China
ရှီကျင့်ဖိန်နှင့် ကာဇက်စတန်နိုင်ငံသမ္မတ တိုကာယက်ဗ် တွေ့ဆုံဆွေးနွေး

အက်စ်တာနာ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
ကာဇက်စတန်နိုင်ငံ သမ္မတ တိုကာယက်ဗ်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်တို့သည် အက်စ်တာနာမြို့ရှိ သမ္မတအိမ်တော်တွင် ဒေသစံတော်ချိန် ဇွန် ၁၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-ကာဇက်စတန် ဆက်ဆံရေးသည် နိုင်ငံတကာအပြောင်းအလဲများ၏ စမ်းသပ်မှုကို ဖြတ်သန်းကြရာတွင် အဆင့်မြင့်မားစွာလည်ပတ်မှုကို အစဉ်အမြဲ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ယင်းမှာ တောတောင်ရေမြေချင်းဆက်စပ်နေသည့် ပထဝီအနေအထားအားသာချက်နှင့် ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသည့် သမိုင်းအမွေဆက်ခံမှု၏ အကျိုးကျေးဇူးဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေးကို နှစ်နိုင်ငံအတူ ကြိုးပမ်းဖော်ဆောင်ရာတွင် မလွဲမသွေ ရွေးချယ်မှုလည်း ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ ယခုနှစ်များတွင် မိမိတို့အတူ အစီအစဉ်ရေးဆွဲမှုအောက်တွင် တရုတ်-ကာဇက်စတန် အေးအတူပူအမျှ အသိုက်အဝန်းသည် ပို၍ပြည့်စုံလာသလို အနက်အဓိပ္ပာယ်ပို၍ကြွယ်ဝလာကြောင်း၊ လက်တွေ့ကျသော ပြည်သူ့အကျိုးဖြစ်ထွန်းစေသည့်ရလဒ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာရာ နှစ်နိုင်ငံပြည်သူများ၏ ကျေနပ်ပြည့်စုံသည့်ခံစားချက်ကို အားကောင်းစွာ မြှင့်တင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-ကာဇက်စတန် ဆက်ဆံရေးကို မဟာဗျူဟာ မြင့်မားမှုနှင့် ရေရှည်ရှုထောင့်မှ အစဉ်အမြဲရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကာဇက်စတန်နိုင်ငံနှင့်အတူ တရုတ်-ကာဇက်စတန် ချစ်ကြည်ရင်းနှီးမှုကို မမှိတ်မသုန်ခိုင်မာစွာ ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-ကာဇက်စတန် ဆက်ဆံရေး၏ တည်ငြိမ်မှု အပြုသဘောစွမ်းအားဖြင့် ဒေသတွင်းသာမက ကမ္ဘာ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို၍များပြားသော အကျိုးကို ထမ်းဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-ကာဇက်စတန် နှစ်နိုင်ငံလုံးသည် ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေး၏ အရေးကြီးသည့်အဆင့်သို့ ရောက်ရှိနေရာ နှစ်နိုင်ငံအနေဖြင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးကို စိတ်တူကိုယ်တူ တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ပထမအနေဖြင့် အဆင့်မြင့် မဟာဗျူဟာ အရည်အချင်း အပြန်အလှန်ယုံကြည်မှုဖြင့် နှစ်ဖက်ဆက်ဆံရေးတိုးတက်အောင် ဦးဆောင်ရမည် ဖြစ်ကြောင်း၊ အပြန်အလှန် ဗဟိုအကျိုးစီးပွားနှင့် အရေးကြီး စိုးရိမ်ပူပန်မှုများတွင် ဆက်လက်၍ အပြန်အလှန် အခိုင်အမာ ထောက်ခံအားပေးရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချိတ်ဆက်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ရှုပ်ထွေးနေသည့်အခြေအနေအရပ်ရပ်တွင် အပြန်အလှန်၏ ခိုင်မာသော ကျောထောက်နောက်ခံအဖြစ် လုပ်ဆောင်ရမည် ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုတွင် အပြန်အလှန်၏ အကျိုးဖြစ်ထွန်းစေသော အထောက်အပံ့အင်အားအဖြစ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရည်အသွေးကို အဆင့်မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ စွမ်းအင် စသည့် သမားရိုးကျ ပူးပေါင်းဆောင်ရွက်မှုအားသာချက်များကို ခိုင်မာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ရထားလမ်းစီမံကိန်း တည်ဆောက်ရေးနှင့် အဝင်အထွက်ဂိတ်များ၏ အခြေခံအဆောက်အဦ ပြုပြင်တည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အပြန်အလှန်ချိတ်ဆက်မှုအဆင့်ကို မြှင့်တင်ရမည် ဖြစ်သလို အဆင့်မြင့်နည်းပညာသစ် ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရမည် ဖြစ်ပြီး အစိမ်းရောင်ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တတိယအနေဖြင့် လုံခြုံရေးကဏ္ဍ ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံ၏ အေးချမ်းတည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးကဏ္ဍ ဖလှယ်မှုများကို တိုးချဲ့ဆောင်ရွက်ကာ “အကြမ်းဖက်၊ ခွဲထွက်ရေးနှင့် အစွန်းရောက် အင်အားစုသုံးခု” ကို အတူတကွ တိုက်ဖျက်ရမည် ဖြစ်ကြောင်း၊ အရေးပေါ် စီမံခန့်ခွဲရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
စတုတ္ထအနေဖြင့် ကဏ္ဍစုံလင်သော လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးဖြင့် တရုတ်-ကာဇက်စတန် ချစ်ကြည်ရေးအခြေခံအုတ်မြစ်ကို ခိုင်မာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကာဇက်စတန်နိုင်ငံ “တရုတ်ခရီးသွားနှစ်” ကို ကောင်းမွန်စွာ ကျင်းပရမည် ဖြစ်သလို လူငယ်လူရွယ်၊ မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့အစည်းများ၊ ဒေသန္တရ ကူးလူးဖလှယ်မှုများကို အားဖြည့်ရန် အားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြောင်းလဲရှုပ်ထွေးရောယှက်နေသည့် နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် တရုတ်-ကာဇက်စတန် နှစ်ဖက်အနေဖြင့် ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေကို အခြေခံသော နိုင်ငံတကာစည်းစနစ်ကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သလို စစ်မှန်သည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဖော်ဆောင်ကာ ကျယ်ပြန့်များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ပြတ်ပြတ်သားသား ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့သည်။
ဒုတိယအကြိမ် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးအတွက် ကာဇက်စတန်နိုင်ငံက ပြင်ဆင်မှုလုပ်ငန်းများ အများအပြား လုပ်ဆောင်ခဲ့သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အထူးတန်ဖိုးထားချီးကျူးကြောင်း၊ ယခုအကြိမ်အစည်းအဝေးသည် တရုတ်နိုင်ငံနှင့် ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍသစ်ကို ရေးဆွဲနိုင်မည်ဟု ယုံကြည်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအသီးသီးနှင့်အတူ ယခုနှစ် ထျန်းကျင်းထိပ်သီးအစည်းအဝေးကို အခါအခွင့်အဖြစ် ထားရှိကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ခိုင်မာအားကောင်းစေရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး တိုးတက်မှုအသစ်၊ ထိုးဖောက်မှုအသစ်၊ အခြေအနေသစ်များကို ပြသသွားလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တိုကာယက်ဗ်က တရုတ်နိုင်ငံသည် ကာဇက်စတန်နိုင်ငံ၏ ချစ်ကြည်သော အိမ်နီးချင်းနိုင်ငံ၊ ရင်းနှီးသော မိတ်ဆွေနှင့် ယုံကြည်အားထားရသော မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကာဇက်စတန်-တရုတ် ထာဝရ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ရွှေရောင်ခေတ်သစ်ကို ဝင်ရောက်လျက်ရှိရာ နှစ်နိုင်ငံ လူမှုစီးပွား စဉ်ဆက်မပြတ်တိုးတက်ရေးအတွက် အထောက်အပံ့ပေးခဲ့သလို နှစ်ဖက်ပြည်သူများ၏အကျိုးစီးပွားကို ဖော်ဆောင်ခဲ့ရာ နိုင်ငံနှင့်နိုင်ငံများကြား ဆက်ဆံရေး၏ စံနမူနာဟုပင် ဆိုထိုက်ကြောင်း၊ ကာဇက်စတန်-တရုတ်တွင် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်သည့် ပြင်းပြသော နိုင်ငံရေးဆန္ဒ ရှိကြကြောင်း၊ အချုပ်အခြာအာဏာ၊ လုံခြုံရေး စသည့် အပြန်အလှန် ဗဟိုအကျိုးစီးပွားအရေးကိစ္စတွင် အစဉ်အမြဲ အပြန်အလှန်ထောက်ခံအားပေးကြရာ နိုင်ငံတကာအခြေအနေ ပြောင်းလဲမှု၏သက်ရောက်မှုဒဏ်ကို မခံရကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်၏ အမြော်အမြင်ကြီးမားသော ဦးဆောင်မှုအောက်တွင် ခေတ်သစ် တရုတ်ဝိသေသ လက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒလုပ်ငန်းသည် ကြီးမြတ်သော အောင်မြင်မှုများ ရရှိခဲ့ရာ ကာဇက်စတန်နိုင်ငံအနေဖြင့် အထူးပင် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပို၍ကြီးမားသော တိုးတက်အောင်မြင်မှုများကို စဉ်ဆက်မပြတ် ရရှိမည်ဟု အခိုင်အမာယုံကြည်ကြောင်း တိုကာယက်ဗ်က ပြောကြားခဲ့သည်။
ကာဇက်စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုနှင့် ဘက်စုံထောင့်စုံ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် လုပ်ဆောင်သွားလိုပြီး နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်သို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ”ကို အရည်အသွေးမြင့် အတူတည်ဆောက်မည် ဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ စက်မှု၊ လယ်ယာ၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားမည် ဖြစ်သလို ယဉ်ကျေးမှု၊ ပညာရေး၊ အားကစား၊ ခရီးသွား စသည့်ကဏ္ဍများ၏ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို နီးကပ်စွာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ တရားမျှတရေးနှင့် သမာသမတ်ကျရေးကို ကာကွယ်ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံ၏ တာဝန်ယူ ကြိုးပမ်းမှုများအပေါ် ကာဇက်စတန်နိုင်ငံက အထူးတန်ဖိုးထားချီးကျူးသလို တက်ကြွစွာ ထောက်ခံအားပေးပါကြောင်း၊ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၊ BRICS၊ တရုတ်-ဗဟိုအာရှ ယန္တရား၊ အာရှ အပြန်အလှန် ဆက်ဆံမှုနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ညီလာခံ (CICA) စသည့် နိုင်ငံစုံယန္တရားတွင် တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ထောက်ခံအားပေးမှုများ ဆက်လက် လုပ်ဆောင်ကာ နိုင်ငံတကာစည်းစနစ် ပို၍တရားမျှတ၊ ကျိုးကြောင်းဆီလျော်သည့် ဦးတည်ချက်သို့ တိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ သိပ္ပံနည်းပညာ၊ အကောက်ခွန်၊ ခရီးသွား၊ မီဒီယာ စသည့်ကဏ္ဍများ လွှမ်းခြုံပါဝင်သည့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု စာချုပ် ၁၀ ခုကျော် လဲလှယ်မှုကို မျက်မြင်သက်သေပြုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ချိုက်ချီ၊ ဝမ်ရိ စသည်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

ကာဇက်စတန်နိုင်ငံ သမ္မတ တိုကာယက်ဗ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်တို့ အက်စ်တာနာမြို့ရှိ သမ္မတ အိမ်တော်တွင် ဒေသစံတော်ချိန် ဇွန် ၁၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
————————–
(Chinese Version)
习近平同哈萨克斯坦总统托卡耶夫会谈
新华社阿斯塔纳6月16日电(记者倪四义 胡晓光)当地时间6月16日下午,哈萨克斯坦总统托卡耶夫同中国国家主席习近平在阿斯塔纳总统府举行会谈。
习近平指出,中哈关系历经国际风云变幻的考验,始终保持高水平运行,这得益于山水相连的地缘优势和世代友好的历史传承,也是两国共谋发展的必然选择。近年来,在我们共同擘画下,中哈命运共同体成色更足、内涵更丰富,实打实、惠民生的成果持续涌现,有力提升了两国人民的获得感。中方始终从战略高度和长远角度看待和发展中哈关系,愿同哈方一道,坚定不移巩固中哈友好,以中哈关系的稳定性和正能量为地区乃至世界和平和发展作出更多贡献。
习近平强调,中哈都处在各自发展振兴的关键阶段,两国要齐心协力推进全方位合作。一要以高水平战略互信引领双边关系发展,在涉及彼此核心利益和重大关切问题上继续坚定相互支持,推进发展战略对接,在乱云飞渡中做彼此坚强的后盾,在发展振兴中做彼此有益的助力。二要以高质量共建“一带一路”促进两国合作提质升级,巩固贸易、投资、能源等传统合作优势,推进跨境铁路项目建设和口岸基础设施改造,提升互联互通水平,拓展高新技术合作,推动绿色可持续发展。三要以全方位安全合作维护两国和平安宁,扩大执法安全和防务交流,共同打击“三股势力”,深化应急管理和防灾减灾合作。四要以多元化人文交流夯实中哈友好根基,办好哈萨克斯坦“中国旅游年”,鼓励青年、媒体、智库、地方加强交流。
习近平指出,面对变乱交织的国际形势,中哈双方要坚定维护以联合国为核心的国际体系和以国际法为基础的国际秩序,践行真正的多边主义,旗帜鲜明维护广大发展中国家共同利益。中方高度评价哈萨克斯坦为第二届中国-中亚峰会所做大量筹备工作,相信这次会议将书写中国同中亚合作新篇章。同时,作为上海合作组织轮值主席国,中国愿同各成员国一道,以今年天津峰会为契机,做实做强上海合作组织,展现新发展、新突破、新气象。
托卡耶夫表示,中国是哈萨克斯坦的友好邻邦、亲密朋友和可信赖伙伴。哈中永久全面战略伙伴关系正进入新的黄金时代,助力两国经济社会可持续发展,造福双方人民,堪称国与国关系的典范。哈中有着加强合作的强烈政治意愿,在主权、安全等涉及彼此核心利益问题上始终相互支持,不受国际局势变化影响。在习近平主席英明领导下,新时代中国特色社会主义事业取得伟大成就,哈方由衷感到高兴,坚信中国将不断取得更大发展成就。哈方愿同中方深化战略互信和全方位互利合作,将两国关系提升到新水平。两国要高质量共建“一带一路”,拓展贸易、投资、工业、农业、能源、交通等领域合作,密切文化、教育、体育、旅游等领域人文交流。哈方高度评价并积极支持中国维护国际公平正义的担当努力,愿同中方在联合国、上海合作组织、金砖、中国-中亚机制、亚信等多边机制中继续密切合作、相互支持,推动国际秩序朝着更加公正合理的方向发展。
会谈后,两国元首共同见证双方交换10余份双边合作文件,涵盖贸易、投资、科技、海关、旅游、媒体等领域。
蔡奇、王毅等参加上述活动。(完)
1. 当地时间6月16日下午,哈萨克斯坦总统托卡耶夫同中国国家主席习近平在阿斯塔纳总统府举行会谈。这是两国元首步入总统府。 新华社记者 丁林 摄
2. 当地时间6月16日下午,哈萨克斯坦总统托卡耶夫同中国国家主席习近平在阿斯塔纳总统府举行会谈。 新华社记者 黄敬文 摄