Connect with us

China

“၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ရေးဆွဲရေးလုပ်ငန်း အွန်လိုင်းသဘောထားခံယူမှု စတင်ဆောင်ရွက်

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် မကြာသေးမီက “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ရေးဆွဲမှုလုပ်ငန်းအတွက် အရေးကြီးလမ်းညွှန်မှုပေးခဲ့ရာတွင် သိပ္ပံနည်းကျဆုံးဖြတ်ခြင်း၊ ဒီမိုကရေစီဖြင့် ဆုံးဖြတ်ခြင်း၊ တရားဥပဒေနှင့်အညီ ဆုံးဖြတ်ခြင်းအား လက်ကိုင်ထားပြီး စီမံကိန်းရေးဆွဲမှုလုပ်ငန်းအား အရည်အသွေးမြင့်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ အရေးကြီး လမ်းညွှန်ချက် စိတ်ဓာတ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်အလို့ငှာ မေ ၂၀ ရက်မှစ၍ “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ရေးဆွဲရေးလုပ်ငန်းနှင့် စပ်လျဉ်းသည့် အွန်လိုင်းသဘောထားခံယူမှု စတင်ဆောင်ရွက်ခဲ့သည်။
ယခုအကြိမ် အွန်လိုင်းသဘောထားခံယူရေး လှုပ်ရှားမှုအစီအစဉ်များကို People’s Daily ၊ Xinhua ၊ China Media Group တို့၏ သက်ဆိုင်ရာ တရားဝင် ဝက်ဘ်ဆိုက်များ၊ News Clientများ ၊ https://www.xuexi.cn ပလက်ဖောင်း စသည်တို့တွင် “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ရေးဆွဲရေး အကြံပြုခြင်း သီးသန့်ကော်လံများ အသီးသီး ထားရှိသွားမည် ဖြစ်ပြီး များပြားလှသော အွန်လိုင်းအသုံးပြုသူ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ စာမျက်နှာများသို့ ဝင်ရောက်၍ အကြံပြုနိုင်ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ အွန်လိုင်းသဘောထားခံယူမှု အစီအစဉ်ကို တစ်လကြာ ဆောင်ရွက်မည် ဖြစ်ပြီး သက်ဆိုင်ရာ သဘောထား၊ အကြံပြုချက်များကို စုစည်းစီမံပြီးနောက် ဗဟို၏ မူဝါဒဆုံးဖြတ်ချက်ချရာတွင် ကိုးကားလေ့လာရန်အတွက် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

“၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ကာလသည် တရုတ်နိုင်ငံ၏ ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင်ပြောင်းရေး လုပ်ငန်းစဉ် အခြေခံအားဖြင့် ဖော်ဆောင်နိုင်သည့် အတိတ်နှင့်အနာဂတ်၏ ချိတ်ဆက်မှု ဖြစ်ရာ အဓိပ္ပာယ်လေးနက်ခြင်းကြောင့် “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ကာလ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို သိပ္ပံနည်းကျ ကောင်းမွန်အောင် အစီအစဉ် ရေးဆွဲရမည် ဖြစ်သည်။ လက်ရှိတွင် ပါတီဗဟိုကော်မတီက “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ကာလ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် အကြံပြုလွှာများကို စုစည်းစီမံရေးဆွဲလျက်ရှိကြောင်း သိရသည်။ (Xinhua)
————————
(Chinese Version)
“十五五”规划编制工作开展网络征求意见活动
新华社北京5月20日电 习近平总书记近日对“十五五”规划编制工作作出重要指示强调,要坚持科学决策、民主决策、依法决策,高质量完成规划编制工作。为贯彻落实习近平总书记重要指示精神,自5月20日起就“十五五”规划编制工作开展网络征求意见活动。
据介绍,这次网络征求意见活动分别在人民日报、新华社、中央广播电视总台所属官网、新闻客户端以及“学习强国”学习平台开设“十五五”规划建言专栏,广大网民可进入相关页面建言献策。网络征求意见活动为期1个月,有关意见建议将汇总整理后提供给中央决策参考。
“十五五”时期在我国基本实现社会主义现代化进程中承前启后、意义重大,必须科学谋划好“十五五”时期经济社会发展。目前,党中央正在组织制定“十五五”时期经济社会发展规划建议。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.