China
ဟယ်လိဖုန်းနှင့် အမေရိကန် Citigroup ဥက္ကဋ္ဌ John Dugan ၊ Carlyle Group အမှုဆောင်အရာရှိချုပ် Harvey Schwartz သီးခြားစီ တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟယ်လိဖုန်းသည် မေ ၂၃ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် အမေရိကန် Citigroup ဥက္ကဋ္ဌ John Dugan ၊ Carlyle Group အမှုဆောင်အရာရှိချုပ် Harvey Schwartz တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဟယ်လိဖုန်းက လက်ရှိ တရုတ်နိုင်ငံ၏ စီးပွားရေးလည်ပတ်မှုသည် ဆက်တိုက် ပြန်လည်မြင့်တက် ကောင်းမွန်လာသည့်အနေအထားရှိကြောင်း၊ ပထမ ကုန်ထုတ်လုပ်ငန်း (Primary Industry)၊ ဒုတိယ ကုန်ထုတ်လုပ်ငန်း (Secondary Industry)၊ တတိယ ကုန်ထုတ်လုပ်ငန်း (Tertiary Industry) များ၏ တိုးတက်မှုအလားအလာများသည် စဉ်ဆက်မပြတ် ပွင့်လင်းလျက်ရှိသလို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုသည် ခိုင်မာစွာ ရှေ့သို့လှမ်းချီလျက်ရှိရာ ကြီးမားသော ကြံ့ကြံ့ခံနိုင်ရည်နှင့် သွက်လက်မှုအင်အားကို ပြသလျက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တစ်ပြည်လုံးဆိုင်ရာ တစ်သားတည်းဖြစ်သော ဈေးကွက်ကြီးကို အားထားတည်ဆောက်လျက်ရှိရာ အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်ရေးကို မမှိတ်မသုန် အခိုင်အမာ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မြင့်စံနှုန်းရှိသည့် ကုန်သွယ်စီးပွားကဏ္ဍ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်ကာ စီးပွားရေးလည်ပတ်မှု ပတ်ဝန်းကျင်ကို အဆက်မပြတ် ကောင်းမွန်အောင် လုပ်ဆောင်လျက်ကြောင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရေးကို အင်တိုက်အားတိုက် အားပေး၍ မာလ်တီနေရှင်နယ်ကုမ္ပဏီများ တရုတ်နိုင်ငံတွင် ရေရှည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်သောအလားအလာများကို ပံ့ပိုးလျက်ရှိကြောင်း၊ Citigroup နှင့် Carlyle Group အပါအဝင် နိုင်ငံခြားဘဏ္ဍာရေးအဖွဲ့အစည်းများ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်း တိုးတက်အောင် ဆောက်ရွက်ရန်၊ တရုတ်အရင်းအနှီးဈေးကွက်တည်ဆောက်မှုတွင် အတူတကွ ပါဝင်ရန်၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ လုပ်ဆောင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများ အတူမျှဝေခံစားရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Dugan က Citigroup အနေဖြင့် တရုတ်ဈေးကွက်တွင် ဆက်လက်ထဲထဲဝင်ဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးအားဖြည့်သွားလိုကြောင်း၊ Security၊ Futures၊ Derivatives စသည့် ကဏ္ဍများကို အဓိကထား၍ တရုတ်နိုင်ငံတွင် သက်ဆိုင်ရာလုပ်ငန်းအသစ်များကို တက်ကြွစွာ ခင်းကျင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Schwartz က Carlyle Group အနေဖြင့် တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှု အနာဂတ်အလားလာကို အကောင်းမြင်ကြောင်း၊ တရုတ်နိုင်ငံနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများ အားထားလုပ်ဆောင်သွားလိုပြီး တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းအသစ်များကို စဉ်ဆက်မပြတ် တိုးချဲ့သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် Carlyle Group အမှုဆောင်အရာရှိချုပ် Harvey Schwartz တို့ မေ ၂၃ ရက်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
————————
(Chinese Version)
何立峰分别会见美国花旗集团董事长杜颂安、凯雷投资集团首席执行官施瓦茨
新华社北京5月23日电(记者董雪)中共中央政治局委员、国务院副总理何立峰5月23日上午在人民大会堂分别会见美国花旗集团董事长杜颂安、凯雷投资集团首席执行官施瓦茨。
何立峰表示,当前中国经济运行延续回升向好态势,一、二、三产业的发展潜力都在持续释放,高质量发展扎实推进,展现出强大韧性和活力。中国正着力构建全国统一大市场,坚定不移扩大高水平对外开放,持续对标国际高标准经贸规则,不断优化营商环境,大力鼓励外商投资,为跨国公司在华长期稳定发展提供广阔空间。欢迎包括花旗、凯雷在内的外资金融机构来华投资兴业,共同参与中国资本市场建设,深化对华合作,共享发展机遇。
杜颂安表示,花旗将继续深耕中国市场,愿进一步加强对华投资合作,围绕证券、期货、金融衍生品等领域在华积极布局相关新业务。施瓦茨表示,凯雷看好中国经济发展前景,愿致力于对华长期合作,不断扩大在华投资新布局。(完)
1. 5月23日,中共中央政治局委员、国务院副总理何立峰在北京人民大会堂会见美国花旗集团董事长杜颂安。 新华社记者 岳月伟 摄
2. 5月23日,中共中央政治局委员、国务院副总理何立峰在北京人民大会堂会见美国凯雷投资集团首席执行官施瓦茨。 新华社记者 岳月伟 摄