China
တရုတ်နိုင်ငံ ချုံချင့်မြို့တွင် သတ္တမအကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ ကျင်းပ

ချုံချင့်၊ မေ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့တွင် သတ္တမအကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲကို မေ ၂၂ ရက်က ဖွင့်လှစ်ခဲ့ရာ တစ်နေရာတည်း၌ ပရောဂျက် သဘောတူစာချုပ် ချုပ်ဆိုမှုများ ကာလတန်ဖိုးမှာ ယွမ် ဘီလီယံ ၂၀၀ ကျော် (အမေရိကန်ဒေါ်လာ ၂၇.၈ ဘီလီယံခန့်) ရှိကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲသည် နိုင်ငံပိုင် ဗဟိုစီးပွားရေးလုပ်ငန်း ၅၆ ခု၊ Fortune Global 500 စာရင်းဝင်ကုမ္ပဏီ ၄၇ ခု၊ နိုင်ငံစုံကော်ပိုရေးရှင်း ၉၃ ခုနှင့် ဦးဆောင်ပုဂ္ဂလိကလုပ်ငန်း ၂၈၆ ခု အပါအဝင် နိုင်ငံနှင့် ဒေသ ၃၉ ခုမှ စီးပွားရေးလုပ်ငန်း ၁,၃၀၀ ကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့သည်။
စုစုပေါင်း စာချုပ်စီမံကိန်း ၇၅ ရာခိုင်နှုန်းကျော်တွင် ကုန်ထုတ်လုပ်မှုနှင့် ခေတ်မီဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ပြီး လေကြောင်းအာကာသ၊ အဆင့်မြင့်ကုန်ပစ္စည်းများ၊ စွမ်းအင်နှင့် စမတ်နည်းပညာကိရိယာ စသည့် ကဏ္ဍများကို လွှမ်းခြုံမှုရှိကြောင်း ကုန်စည်ပြပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့တွင် သတ္တမအကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲအတွင်း ခြေထောက်လေးချောင်းတပ် ဉာဏ်ရည်ထည့်သွင်းထားသော စက်ရုပ်လေး Sirius အကြောင်း လေ့လာနေသူများကို ၂၀၂၅ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
7th Western China International Fair for Investment and Trade is held in Chongqing
CHONGQING, May 22 (Xinhua) — The 7th Western China International Fair for Investment and Trade kicked off in southwest China’s Chongqing Municipality on Thursday, with on-site project agreements exceeding 200 billion yuan (about 27.8 billion U.S. dollars).
The fair attracted over 1,300 enterprises from 39 countries and regions, including 56 central state-owned enterprises, 47 Fortune Global 500 companies, 93 multinational corporations, and 286 leading private firms.
According to the organizing committee, manufacturing and modern service industries accounted for over 75 percent of the total contracted projects, spanning sectors such as aerospace, advanced materials, energy, and smart equipment.
Photo 1: This photo taken on May 22, 2025 shows the opening ceremony of the 7th Western China International Fair for Investment and Trade in southwest China’s Chongqing Municipality. (Xinhua/Huang Wei)
Photo 2: Visitors learn about Sirius, an intelligent four-legged robot, during the 7th Western China International Fair for Investment and Trade in southwest China’s Chongqing Municipality, May 22, 2025. (Xinhua/Chen Cheng)