International Organizations
အမေရိကန်ကသာ တောင်တရုတ်ပင်လယ် လုံခြုံတည်ငြိမ်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု တရုတ်နိုင်ငံ ကိုယ်စားလှယ် ဆို

ကုလသမဂ္ဂ၊ မေ ၂၁ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ ကိန်းစွမ်က မေ ၂၀ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပင်လယ်ပြင်လုံခြုံရေး အရေးကိစ္စ တံခါးဖွင့်အစည်းအဝေး၌ အမှာစကား ပြောကြားတွင် အမေရိကန်က တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်နိုင်ငံအပေါ် အကြောင်းမဲ့ ပြစ်တင်မှုအား ချေပခဲ့ပြီး အမေရိကန်သည်သာ တောင်တရုတ်ပင်လယ် လုံခြုံတည်ငြိမ်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု ထောက်ပြပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီသည် တောင်တရုတ်ပင်လယ်အရေးဆွေးနွေးရန် သင့်တော်သည့်နေရာမဟုတ်ဟု ကိန်းစွမ်က ပြောကြားခဲ့သည်။
အမေရိကန် ကိုယ်စားလှယ်က အမှာစကားပြောကြားရာ၌ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုသွားခဲ့ပြီး ယင်းအပေါ် တရုတ်ဘက်က ပြတ်သားစွာ ကန့်ကွက်ပါကြောင်း၊ အမေရိကန်သည် လွတ်လပ်စွာ ပင်လယ်ရေကြောင်းသွားလာရေး ဟူသည့်ခေါင်းစဉ်ဖြင့် စစ်ဘက်သုံး သင်္ဘောနှင့် လေယာဉ်များ တောင်တရုတ်ပင်လယ်သို့ မကြာခဏ စေလွှတ်ကာ စစ်ရေးအင်အားပြပြီး ဒေသတွင်းနိုင်ငံများအကြား သွေးခွဲလှုံ့ဆော်မှုများ ပေါ်ပေါ်တင်တင်လုပ်ဆောင်ခဲ့ကြောင်း၊ အမေရိကန်သည်သာ တောင်တရုတ်ပင်လယ် လုံခြုံတည်ငြိမ်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ကာယကံရှင်နိုင်ငံများနှင့်အတူ သမိုင်းဖြစ်ရပ်မှန်နှင့် နိုင်ငံတကာဥပဒေအား လေးစားသည့် အခြေခံပေါ်တွင် တွေ့ဆုံဆွေးနွေးမှုဖြင့် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သော သဘောထားကွဲလွဲမှုများအား ညှိနှိုင်းဖြေရှင်းသွားရန် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်မှုဆိုသည်မှာ တရားမဝင်သည့်အပြင် အကျုံးဝင်မှုမရှိသဖြင့် တရုတ်ဘက်က လက်မခံသလို အသိအမှတ်ပြုမှုလည်းမရှိကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ အတူတကွကြိုးပမ်းမှုဖြင့် လက်ရှိတောင်တရုတ်ပင်လယ် အခြေအနေတစ်ရပ်လုံးအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားကြောင်း၊ တရုတ်ဘက်က တောင်တရုတ်ပင်လယ်ကို ငြိမ်းချမ်းသောပင်လယ်၊ ချစ်ကြည်ရင်းနှီးသောပင်လယ်၊ ပူးပေါင်းဆောင်ရွက်သော ပင်လယ်အဖြစ် တည်ဆောက်သွားရန် ဆုံးဖြတ်ချက်ချထားသလို စွမ်းရည်လည်းရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန် ကိုယ်စားလှယ်က အမှာစကားပြောကြာရာတွင် ထိုင်ဝမ်ရေလက်ကြား အရေးကိစ္စနှင့် စပ်လျဉ်းသည့် ပြောကြားချက်အတွက် အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းနှင့် ပတ်သက်သည့် ကတိကဝတ်အား လိုက်နာရန် ကိန်းစွမ်က တိုက်တွန်းခဲ့သည်။
အမေရိကန်ကိုယ်စားလှယ်၏ ပြောကြားချက်သည် အခြားနိုင်ငံ၏ ပြောကြားချက်များနှင့် မအပ်စပ်ဘဲ ကွဲပြားနေကြောင်း ကိန်းစွမ်က ၎င်းကို သတိပေးခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောကြားချက်နှင့် အခြားကိုယ်စားလှယ်များ၏ ပြောကြားချက်သည် ပင်လယ်ပြင် ဘေးကင်းလုံခြုံမှုအား ကာကွယ်ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအား မည်ကဲ့သို့ ဖော်ဆောင်ရမည်နည်းနှင့် စပ်လျဉ်း၍ ပြောကြားသွားခြင်းဖြစ်ကြောင်း၊ အမေရိကန် ကိုယ်စားလှယ်၏ ပြောကြားချက်ကမူ အခွင့်ကောင်းယူ၍ အခြားနိုင်ငံအပေါ် လိုသလိုတိုက်ခိုက်မှုနှင့် အမည်ဖျက်မှုဖြစ်ပြီး ထင်သလို ဖိနှိပ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်ဘက်က နိုင်ငံအသီးသီးနှင့်အတူ ပင်လယ်ပြင်လုံခြုံမှု ကာကွယ်ထိန်းသိမ်းရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားရန် တရုတ်ဘက်က မျှော်လင့်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
ကိန်းစွမ်က အမှာစကားပြောကြားရာ၌ နိုင်ငံအသီးသီးအနေဖြင့် ပင်လယ်သမုဒ္ဒရာ အေးအတူပူအမျှ အသိုက်အဝန်း အယူအဆကို အရင်းခံ၍ တရားမျှတ၍ ဓမ္မဓိဋ္ဌာန်ကျသော ပင်လယ်သမုဒ္ဒရာ စည်းစနစ်ကို ကာကွယ်ထိန်းသိမ်းကာ ပင်လယ်ပြင် လုံခြုံရေးနှင့် တည်ငြိမ်ရေးအား အတူတကွ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် တစ်ကမ္ဘာလုံး ပင်လယ်သမုဒ္ဒရာ စီမံခန့်ခွဲမှုအား အတူလက်တွဲမြှင့်တင်သွားရန် တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံး ပင်လယ်သမုဒ္ဒရာ စီမံခန့်ခွဲမှု၏ တည်ဆောက်သူ၊ တစ်ကမ္ဘာလုံး ပင်လယ်သမုဒ္ဒရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၏ တွန်းအားပေးသူ၊ တစ်ကမ္ဘာလုံး ပင်လယ်သမုဒ္ဒရာ လုံခြုံမှုနှင့် တည်ငြိမ်မှု၏ ကာကွယ်ထိန်းသိမ်းသူအဖြစ် အစဉ်အမြဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ တည်ငြိမ်အေးချမ်းသော၊ ပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပင်လယ်သမုဒ္ဒရာ စည်းစနစ် တည်ဆောက်မှုအား တွန်းအားပေးရန်၊ ပင်လယ်သမုဒ္ဒရာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရန်အတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
中国代表:美国才是南海安全稳定的最大威胁
新华社联合国5月20日电 中国常驻联合国代表团临时代办耿爽20日在安理会海上安全问题公开辩论会发言时,驳斥美方在南海问题上对中国的无理指责,指出美国才是南海安全稳定的最大威胁。
耿爽说,安理会并不是讨论南海问题的合适场所。美国代表在发言中提到南海问题,中方对此表示坚决反对。美国打着航行自由的旗号,频繁派遣军用舰机到南海耀武扬威,并且公开在地区国家间挑拨离间,美国才是南海安全稳定的最大威胁。
他说,中方致力于同有关当事国在尊重历史事实和国际法的基础上,通过对话协商妥善处理涉海分歧。南海仲裁案所谓的裁决是非法的、无效的,中方不接受,也不承认。在中国和东盟国家共同努力下,当前南海局势总体保持稳定。中方有决心,也有能力将南海建成和平之海、友谊之海、合作之海。
针对美国代表在发言中涉及台海问题,耿爽敦促美方恪守关于一个中国的承诺。
耿爽提醒美国代表,她的发言与其他国家的发言格格不入。耿爽说,联合国秘书长的发言和其他代表的发言都是围绕如何维护海上安全和开展国际合作。美国代表的发言却借机对其他国家进行肆意攻击和抹黑,肆意进行打压。中方希望美国能同各国一道为维护海上安全发挥建设性作用。
耿爽在发言中呼吁各国秉持海洋命运共同体理念,维护公正合理的海洋秩序,共同维护海上安全稳定,携手加强全球海洋治理。他说,中方将始终做全球海洋治理的建设者、全球海洋可持续发展的推动者、全球海洋安全稳定的维护者。中方愿同国际社会一道,为推动建设和平安宁、合作共赢的海洋秩序,构建海洋命运共同体不懈努力。(完)