Connect with us

Europe

အီရန်နျူကလီးယားသဘောတူညီချက်သည် အီးယူ၏လုံခြုံရေးအကျိုးစီးပွားနှင့် သက်ဆိုင်သည်ဟု Federica Mogherini က ဆို

Federica Mogherini အား သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဘရပ်ဆဲလ်၊ မေ ၂၉ ရက်(ဆင်ဟွာ)

အီရန်နျူကလီးယားသဘောတူညီချက်သည် ဥရောပသမဂ္ဂ(အီးယူ)၏လုံခြုံရေးအကျိုးစီးပွားနှင့် ဆက်စပ်နေသည်ဟု အီးယူ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

မေလ ၂၈ ရက်တွင် ကျင်းပသည့် အီးယူနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် အီရန်နျူကလီးယား သဘောတူညီချက်၊ ဂါဇာ၊ ဆီးရီးယားစသည့် ပြဿနာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆွေးနွေးပွဲပြီးနောက် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌် အီးယူက အီရန်အား ပေးသည့် စီးပွားရေးကတိကဝတ်များနှင့်ပတ်သက်၍ မေးမြန်းရာတွင် Federica Mogherini က အီရန်နျူကလီးယားသဘောတူညီချက်ကို ထိန်းသိမ်းရခြင်းမှာ စီးပွားရေးအကျိုးအမြတ်ကြောင့် မဟုတ်ဘဲ လုံခြုံရေးအကျိုးစီးပွားကြောင့် ဖြစ်ကြောင်း ၊ အကယ်၍ ၎င်းသဘောတူညီချက် ပျက်ပြားသွားပါက အီးယူနှင့်ဒေသလုံခြုံရေး အန္တရာယ်ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

အီရန်နျူကလီးယားသဘောတူညီချက်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်နှင့်သက်ဆိုင်ရာ နိုင်ငံ ၆ နိုင်ငံ(အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ဂျာမနီ)တို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသဘောတူညီချက်တွင် အီရန်သည် ၎င်းနျူကလီးယားအစီအစဉ်များကို ထိန်းချုပ်ကန့်သတ်သွားမည်ဟု ကတိကဝတ်ပြုခဲ့သည်။တစ်ချိန်တည်းမှာပင် အီရန်သည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချခွင့်ရရှိခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်အပေါ် ပိတ်ဆို့မှုများကိုလည်း ဖျက်သိမ်းခဲ့သည်။

မေ ၈ ရက်တွင် ထရန့်က အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး သဘောတူညီချက်အရ လွတ်ငြိမ်းခွင့်ပေးထားသော ပိတ်ဆို့မှုများကို ပြန်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.