Connect with us

China

တရုတ်-CEEC ကုန်စည်ပြပွဲ၏ သွင်းကုန်ဝယ်ယူမှု အမှာစာပမာဏ ယွမ် တစ်ဆယ်ဘီလီယံကျော်ရှိ

“ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEEC) ဒစ်ဂျစ်တယ်နှင့် စမတ်ထုတ်လုပ်ရေး” ပြခန်းတွင် လူပုံစံတူစက်ရုပ်နှင့် အပြန်အလှန် လှုပ်ရှားနေသည်ကို မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မေ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်တွင်းနှင့်ပြည်ပ ကျွမ်းကျင်ဝယ်ယူသူကုန်သည် အရေအတွက် အကြိမ်ရေ ၁၇,၀၀၀ ကျော်ရှိကာ ပြပွဲကာလအတွင်း သွင်းကုန်ဝယ်ယူမှု အမှာစာပမာဏ ယွမ် တစ်ဆယ်ဘီလီယံကျော်ခြင်း၊ ဉာဏ်ရည်တု၊ အဆင့်မြင့်စက်ပစ္စည်း ထုတ်လုပ်မှု စသည့် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကဏ္ဍ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၄ ခုအတွက် လက်မှတ်ရေးထိုးခြင်း၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လှုပ်ရှားမှု အခမ်းအနားများက ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ပေါင်း ၂၅၀,၀၀၀ ပါဝင်ရန် ဆွဲဆောင်နိုင်ခဲ့ခြင်း …
စတုတ္ထအကြိမ်မြောက် တရုတ်-ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEEC) ကုန်စည်ပြပွဲ၊ နိုင်ငံတကာ စားသုံးကုန်ပစ္စည်း ကုန်စည်ပြပွဲသည် မေ ၂၅ ရက်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၌ ကျင်းပပြီးစီးခဲ့သည်။ ယခုအကြိမ်ပြပွဲတွင် တရုတ်နိုင်ငံနှင့် CEEC နိုင်ငံများ၏ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ၏ ပြည့်ဝသောရလဒ်ကို ဘက်စုံဖော်ပြလိုက်သည်။
ယခုအကြိမ်ပြပွဲတွင် စီးပွားရေးနှင့် ကုန်သွယ်ရေး “မိတ်ဆွေအသိုင်းအဝိုင်း” တိုးချဲ့ခဲ့ပြီး ပါဝင်ပြသသည့် နိုင်ငံများလည်း ဘက်စုံတိုးချဲ့လိုက်ကြောင်း မိတ်ဆက်မှုအရ သိရသည်။ ယခုအကြိမ်ပြပွဲတွင် CEEC နိုင်ငံပေါင်း ၁၄ နိုင်ငံနှင့် ကမ္ဘာတစ်ဝန်း နိုင်ငံနှင့်ဒေသပေါင်း ၁၂၀ မှ လုပ်ငန်းကုမ္ပဏီများ ပါဝင်ပြသရန် ဆွဲဆောင်နိုင်ခဲ့သည်။ ပြခန်းဧရိယာသည် စတုရန်းမီတာ ၈၀,၀၀၀ ရှိပြီး ပါဝင်ပြသသည့် လုပ်ငန်းကုမ္ပဏီပေါင်း ၁,၅၀၀ နီးပါးရှိကာ ကျွမ်းကျင်ဝယ်ယူသူကုန်သည် အကြိမ်ရေ ၁၇,၀၀၀ ကျော်ရှိသည်။ ၎င်းအနက် ပြည်ပဝယ်ယူသူကုန်သည်မှာ ၄,၀၀၀ နီးပါးရှိပြီး အရွယ်အစားမှာ ယခင်အကြိမ်ပြပွဲများအနက် စံချိန်တင်နိုင်ခဲ့သည်။
ပထမဆုံးအကြိမ် ခင်းကျင်းပြသသည့် “ဥရောပ အလယ်ပိုင်းနှင့်အရှေ့ပိုင်းနိုင်ငံများ (CEEC) ဒစ်ဂျစ်တယ်နှင့် စမတ်ထုတ်လုပ်ရေး” ပြခန်းတွင် ဉာဏ်ရည်တုနှင့် စက်ရုပ်ကဏ္ဍမှ ဦးဆောင်ကုမ္ပဏီများ ၃၇ ခုကို စုစည်းထားပြီး ဟန်ဂေရီမှ VR နည်းပညာ၊ ဆလိုဗက်ကီးယားမှ ပျံသန်းရေးပုံတူပြုစက်၊ ဆလိုဗေးနီးယားမှ လင်းနို့လေယာဉ်ပျံ စသည့် CEEC သိပ္ပံနည်းပညာ ထုတ်ကုန်များကို တစ်စုတစ်စည်းတည်း မိတ်ဆက်ပေးခဲ့သည်။
ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုအား အရည်အသွေးမြှင့်ခြင်း၊ ပါဝင်မှုတိုးချဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြပွဲကျင်းပစဉ်ကာလအတွင်း ဝယ်ယူမှုလက်မှတ်ရေးထိုးခြင်း၊ ကုန်သွယ်မှုမြှင့်တင်ခြင်း စသည့် အခမ်းအနားပေါင်း ၈၀ ကျော် ကျင်းပခဲ့ရာ သွင်းကုန်ဝယ်ယူမှု အမှာစာပမာဏသည် ယွမ် ၁၀.၉၈ ဘီလီယံ ရှိခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်များ သိသာထင်ရှားပြီး စီမံကိန်း ၂၄ ခု လက်မှတ်ရေးထိုးခဲ့ကာ ၎င်းအနက် ဉာဏ်ရည်တု၊ အဆင့်မြင့်စက်ပစ္စည်း ထုတ်လုပ်မှု၊ ဇီဝဆေးပညာ စသည့် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကဏ္ဍများ ပါဝင်သည်။
စနစ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် တိုးချဲ့ရေးအပိုင်းတွင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ စဉ်ဆက်မပြတ် ပြည့်စုံလာခဲ့သည်။ ၎င်းအနက် နိုင်ငံတော် အကောက်ခွန်စစ်ဆေးမှုနှင့် ပိုးမွှားရောဂါ ကင်းရှင်းရေး စစ်ဆေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွင် ဘူလ်ဂေးရီးယား၊ ခရိုအေးရှားတို့နှင့် စိုက်ပျိုးရေးနှင့် စားသုံးကုန်ပစ္စည်း တင်သွင်းခွင့်ပြုရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ပြီး နိုင်ငံဖြတ်ကျော် အချက်အလက် အတူမျှဝေသည့် ယန္တရားကို ထူထောင်ခဲ့သည်။ တရုတ်-ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEEC) စိုက်ပျိုးရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အဖွဲ့ချုပ် ဆက်သွယ်ရေးရုံးကို တရုတ်နိုင်ငံ နင်းပေါမြို့၌ထားရှိသွားမည်ဖြစ်ပြီး CEEC နိုင်ငံ ထုတ်ကုန်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရေးအတွက် အမျိုးစုံလင်သောလမ်းကြောင်း ပံ့ပိုးပေးသွားမည်ဖြစ်ပေသည်။ (Xinhua)

“ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEEC) ဒစ်ဂျစ်တယ်နှင့် စမတ်ထုတ်လုပ်ရေး” ပြခန်းတွင် တရုတ်နိုင်ငံ ကျဲ့ကျန်း လူပုံစံတူစက်ရုပ် ဆန်းသစ်တီထွင်မှုစင်တာ ဝန်ထမ်းများက လက်လီရောင်းချရေး စက်ရုပ်တစ်မျိုးအား ပြသနေသည်ကို‌ မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
中东欧博览会进口采购订单超百亿元
新华社杭州5月25日电(记者魏董华)国内外专业采购商数量达1.7万人次,实现展期进口采购订单超100亿元;签约人工智能、高端装备制造等新质生产力领域投资项目24个;人文交流活动吸引超25万境内外游客参与体验……25日,第四届中国—中东欧国家博览会暨国际消费品博览会在浙江宁波落下帷幕,本届博览会全方位展现了中国与中东欧国家经贸合作与人文交流的丰硕成果。
据介绍,本届博览会经贸“朋友圈”扩容,参展国别全面扩围。本届博览会吸引了中东欧14国及全球120个国家和地区的企业参展,展览面积达8万平方米,参展企业近1500家,专业采购商超1.7万人次,其中境外采购商约4000人,规模创历届新高。首次设立的“数智中东欧”展区汇聚37家人工智能及机器人领域领军企业,匈牙利VR科技、斯洛伐克飞行模拟器、斯洛文尼亚蝙蝠飞机等多种中东欧科技产品集中亮相。
在经贸合作提质扩容方面,展会期间举办采购签约、贸易促进等活动80余场,进口采购订单金额达109.8亿元。投资领域合作成果显著,签约项目24个,涉及人工智能、高端装备制造、生物医药等新质生产力领域。
在机制性合作深化拓展方面,多领域合作机制持续完善。其中,国家海关检验检疫合作对话会上与保加利亚、克罗地亚达成农食产品准入协议,建立跨国信息共享机制。中国—中东欧国家农业合作促进联合会联络处落地宁波,为中东欧国家产品进入中国市场提供多元化渠道支持。(完)
图说1:5月22日,观众在“数智中东欧”展区与人形机器人互动。新华社记者 江汉 摄
图说2:5月22日,浙江人形机器人创新中心工作人员在“数智中东欧”展区展示一款零售机器人。新华社记者 黄宗治 摄