China
သမ္မတ ရှီက ဂျပန်၏ ကျူးကျော်မှု၊ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မည်

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက ပေကျင်းမြို့လယ်ရှိ ထျန်းအန်းမင်ရင်ပြင်တွင် စက်တင်ဘာ ၃ ရက်၌ ကျင်းပမည့် အဆိုပါ အခမ်းအနားတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Xi to attend gathering marking 80th anniversary of victory against Japanese aggression, fascism
BEIJING, June 24 (Xinhua) — Chinese President Xi Jinping will attend a gathering marking the 80th anniversary of the victory in the Chinese People’s War of Resistance Against Japanese Aggression and the World Anti-Fascist War.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, will deliver a speech at the gathering, which is set to be held on Sept. 3 in Tian’anmen Square, downtown Beijing.