Politics, Law & Military
သမ္မတရှီက SCO အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှု နှင့် အပြန်အလှန် ယုံကြည်မှုရှိရန် ပြောကြား
ချင်းသောင် ၊ ဇွန် ၁ဝ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှု နှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်သွားကြရန် ယနေ့ဇွန်လ ၁ဝ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
၁၈ ကြိမ်မြောက် SCO အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များကောင်စီ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် သမ္မတရှီက ချင်းသောင်ကြေညာချက် နှင့် ကာလရှည် အိမ်နီးချင်းကောင်း ၊ မိတ်ဖက် နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် SCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြည့်အဝ အကောင်အထည်ဖော်သင့်ကြောင်း ပြောကြားခဲ့သည်။
SCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဘုံစိုးရိမ်ဖွယ်ရာကိစ္စရပ်များ နှင့် တစ်ဦးချင်းစီ၏ အရေးပါသော အကျိုးစီးပွားများကို လိုက်လျောညီထွေးဆောင်ရွက်သွားရန် နှင့် ဖွံ့ဖြိုးရေးအစိတ်အပိုင်းများတွင် တစ်ဦး နှင့် တစ်ဦး အပြန်အလှန်လေးစားသွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။
“ ကွဲပြားခြားနားမှုတွေကို ညှိနှိုင်းပြီး ဘုံသဘောတူညီမှုကို ရှေးရှုလို့ စည်းလုံးညီညွတ်မှု နဲ့ဟန်ချက်ညီမှုကို တွန်းအားပေးသွားရပါမယ် ၊ တစ်ဦး နဲ့တစ်ဦး အပြန်အလှန် နားလည်မှုကို တိုးမြှင့်လုပ်ဆောင်သွားသင့်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)