိသော စွဲချက်များဖြင့် တရုတ် chips ထုတ်ကုန်များအပေါ် ပိုမိုတင်းကျပ်စွာ ကန့်သတ်ခြင်းသည် တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်စေသလို ကမ္ဘာလုံးဆိုင်ရာ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ပံ့ပိုးမှုကွင်းဆက် တည်ငြိမ်ရေးကို ပြင်းထန်သည့် ခြိမ်းခြောက်မှု၊ ဈေးကွက်စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတကာ ကုန်သွယ်စီးပွား စည်းစနစ်ကို ပြင်းထန်သည့်ဖျက်ဆီးမှု ဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်၏ ဤလုပ်ရပ်သည် နှစ်ဖက်ကုမ္ပဏီလုပ်ငန်းများ၏ ရေရှည်၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ စဉ်ဆက်မပြတ်ဖြစ်သော ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အကျိုးမရှိကြောင်း ၎င်းက ဆိုသည်။
“တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ဘက်က မှားယွင်းတဲ့လုပ်ရပ်တွေကို ချက်ချင်းပြုပြင်ဖို့ တိုက်တွန်းသလို တရုတ်ကုမ္ပဏီလုပ်ငန်းများရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွားကို ပြတ်ပြတ်သားသား အစီအမံများသုံးပြီး ကာကွယ်ထိန်းသိမ်းသွားမှာ ဖြစ်တယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
商务部回应美方滥用出口管制措施
新华社北京5月15日电(记者潘洁、谢希瑶)美国商务部工业与安全局日前发布公告指出,在世界任何地方使用华为Ascend芯片都违反了美国的出口管制。对此,商务部新闻发言人何咏前15日表示,美方公告是典型的非市场和单边霸凌做法,充分暴露其单边主义、保护主义本质。
何咏前是在当天召开的商务部例行新闻发布会上作出上述回应的。她表示,美方滥用出口管制措施,对中国芯片产品以莫须有罪名加严限制,严重损害中国企业正当权益,严重威胁全球半导体产供链稳定,严重破坏市场规则和国际经贸秩序。美方此举不利于双方企业长期、互利、可持续的合作与发展。
“中方敦促美方立即纠正错误做法,并将采取坚决措施维护中国企业正当权益。”她说。(完)