Connect with us

Europe

စပိန် အနောက်မြောက်ပိုင်းတွင် မီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူများရှိ

စပိန်ရှိ ဓာတုစက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

မက်ဒရစ် ၊ မေ ၂၄ ရက်(ဆင်ဟွာ)

စပိန်နိုင်ငံ အနောက်မြောက်ပိုင်း Galicia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Tui မြို့တွင် မေလ ၂၃ ရက်က မီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအစိုးရ၏ သတင်းများအရ သိရသည်။

အဆိုပါပေါက်ကွဲမှုမှာ မီးပန်းစက်ရုံ၏ဂိုဒေါင်တစ်ခုမှ စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဂိုဒေါင်နံဘေးတွင် လူနေအိမ်အချို့ရှိသောကြောင့် လူနေအိမ် ၁၀ လုံးကျော် မီးကူးစက် လောင်ကျွမ်း ပျက်စီးခဲ့ကြောင်း မီဒီယာများမှတစ်ဆင့် သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် မီးပန်းစက်ရုံအခြေအနေကို မသိရသေးကြောင်း၊ အစိုးရအနေဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ၎င်းနေရာရှိ မီးပန်းစက်ရုံတစ်ခုကို ချိတ်ပိတ်ခဲ့ကြောင်း Tuiမြို့အစိုးရဌာနက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.