Connect with us

Europe

အမေရိကန်၏ ပိတ်ဆို့တားမြစ်မှုစာရင်းတွင် ရုရှားနိုင်ငံသား ၂၄၅ ဦး နှင့် လုပ်ငန်းအရေအတွက် ၄၃၉ခု အထိရှိလာကြောင်း ရုရှားထုတ်ပြန်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ/AFP)

မော်စကို၊ မေ ၂၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မှ အကြီးအရာရှိတစ်ဦးက ယခုလက်ရှိတွင် အမေရိကန်နိုင်ငံမှ ပိတ်ဆို့တားမြစ်ထားသည့် ရုရှားနိုင်ငံသား ၂၄၅ ဦး နှင့် လုပ်ငန်းအရေအတွက် ၄၃၉ခု ရှိကြောင်း မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၁ခုနှစ်မှ စ၍ အမေရိကန်ပြည်ထောင်စု သည် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့တားမြစ်မှု ၅၂ကြိမ် ပြုလုပ်ခဲ့ကြောင်း မြောက်အမေရိကဆိုင်ရာဝန်ကြီးဌာန ၏ ညွှန်ကြားရေးမှူး Georgy Borisenko က ရုရှားအထက်လွှတ်တော် တွင်ပြုလုပ်သော နိုင်ငံခြားရေးရာကော်မတီ အစည်းအဝေးပွဲ၌ပြောကြားခဲ့သည်။

ကော်မတီသည် မကြာသေးမီက အောက်လွှတ်တော်မှ အတည်ပြုလိုက်သော အမေရိကန်နိုင်ငံ နှင့် ၎င်း၏ မဟာမိတ်များကပြုလုပ်ခဲ့သော ပိတ်ဆို့တားမြစ်မှုများကို တုံ့ပြန်သည့် ပိတ်ဆို့တားမြစ်မှုများပြုလုပ်ရန် သမ္မတ ဗလာဒီမာပူတင် အား အခွင့်အာဏာပေးအပ်မည့် ဥပဒေတစ်ခုအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အထက်လွှတ်တော်သည် မေ ၃၀ ရက်တွင် ပြုလုပ်မည့် မျက်နှာစုံညီအစည်းအဝေးပွဲ၌ ယင်း ဥပဒေကြမ်းအား ဆန်းစစ်ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါဥပဒေကြမ်းအား ပြဋ္ဌာန်းရန် သမ္မတ ပူတင်က လက်မှတ်ရေးထိုးခြင်းမပြုခင် အထက်လွှတ်တော်က အတည်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.