Media
နေမာက ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်အတွက် အလွန်အရေးပါ
ရီယိုဒီဂျနေးရိုး၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
နေမာအနေဖြင့် လာမည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင့်ဖြစ်အောင် အာရုံစိုက်ပြင်ဆင်ထားရန် ဘရာဇီးလက်ရွေးစင်အသင်း နည်းပြဖြစ်သူ ကာလို အန်ဆယ်လော့တီက တိုက်တွန်းခဲ့ပြီး ဘရာဇီးအသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးဖြစ်သူ နေမာမှာ ၎င်း၏နည်းစနစ်ပိုင်းအတွက် အလွန်အရေးပါနေဆဲဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
နေမာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ၌ ဥရုဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ဘယ်ဘက်ဒူးခေါင်းတွင် အရှေ့ဘက် ကြက်ခြေခတ်အရွတ်ဒဏ်ရာ (ACL) ရရှိခဲ့ချိန်မှစ၍ ဘရာဇီးအသင်းအတွက် ပါဝင်မကစားနိုင်တော့ခြင်းဖြစ်သည်။
ဘာစီလိုနာနှင့် ပီအက်စ်ဂျီ ကြယ်ပွင့်ကစားသမားဟောင်းဖြစ်သူ နေမာမှာ တစ်နှစ်ကျော်ကြာ အနားယူခဲ့ရပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလ၌ ဘောလုံးပြန်ကစားနိုင်ခဲ့သော်လည်း အသေးစား ကြွက်သားဒဏ်ရာများ ထပ်မံရရှိခဲ့ခြင်းကြောင့် ရုန်းကန်ခဲ့ရသည်။
“သူက ကမ္ဘာ့ဖလားမှာ အသင်းအတွက် သိပ်အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ” ဟု ဇွန် ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL) နှင့် အင်တာဗျူး၌ အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
“သူ ကောင်းကောင်းပြင်ဆင်ထားဖို့ လိုပါတယ်။ အဲဒီအတွက် သူ့မှာအချိန်ရှိပါသေးတယ်။ သူက သိပ်ကိုအရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်သင့်တယ်လို့ ယုံကြည်တဲ့အတွက် အကောင်းဆုံးပြင်ဆင်ထားဖို့ ကျွန်တော် သူ့ကို ပြောထားပါတယ်” ဟု ပြီးခဲ့သည့်လတွင် ဘရာဇီးအသင်းအား စတင်ကိုင်တွယ်ခဲ့သည့် အန်ဆယ်လော့တီက ဆိုသည်။ (Xinhua)
…………………………………………
(English Version)
Neymar crucial to Brazil’s World Cup hopes: Ancelotti
RIO DE JANEIRO, June 26 (Xinhua) — Brazil manager Carlo Ancelotti has urged Neymar to focus on being ready for next year’s World Cup, saying the country’s all-time leading scorer remains crucial to his plans.
Neymar has not played for Brazil since October 2023, when he suffered a ruptured anterior cruciate ligament in his left knee during a World Cup qualifier against Uruguay.
The former Barcelona and Paris Saint-Germain star returned to action last October after more than a year on the sidelines but has since struggled with a series of minor muscle injuries.
“He is a very important player for our team in the World Cup,” Ancelotti said in an interview with South American football confederation CONMEBOL published on Thursday.
“He needs to prepare well,” said Ancelotti, who took charge of Brazil last month after leaving Real Madrid. “He has time for that. I spoke to him about that: to prepare well, because we believe he should be a very important player.”