Connect with us

China

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ရလဒ်ဖော်ဆောင်ရေး ညှိနှိုင်းသူများ ဝန်ကြီးအဆင့် အစည်းအဝေး တရုတ်နိုင်ငံ ချန်ရှားမြို့တွင် ကျင်းပ

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ရလဒ်ဖော်ဆောင်ရေး ညှိနှိုင်းသူများ ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇွန် ၁၁ ရက်က တရုတ်နိုင်ငံ ဟူနန်ပြည်နန် ချန်ရှားမြို့၌ ကျင်းပစဉ် (ဆင်ဟွာ)

ချန်ရှား၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ရလဒ်ဖော်ဆောင်ရေး ညှိနှိုင်းသူများ ဝန်ကြီးအဆင့် အစည်းအဝေးကို ဇွန် ၁၁ ရက်က တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့တွင် ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး သမ္မတ ရှီကျင့်ဖိန်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သလို ဖိုရမ်၏ အာဖရိကဘက် ပူးတွဲဥက္ကဋ္ဌနိုင်ငံ ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံခြားရေးဝန်ကြီး Jean-Claude Gakosso က သမ္မတ Sassou Nguesso ၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဖိုရမ်အဖွဲ့ဝင် နိုင်ငံများမှ ဝန်ကြီးအဆင့်အရာရှိ ၁၀၀ ကျော်၊ အာဖရိကသမဂ္ဂကော်မရှင် ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံဆိုင်ရာ အာဖရိကနိုင်ငံများမှ သံတမန်များ စသည်တို့ တက်ရောက်ခဲ့ကြသည်။

ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အာဖရိက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၏ အရေးကြီးအနက်အဓိပ္ပာယ်ကို နက်ရှိုင်းစွာ ရှင်းလင်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အာဖရိကအပေါ် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်သည့် အရေးကြီးအစီအမံများကို တစ်ဆင့်တိုးချဲ့သွားမည်ဟု ကြေညာခဲ့ရာ တရုတ်-အာဖရိက နှစ်ဖက် လက်တွဲ၍ ခေတ်မီအသွင်ပြောင်းမှု တွန်းအားပေးရေး၊ ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အရေးကြီးလမ်းညွှန်မှုကို ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ယမန်နှစ် စက်တင်ဘာလတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သည် ပေကျင်းထိပ်သီးအစည်းအဝေးပွဲ ကျင်းပခဲ့ရာ တရုတ်-အာဖရိက အေးအတူ ပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ရေး ခရီးစဉ်သစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်-အာဖရိက နှစ်ဖက်အနေဖြင့် ထိပ်သီးအစည်းအဝေး သဘောတူညီချက်များကို ဦးတည်ချက်ထားပြီး “မိတ်ဖက်လှုပ်ရှားမှုကြီး ၁၀ ရပ်” ကို တက်ကြွစွာ ဖော်ဆောင်ခဲ့ရာ ဝမ်းမြောက်ဖွယ် တိုးတက်မှုအသစ်များ ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတကာအခြေအနေ ပြောင်းလဲရှုပ်ထွေးရောယှက်လာလေ တရုတ်-အာဖရိကသည် စည်းလုံးညီညွတ်စွာ ကိုယ်ပိုင်အင်အား တောင့်တင်းအောင် ဆောင်ရွက်ရမည်လေ ဖြစ်ကြောင်း ဝမ်ရိက အလေးထား ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် အပြန်အလှန် ဖေးမကူညီမှုကို လက်ကိုင်ထားကာ ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်မှု၏ ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပြည်ပတံခါးဖွင့်လှစ်မှုကို လက်ကိုင်ထားကာ နိုင်ငံတကာ လွတ်လပ်စွာ ကုန်သွယ်ရေး၏ ဦးဆောင်အဆိုပြုသူ အဖြစ် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို လက်ကိုင်ထားကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အတူတကွ လျှောက်လှမ်းသူအဖြစ် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ တရားမျှတ သမာသမတ်ကျမှုကို လက်ကိုင်ထားကာ နိုင်ငံတကာ တရားမျှတမှု စည်းစနစ်ကို ကာကွယ်ထိန်းသိမ်းသူအဖြစ် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ကူးလူးဖလှယ်၍ အပြန်အလှန် သင်ယူလေ့လာမှုကို လက်ကိုင်ထားကာ ကမ္ဘာ့ယဉ်ကျေးမှု စုံလင်ကြွယ်ဝရေး၏ မြှင့်တင်သူအဖြစ် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာဖရိကနိုင်ငံများကိုယ်စား Jean-Claude Gakosso က သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် “မိတ်ဖက်လှုပ်ရှားမှုကြီး ၁၀ ရပ်” ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ တရုတ်-အာဖရိက ၂၀၃၅ ခုနှစ် ပူးပေါင်းဆောင်ရွက်ရေး မျှော်မှန်းချက်ကို ထောက်ခံကြောင်း၊ ပေကျင်းထိပ်သီးအစည်းအဝေး၏ရလဒ်များကို ကောင်းမွန်စွာ ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ အာဖရိကအနေဖြင့် စည်းကြပ်ခွန်အလွဲသုံးမှု၊ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုကို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အခိုင်အမာရပ်တည်ကာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အဓွန့်ရှည်ပါစေ၊ တရုတ်-အာဖရိက စည်းလုံးညီညွတ်မှု ရေရှည်တည်တံ့ပါစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် “တရုတ်-အာဖရိက ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုအား ကာကွယ်ထိန်းသိမ်းရေး ချန်ရှား ကြေညာချက်” ကို ထုတ်ပြန်ခဲ့သည်။ (Xinhua)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ရလဒ်ဖော်ဆောင်ရေး ညှိနှိုင်းသူများ ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇွန် ၁၁ ရက်က တရုတ်နိုင်ငံ ဟူနန်ပြည်နန် ချန်ရှားမြို့၌ ကျင်းပစဉ် (ဆင်ဟွာ)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ရလဒ်ဖော်ဆောင်ရေး ညှိနှိုင်းသူများ ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇွန် ၁၁ ရက်က တရုတ်နိုင်ငံ ဟူနန်ပြည်နန် ချန်ရှားမြို့၌ ကျင်းပစဉ် (ဆင်ဟွာ)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ရလဒ်ဖော်ဆောင်ရေး ညှိနှိုင်းသူများ ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇွန် ၁၁ ရက်က တရုတ်နိုင်ငံ ဟူနန်ပြည်နန် ချန်ရှားမြို့၌ ကျင်းပစဉ် (ဆင်ဟွာ)

—————-
(Chinese Version)
中非合作论坛成果落实协调人部长级会议在长沙举行
新华社长沙6月11日电(记者朱超、席敏)中非合作论坛成果落实协调人部长级会议11日在湖南长沙举行。中共中央政治局委员、外交部长王毅出席开幕式并宣读习近平主席贺信,论坛非方共同主席国刚果(布)外长加科索宣读萨苏总统贺信,论坛成员国100多位部级官员、非盟委员会代表、非洲各国驻华使节等与会。
王毅说,习近平主席深刻阐释了中非团结合作的重要意义,宣布了中国进一步扩大对非开放合作的重要举措,为中非双方携手推进现代化、共筑新时代全天候中非命运共同体提供了重要指引。去年9月,论坛召开北京峰会,开启了中非共筑命运共同体的新征程。中非双方锚定峰会共识,积极落实“十大伙伴行动”,取得新的可喜进展。
王毅强调,国际形势越是变乱交织,中非越要团结自强。双方要坚持守望相助,做全球南方团结的维护者;坚持对外开放,做国际自由贸易的倡导者;坚持互利共赢,做全球发展合作的同行者;坚持公道正义,做国际公正秩序的捍卫者;坚持交流互鉴,做世界文明多样性的促进者。
加科索代表非洲国家表示,热烈欢迎习近平主席提出的“十大伙伴行动”,支持中非2035年合作愿景,愿落实好北京峰会成果。非方反对滥施关税、单边制裁,将同中方坚定站在一起,共同应对挑战。非中合作万岁!非中团结万岁!
会议发表《中非维护全球南方团结合作的长沙宣言》。(完)
1. 6月11日,中非合作论坛成果落实协调人部长级会议在湖南长沙举行。新华社记者 陈思汗 摄