Connect with us

China

ရှီကျင့်ဖိန်နှင့် ဆီနီဂေါနိုင်ငံ ဝန်ကြီးချုပ် Ousmane Sonko တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံသို့လာရောက်၍ နွေရာသီဒါဗို့စ်ဖိုရမ် တက်ရောက်သော ဆီနီဂေါနိုင်ငံ ဝန်ကြီးချုပ် Ousmane Sonko တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က မိမိအနေဖြင့် ယမန်နှစ် စက်တင်ဘာလက သမ္မတ Bassirou Diomaye Faye နှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေးကို အတူတကွကြီးမှူးကျင်းပခဲ့ရာ တရုတ်-အာဖရိကဆက်ဆံရေးအား ခေတ်သစ် အချိန်အခါမရွေး အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ခြင်း အဆင့်သစ်သို့ ဝင်ရောက်ရန် ဦးဆောင်ခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။

တရုတ်-ဆီနီဂေါ နှစ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် တစ်လမ်းတည်းလျှောက်လှမ်းသူ၊ ညီအစ်ကိုကောင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆီနီဂေါနိုင်ငံနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တရုတ်-ဆီနီဂေါ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစွာတွန်းအားပေးဖော်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသည့် အကျိုးစီးပွားများ သယ်ဆောင်လာပေးကာ တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးမှုနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုများပြားသည့်တွန်းအားများ ဖြည့်တင်းပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-ဆီနီဂေါ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်က လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းလျှောက်လှမ်းမှုကို ထောက်ခံအားပေးရန်၊ ပါတီများအကြား သွားလာဆက်ဆံမှုနှင့် နိုင်ငံစီမံခန့်ခွဲရေးကဏ္ဍ ကူးလူးဖလှယ် အပြန်အလှန် လေ့လာသင်ယူမှုကို မြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုအခြေခံကို အဆက်မပြတ်ခိုင်မြဲစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဆီနီဂေါနိုင်ငံနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ တရုတ်-အာဖရိက “မိတ်ဖက်လှုပ်ရှားမှု ၁၀ ရပ်” ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ပြီး ပိုမိုများပြားသော ပြည်သူ့အကျိုးပြုစီမံကိန်းများ ဖော်ဆောင်သွားလိုကြောင်း၊ ဆီနီဂေါနိုင်ငံ၏ စွမ်းအင်သစ်၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦ တည်ဆောက်မှု စသည့်ကဏ္ဍများ ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်လုပ်ငန်းကုမ္ပဏီများပါဝင်ရန် အားပေး၍ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော မိတ်ဖက်အဖြစ် လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားဃဲ့သည်။

တရုတ်-ဆီနီဂေါ နိုင်ငံတို့၏ ယဉ်ကျေးမှုတို့သည် ကိုယ်စီထူးခြားချက်များ ရှိကြကြောင်း၊ ၂၀၂၆ ခုနှစ် “တရုတ်-အာဖရိက ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုနှစ်” အခါအခွင့်ကြုံခိုက် လူပုဂ္ဂိုလ်များ သွားလာဆက်ဆံမှုကို နီးကပ်စွာဖော်ဆောင်ပြီး ယဉ်ကျေးမှု၊ ပညာရေး၊ ခရီးသွားလာမှု၊ အားကစား၊ လူငယ် စသည့် ကဏ္ဍများတွင် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ ရင်းနှီးမှုကို အဆက်မပြတ် တိုးမြှင့်၍ ယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူသည့် မိတ်ဆွေများအဖြစ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်အား ခိုင်မာစွာ ကာကွယ်စောင့်ရှောက်၍ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့အကောင်အထည်ဖော်ကာ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်ကို လက်ကိုင်ထားခြင်းဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် စည်ပင်ဝပြောမှု တိုးတက်လာရန် အတူတကွ မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ousmane Sonko က သမ္မတ Bassirou Diomaye Faye ၏ သမ္မတ ရှီကျင့်ဖိန်အပေါ် ရင်းနှီးစွာနှုတ်ခွန်းဆက်မှုကို တစ်ဆင့်ပြောကြားခဲ့သည်။

Ousmane Sonko က တရုတ်နိုင်ငံသည် ဆီနီဂေါနိုင်ငံ၏ ယုံကြည်အားထားရသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း၊ ဆီနီဂေါ-တရုတ် နှစ်ဖက်သည် အစဉ်အမြဲ အပြန်အလှန်လေးစား၍ စည်းလုံးညီညွတ်စွာ အပြန်အလှန် ဖေးမကူညီကြောင်း၊ နှစ်ဖက်ဆက်ဆံရေးသည် တည်ငြိမ်ခိုင်မြဲလျက်ရှိပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေများ ကောင်းမွန်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆီနီဂေါနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်မှုကို တွန်းအားပေးလိုကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင် စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို နီးကပ်စွာဖော်ဆောင်ပြီး ဆီနီဂေါနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလိုကြောင်း ၎င်းကပြောကြားခဲ့သည်။

ဆီနီဂေါ-တရုတ် နှစ်နိုင်ငံလုံးသည် ကမ္ဘာ့တောင်ဘက်ခြမ်း အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး တူညီသည့် တန်ဖိုးဖော်ဆောင်ချက်များရှိကြောင်း၊ ဆီနီဂေါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာနှင့် ဒေသ ကိစ္စရေးရာများတွင် နီးကပ်စွာ တွဲဖက်လုပ်ဆောင်ပြီး တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ခိုင်မြဲစွာလုပ်ဆောင်ကာ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို အတူတကွ မြှင့်တင်ခြင်းဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အထက်ပါတွေ့ဆုံဆွေးနွေးမှုသို့ ဝမ်ရိ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————-
(Chinese Version)
习近平会见塞内加尔总理松科
新华社北京6月27日电(记者邵艺博)6月27日上午,国家主席习近平在北京人民大会堂会见来华出席夏季达沃斯论坛的塞内加尔总理松科。
习近平指出,去年9月,我同法耶总统一道主持中非合作论坛北京峰会,引领中非关系进入共筑新时代全天候命运共同体的新阶段。中塞两国是发展振兴的同路人、好兄弟。中方愿同塞方加强团结合作,深入推进中塞全面战略合作伙伴关系,为两国人民带来更多福祉,为中非友好和全球南方合作注入更多动力。
习近平强调,中塞双方要坚定支持彼此走独立自主的发展道路,加强党际交往和治国理政交流互鉴,不断夯实政治互信根基。中方愿同塞方密切合作,落实好中非“十大伙伴行动”,实施更多惠民工程,鼓励中国企业参与塞内加尔新能源、数字基础设施建设等领域投资,做合作共赢的伙伴。中塞文化各具特色,要以2026年“中非人文交流年”为契机,密切人员交往,加强文化、教育、旅游、体育、青年等领域交流合作,不断拉近两国人民距离,做文明互鉴的朋友。双方要坚定捍卫以联合国为核心的国际体系,践行真正的多边主义,坚持共商共建共享的全球治理观,共促世界和平繁荣进步。
松科转达法耶总统对习近平主席的诚挚问候。松科表示,中国是塞内加尔可靠的合作伙伴,塞中双方始终相互尊重、团结互助,双边关系稳定坚韧,各领域合作进展良好。塞方坚定奉行一个中国原则,期待同中方深化全面战略合作伙伴关系,推进共建“一带一路”,密切贸易、投资、能源等领域合作,助力塞经济社会发展。塞中两国都是全球南方成员,有着共同的价值追求,塞方愿同中方在国际地区事务中密切配合,坚定做中国的战略伙伴,共同促进国际公平正义,维护全球南方共同利益。
王毅参加会见。(完)
图说:6月27日上午,国家主席习近平在北京人民大会堂会见来华出席夏季达沃斯论坛的塞内加尔总理松科。 新华社记者 丁林 摄