China
တရုတ်အာကာသစခန်း တည်ဆောက်ပြီးနောက် အာကာသယာဉ်မှူးများ ပထမဆုံးအကြိမ်အဖြစ် အာကာသစခန်းပင်မခန်း node cabin မှ ပြင်ပသို့ ထွက်လာ

ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့ ကွပ်ကဲရေးမှူး ချန်တုန်းသည် မေ ၂၂ ရက်က အာကာသစခန်းမှ အာကာသယာဉ်မှူးအဖွဲ့ ပထမဆုံးအကြိမ် ပြင်ပသို့ထွက်သည့် လှုပ်ရှားမှုတွင် ထျန်းဟော်ပင်မခန်း node cabin မှ ဦးဆုံး ထွက်လာခဲ့သည်။ ယင်းမှာ အာကာသစခန်း ဘက်စုံ တည်ဆောက်ပြီးနောက် အာကာသယာဉ်မှူးများ ပထမဆုံးအကြိမ်အဖြစ် ထျန်းဟော်ပင်မခန်း node cabin မှ ထွက်လာခြင်း ဖြစ်သည်။
အာကာသစခန်း ပင်မခန်း၏ node cabin ကိုယ်ထည်အပြင်ပန်းပုံစံမှာ ဘောလုံးသဏ္ဍာန်ဖြစ်ပြီး လာရောက်သည့် အာကာသမော်ဂျူးအပိုင်းနှင့် အာကာသယာဉ် စသည်တို့အား ချိတ်ဆက်ခြင်း၊ အာကာသစခန်း၏ ဖွဲ့စည်းပုံအမျိုးမျိုးပြောင်းလဲမှုကို ဖော်ဆောင်ခြင်း၏ အဓိက အချက်အချာဖြစ်သည်။
အာကာသစခန်း တည်ဆောက်မှုအဆင့်၏ ပထမ ၄ ကြိမ် အာကာသစခန်းပြင်ပသို့ ထွက်ခွာမှုတွင် ၄ ကြိမ်စလုံးသည် node cabin မှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဝန့်ထျန်းအာကာသယာဉ်စမ်းသပ်ခန်းအား ဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှတ်တင်ပြီးနောက် ၎င်း၏ airlock သည် အာကာသယာဉ်မှူးများ အာကာသစခန်းပြင်ပသို့ ထွက်ခွာလှုပ်ရှားရာ အဓိကလမ်းကြောင်း ဖြစ်ခဲ့ပြီး ရှန်ကျိုး-၁၄ မှသည် ရှန်ကျိုး-၁၉ အထိ အာကာသယာဉ်မှူးအဖွဲ့ အဖွဲ့ဝင်များ၏ အာကာသစခန်းပြင်ပထွက်သည့် လှုပ်ရှားမှုအားလုံးကို တာဝန်ယူဆောင်ရွက်ခဲ့သည်။ တိုက်ဆိုင်သည်မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်က ဝန့်ထျန်းစမ်းသပ်ခန်း airlock မှ ပြင်ပသို့ ပထမဆုံးထွက်လာသော အာကာသယာဉ်မှူးမှာလည်း ချန်တုန်း ပင်ဖြစ်ပေသည်။
ဝန့်ထျန်းစမ်းသပ်ခန်း၏ airlock နှင့် ထျန်းဟယ် ပင်မခန်း၏ node cabin တို့တွင် အာကာသယာဉ်မှူးများ အာကာသစခန်းပြင်သို့ ထွက်နိုင်သည့် စွမ်းရည်ရှိကြောင်း၊ ယခုအကြိမ် မစ်ရှင်၏လိုအပ်ချက်အရ node cabin မှ ထွက်ရန် ရွေးချယ်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံအာကာသသိပ္ပံနှင့်နည်းပညာ ကော်ပိုရေးရှင်း (CASC) မှ လီကျစ်ဟိုင်၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။
“ဒါက အာကာသစခန်း တည်ဆောက်ပြီးနောက် ပထမဆုံးအကြိမ် node cabin ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒီတစ်ခေါက် အာကာသစခန်းပြင်ပကို ထွက်တဲ့လှုပ်ရှားမှုကတစ်ဆင့် ကျွန်တော်တို့ node cabin တစ်ခုလုံးကနေ ထွက်ခွာတဲ့ ဖြစ်စဉ်တစ်ခုလုံးကို ထပ်မံစမ်းသပ်လိုက်ခြင်း ဖြစ်ပြီး နောက်ဆက်တွဲ အာကာသစခန်း ပြင်ပလှုပ်ရှားမှုတွေအတွက် ပိုမိုများပြားတဲ့ အတွေ့အကြုံတွေကို စုစည်းတာပါ” ဟု လီကျစ်ဟိုင်က ပြောကြားခဲ့သည်။
node cabin ၏ ထွက်ပေါက်မှာ ကမ္ဘာဂြိုဟ်၏ဆန့်ကျင်ဘက် zenith သို့ ဦးတည်ကြောင်း သိရသည်။
ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးများ အာကာသစခန်းပြင်ပ၌ လှုပ်ရှားမှု နောက်ခံမြင်ကွင်းမှာ နက်ရှိုင်းသည့် စကြဝဠာဖြစ်ပြီး အပြာရောင်ဂြိုဟ်ကို မြင်တွေ့ရခြင်းမရှိကြောင်း၊ ၎င်းကာလတွင် အာကာသယာဉ်မှူးသည် စက်ရုပ်လက်တံ၏ ထိရောက်မှု မြင့်မားစွာ ကူညီပံ့ပိုးမှုအောက်တွင် လုပ်ငန်းလုပ်ဆောင်ရေးနေရာသို့ သွားရောက်၍ တပ်ဆင်ရန်လိုအပ်သည့် ပစ္စည်းများကို သွားယူခဲ့ပြီး တပ်ဆင်သည့်နေရာသို့ ထပ်မံသွားရောက်ကာ တပ်ဆင်နေသည်ကို မေ ၂၂ ရက် နံနက်ပိုင်းတွင် သတင်းထောက်က ပေကျင်း လေကြောင်းနှင့် အာကာသ ထိန်းချုပ်ရေး စင်တာ (BACC) ဖန်သားပေါ်မှ တွေ့မြင်ရသည်။
“အာကာသယာဉ်မှူးတွေ အာကာသစခန်းက ထွက်တာနဲ့ ကုန်ပစ္စည်းတွေ အာကာသစခန်းက ထုတ်တာကို ပထမဆုံးအကြိမ် ချိတ်ဆက်ပူးတွဲဆောင်ရွက်ဖော်ဆောင်ခြင်းက ဂြိုဟ်ပတ်လမ်းမှာ တပ်ဆင်တည်ဆောက်တဲ့ပုံစံကို ကျွန်တော်တို့ စမ်းသပ်ပြီး စူးစမ်းရှာဖွေခြင်း ဖြစ်တယ်။ ဒီအတွက် ကျွန်တော်တို့က ဒီတစ်ခါမစ်ရှင်ကို သီးသန့်ဦးတည်တဲ့ အသေးစိတ် ဒီဇိုင်းချခဲ့ရတယ်၊ အပြည့်အဝ အောင်မြင်မှုရရှိဖို့ လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်မှု၊ စမ်းသပ်အတည်ပြုမှု၊ ပုံတူပြုလုပ်မှုတွေ လုပ်ဆောင်ခဲ့ရတယ်” ဟု လီကျစ်ဟိုင်က ယင်းမြင်ကွင်းအား ထပ်မံ ရှင်းပြခဲ့သည်။
တရုတ်အာကာသစခန်း၌ လက်ရှိတွင် စုစုပေါင်း ထွက်ပေါက် ၃ ခု ရှိရာ မုန့်ထျန်းစမ်းသပ်ခန်း၏ cargo airlock သည် စမ်းသပ်ဝန်စည်စလယ်များ အလိုအလျောက် သွင်းနိုင်ထုတ်နိုင်ရန် ထောက်ပံ့ပေးသည်။ ယခုအကြိမ် အာကာသစခန်းပြင်ပသို့ ထွက်ခြင်းမှာ ရှန်ကျိုး-၂၀ အာကာသာယာဉ်မှူးအဖွဲ့၏ ပထမဆုံးအကြိမ် ဖြစ်သလို အာကာသစခန်း တည်ဆောက်သည့်အဆင့်တွင် တရုတ်အာကာသယာဉ်မှူးများ၏ အကြိမ် ၂၀ မြောက် အာကာသစခန်း ပြင်ပသို့ ထွက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

ရှန်ကျိုး-၂၀ အာကာသယာဉ်မှူး ချန်တုန်း အာကာသစခန်း ပူးတွဲအပိုင်းပြင်ပတွင် လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ပေကျင်း လေကြောင်းနှင့် အာကာသ ထိန်းချုပ်ရေး စင်တာ (BACC) ဖန်သားပြင်မှတစ်ဆင့် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————————————————————————–
(Chinese Version)
中国空间站建成后航天员首次从核心舱节点舱出舱
新华社北京5月22日电(记者黄一宸、刘艺)神舟二十号乘组指令长陈冬22日在乘组首次出舱活动中,率先从天和核心舱节点舱出舱。这是空间站全面建成后,中国航天员首次从天和核心舱节点舱出舱。
核心舱节点舱舱体外观呈球形,是对接来访舱段和飞船等航天器、实现空间站多种构型变换的重要枢纽。空间站阶段的前4次出舱均通过节点舱实施。
2022年7月问天实验舱发射入轨后,它的气闸舱成为航天员出舱活动的主通道,“承包”了神舟十四号至神舟十九号乘组航天员所有的出舱活动。巧合的是,2022年9月1日,第一个从问天实验舱气闸舱出舱的航天员也是陈冬。
据中国航天科技集团李志海介绍,问天实验舱气闸舱和天和核心舱节点舱都具备完整的航天员出舱功能。这次是根据任务需求,选择使用节点舱出舱。
“这是空间站建成后第一次使用节点舱。通过这次出舱活动,我们对整个节点舱出舱的全过程又进行了一次验证,为后续的出舱活动积累更多经验。”李志海说。
节点舱出舱口在天顶方向,背对地球。22日上午,记者从北京航天飞行控制中心大屏上看到,神舟二十号航天员出舱活动的“背景”是深邃宇宙,看不见蓝色星球。其间,航天员在机械臂的高效辅助下,先到作业点拿取需要安装的货物,再到安装点进行安装。
李志海对这个场景进行了进一步解释:“航天员出舱与货物出舱任务首次关联耦合实施,是我们对在轨组装建造模式的尝试和探索。为此,我们专门针对这次任务进行了详细的设计,进行全过程的复核、验证、仿真,确保取得圆满成功。”
中国空间站目前共有3个出舱口,梦天实验舱的货物气闸舱可支持实验载荷自动进出舱。本次出舱是神二十乘组第一次出舱,也是空间站阶段中国航天员第20次出舱。(完)
1. 这是5月22日在北京航天飞行控制中心屏幕上拍摄的神舟二十号航天员陈冬出舱的画面(视频截图)。新华社记者 厉彦辰 摄
2. 这是5月22日在北京航天飞行控制中心屏幕上拍摄的神舟二十号航天员陈冬在空间站组合体舱外工作的画面。新华社记者 厉彦辰 摄