Connect with us

Asia

စင်ကာပူ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို

စင်ကာပူ လွှတ်တော်အဆောက်အအုံကို ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ မေ ၂၄ ရက် (ဆင်ဟွာ)
စင်ကာပူ ဝန်ကြီးချုပ် လောရန့်စ်ဝေါင်နှင့် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မေ ၂၃ ရက် ညပိုင်းတွင် ကျင်းပခဲ့သည်။ စင်ကာပူ သမ္မတ သာမန် ရှန်မူဂါရတ်နန်က ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အစိုးရသစ်၏ အဓိက ဦးစားပေး လုပ်ငန်းများတွင် စင်ကာပူနိုင်ငံအား အပြောင်းအလဲများသော ကမ္ဘာကြီးတွင် ၎င်းအတွက် နေရာတစ်နေရာရှိစေရန်၊ စင်ကာပူစီးပွားရေးကို ဦးဆောင်ပြီး အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ပါဝင်ကြောင်း လောရန့်စ်ဝေါင်က ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

မေ ၃ ရက်က ကျင်းပသော လွှတ်တော် ရွေးကောက်ပွဲတွင် အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီက သိသာထင်ရှားသော အားသာချက်ဖြင့် အမတ်နေရာအများစုကို ထပ်မံအနိုင်ရရှိခဲ့သည်။ ယင်းမှာ လက်ရှိဝန်ကြီးချုပ် လောရန့်စ်ဝေါင် ၂၀၂၄ ခုနှစ်တွင် ရာထူးတာဝန်ထမ်းဆောင်လာချိန်မှစ၍ ပထမဆုံး အာဏာရပါတီကို ဦးဆောင်ကာ တစ်နိုင်ငံလုံး ရွေးကောက်ပွဲကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

လောရန့်စ်ဝေါင်က မေ ၂၁ ရက်တွင် အစိုးရအဖွဲ့သစ်မှ အဖွဲ့ဝင် ပြင်ဆင်ရေး အစီအစဉ်ကို ကြေညာခဲ့သည်။ Gan Kim Yong သည် ဒုတိယဝန်ကြီးချုပ်အဖြစ် ဆက်လက်ထမ်းဆောင်ပြီး စီးပွားရေးကဏ္ဍများကို ညှိနှိုင်းဆောင်ရွက်မည်ဖြစ်သည်။ K. Shanmugam ၊ Chan Chun Sing နှင့် Ong Ye Kung တို့က အမျိုးသားလုံခြုံရေး၊ ပြည်သူ့ဝန်ဆောင်မှုနှင့် လူမှုရေးဆိုင်ရာ မူဝါဒ စသည့် ကဏ္ဍအသီးသီးတွင် စီမံညှိနှိုင်းရေးဝန်ကြီးများအဖြစ် တာဝန်ယူ ဆောင်ရွက်ကြမည်ဖြစ်သည်။

ယခုအကြိမ် အစိုးရအဖွဲ့ဝင် ပြင်ဆင်မှုတွင် ပင်စင်ယူသွားသော ဝါရင့်ဝန်ကြီး ၆ ဦး ၊ ရာထူးတိုးသူနှင့် အသစ်ခန့်အပ်ခဲ့သူ အစိုးရအရာရှိ စုစုပေါင်း ၁၃ ဦးရှိရာ မကြာသေးမီနှစ်များအတွင်း အဖွဲ့ဝင်အများဆုံးဖြစ်သည်။ (Xinhua)
…………………………
(Chinese Version)
新加坡新一届内阁宣誓就职
新华社新加坡5月23日电(记者刘春涛)新加坡总理黄循财和新内阁的宣誓就职仪式于23日晚举行。新加坡总统尚达曼主持宣誓典礼。
黄循财在宣誓后的演说中表示,新一届政府的主要优先事项包括确保新加坡能在多变的世界里占有一席之地,并且引领新加坡经济,应对未来挑战。
在5月3日举行的国会选举中,执政的人民行动党再次以显著优势赢得多数议席。这是现任总理黄循财自2024年上任以来首次领导执政党赢得全国大选。
黄循财5月21日公布新一届内阁人事调整方案,颜金勇继续担任副总理,并协调经济事务。尚穆根、陈振声和王乙康出任统筹部长,分别负责国家安全、公共服务和社会政策。
此次内阁调整中有6名资深部长退休,晋升与新任命政务官员共计13人,是近年来人数最多的一次。(完)
图说:这是4月15日拍摄的新加坡国会大厦。新华社发(邓智炜摄)