Connect with us

Asia

ယွိယွမ်ဥယျာဥ် မီးပုံးပွဲတော်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို “ထွန်းလင်း”

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ICON SIAM ဈေးဝယ်စင်တာ၌ ယွိယွမ်ဥယျာဉ် မီးပုံးပွဲတော် မီးထွန်းခြင်းအခမ်းအနားကို ဇွန် ၂၈ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
“တောတောင်ရေမြေ ဂန္ထဝင်မှတ်တမ်း” တွင် မတူညီသောသက်ရှိများက “ကျွန်း” ပေါ်တွင် မှီခိုနေထိုင်ပြီး မီးပုံးလာရောက်ရှုစားသူများကို တစ်နေရာချင်းရှာဖွေရန် ခုန်လွှားနေ သို့မဟုတ် ပုန်းအောင်းနေကြပေသည်။
တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ယွိယွမ်ဥယျာဉ် မီးပုံးပွဲတော်ကို ဒေသစံတော်ချိန် ဇွန် ၂၈ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အထင်ကရ စီးပွားရေး အဆောက်အဦ ICON SIAM ၌ စတင်မီးထွန်း၍ ကျင်းပခဲ့သည်။

၂၀၂၅ ခုနှစ်သည် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်နှင့် “တရုတ်-ထိုင်း ချစ်ကြည်ရေး ရွှေရောင် နှစ် ၅၀” ဖြစ်ပေသည်။ ထိုင်းနိုင်ငံ ယွိယွမ်ဥယျာဉ် မီးပုံးပွဲတော်ကို ဇွန် ၂၇ ရက်မှ ဩဂုတ် ၁၅ ရက်အထိ အများပြည်သူများ လာရောက်လည်ပတ်ခွင့်ပြုထားမည်ဖြစ်ပြီး ရက်ပေါင်း ၅၀ ကြာမြင့်မည်ဖြစ်သည်။

မီးပုံးပွဲတော်၏ ခင်းကျင်းထားမှုတစ်ရပ်လုံးကို “ကျွန်း” ဟူသည့် တီထွင်ဖန်တီးမှု အယူအဆဖြင့် ရှေးကျကာ သက်ဝင်လှုပ်ရှားသည့် “တောတောင်ရေမြေ ဂန္ထဝင်မှတ်တမ်း” ယဉ်ကျေးမှုနှင့် ထိုင်းနိုင်ငံ အကြောင်းအရာများကို ပေါင်းစပ်ကာ မီးပုံးအုပ်စုများကို မတူညီသောခေါင်းစဉ်များဖြင့် လျှို့ဝှက်ဆန်းကြယ်၍ တောက်ပကာ လူနေမှုဘဝအငွေ့အသက်များ ပြည့်နှက်နေသော အကြီးစား လက်တွေ့ခံစားနိုင်ရန် နေရာတစ်ခု ဖန်တီးပေးထားသည်။

“ကျွန်မက ဒီလိုမီးပုံးပွဲတော်မျိုး ပထမဆုံးကိုယ်တိုင်ကြည့်ဖူးတာ၊ အရမ်း အံ့အားသင့်ဖွယ်ကောင်းတယ်လို့ ခံစားရတယ်” ဟု ထိုင်းမိန်းကလေး ဆာဘိုင်က ဆိုသည်။

“ဒီပွဲတော်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ အနုပညာဖန်တီးထားတဲ့ ရောင်စုံမီးပုံးတွေက တရုတ်နိုင်ငံ ယဉ်ကျေးမှုနဲ့ ထိုင်းနိုင်ငံ ယဉ်ကျေးမှုကို ပေါင်းစပ်ထားလို့ နှစ်နိုင်ငံ ယဉ်ကျေးမှု ကူးလူးဖလှယ်မှုအတွက် အရမ်းအကျိုးရှိပါတယ်” ဟု ထိုင်းနိုင်ငံ တရုတ်နွယ်ဖွား မိန်းကလေး ချန်ရှောင်ဟွေ့က ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် မိသားစုနှင့် မိတ်ဆွေများကိုလည်း အဆိုပါမီးပုံးပွဲတော်အကြောင်း မိတ်ဆက်ပေးသွားမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန အမှုဆောင် ဒုတိယဝန်ကြီး ရက်ချာနော်က အခမ်းအနား၌ ယွိယွမ်ဥယျာဉ် မီးပုံးပွဲတော်သည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနေဖြင့် ထိုင်းနိုင်ငံ၌ ပထမဆုံးအကြိမ် လာရောက်ပြသခြင်းဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် လုပ်ငန်းကုမ္ပဏီများက ယဉ်ကျေးမှု ကူးလူးဖလှယ်မှုအား အတူတကွတွန်းအားပေးခြင်း၏ ရလဒ်ဖြစ်ကြောင်း၊ ယင်းသည် နှစ်နိုင်ငံပြည်သူများ သံယောဇဉ်ချင်း ချိတ်ဆက်မှုအား နက်ရှိုင်းစေရန် အကျိုးပြုသည့်အပြင် နှစ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးရန်အတွက် ယဉ်ကျေးမှု၊ အနုပညာ၏ အရေးပါသည့် အခန်းကဏ္ဍကို ပိုမိုပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံမှူးကြီး ချန်ယွီမုန်က အခမ်းအနား၌ အမှာစကားပြောကြားရာတွင် ယွိယွမ် မီးပုံးပွဲတော်ကို ထိုင်းနိုင်ငံသို့ လာရောက်ပြသခြင်းသည် နှစ်နိုင်ငံ ယဉ်ကျေးမှု နက်ရှိုင်းစွာ တွေ့ဆုံဆွေးနွေးမှုအား သက်ဝင်လှုပ်ရှားစွာ ထင်ဟပ်ပြသမှုဖြစ်သလို “တရုတ်-ထိုင်း မိသားစုပမာ ချစ်ကြည်ရင်းနှီးမှု” ၏ နက်ရှိုင်းသော သံယောဇဥ်ကို နွေးထွေးစွာ ဖော်ပြမှုလည်းဖြစ်ကြောင်း၊ ယွိယွမ်ဥယျာဉ် မီးပုံးပွဲတော်မှတစ်ဆင့် တရုတ်-ထိုင်း နှစ်နိုင်ငံသည် ယဉ်ကျေးမှုဖန်တီးမှုအတွေးအခေါ်၊ အနုပညာဖျော်ဖြေတင်ဆက်မှု၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာခြင်း ပေါင်းစပ်မှု စသည့်ကဏ္ဍများတွင် ပိုမိုများပြားသည့် ဉာဏ်ပညာထိတွေ့မှုများ ဖော်ဆောင်ကာ ပိုမိုများပြားသော လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့် ရလဒ်များ သီးပွင့်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အနေဖြင့် ယွိယွမ်ဥယျာဉ် မီးပုံးပွဲတော်ကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း၌ “ပင်လယ်ရပ်ခြားသွားရောက်ခြင်း” ခရီးစဉ်ကို စတင်ခဲ့ရာ ပထမဆုံးသွားရောက်ရာနေရာသည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဖြစ်သည်။ ယခုအကြိမ် ထိုင်းနိုင်ငံ ယွိယွမ်ဥယျာဉ် မီးပုံးပွဲတော်ကာလအတွင်း ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှု၊ ထူးခြားချက်ရှိသောပွဲဈေးတန်း၊ အလင်းရောင်အလှ အနုပညာပြပွဲနှင့် အကြောင်းအရာအမျိုးစုံသည့် ယဉ်ကျေးမှုသီတင်းပတ်များလည်း မိတ်ဆက်ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါအခမ်းအနားများတွင် ရှန်ဟိုင်းမြို့ပြ သရုပ်အသွင်၊ တရုတ်ခေတ်မီယဉ်ကျေးမှု တီထွင်ဖန်တီးမှု၊ အရှေ့တိုင်းအလှအမြင် စသည်တို့ကို အဓိကထားတင်ဆက်သွားမည်ဖြစ်ပြီး လာရောက် လေ့လာကြည့်ရှုသူများအတွက် မတူညီသော လက်တွေ့ခံစားချက်များ ပေးစွမ်းသွားမည်ဖြစ်သည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စီးပွားရေး အထင်ကရ အဆောက်အဦ ICON SIAM ဈေးဝယ်စင်တာ၌ လာရောက်လည်ပတ်သူများက ယွိယွမ်ဥယျာဉ် မီးပုံးပွဲတော်တွင် အလှဓာတ်ပုံရိုက်ကူးနေသည်ကို ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version).
豫园灯会“点亮”泰国曼谷
新华社曼谷6月29日电 新华社记者高博 林昊
《山海经》中不同的生灵栖息在“岛屿”上,或腾跃,或隐匿,等待着观灯者们一一探寻……当地时间28日晚,中国国家级非物质文化遗产豫园灯会在泰国曼谷商业地标暹罗天地正式亮灯。
2025年是中泰建交50周年暨“中泰友谊金色50年”。泰国豫园灯会于6月27日至8月15日向公众开放,为期50天。灯会整体布局以“岛屿”为创意概念,将古老且生动的《山海经》文化元素与泰国元素相融合,以不同主题灯组营造出一个既神秘绚烂又充满烟火气的大型户外沉浸式体验场景。
“我是第一次现场看这样的灯会,感觉很震撼。”泰国姑娘莎拜说。
“这个活动很有趣,通过艺术创作的彩灯将中国文化和泰国文化结合起来,非常有利于两国文化交流。”泰国华裔姑娘陈小慧说,她会把灯会推荐给家人和朋友。
泰国文化部常务副次长拉差诺在活动上说,豫园灯会作为中国国家级非物质文化遗产首次登陆泰国,是两国政府与企业共同推动文化交流的成果。这不仅有助于加深两国民众的情感联络,更彰显了文化艺术对推动双边关系可持续发展的重要作用。
中国驻泰国大使馆公使衔参赞常禹萌在活动上致辞表示,豫园灯会来到泰国,是两国文化深度对话的生动写照,也是“中泰一家亲”深厚情谊的温暖表达。期待通过豫园灯会,中泰能在文化创意、艺术表演、非遗保护、文旅融合等领域碰撞出更多智慧火花,结出更多务实合作的硕果。
作为国家级非物质文化遗产,豫园灯会于2023年末开启“出海”之路,首站选在法国巴黎。此次泰国豫园灯会期间,还将推出文化演艺、特色市集、光影艺术展和不同主题的文化周,分别聚焦上海城市风采、国潮文创、东方美学等,将为参观者带来不同的互动体验。(完)
图说1:这是6月28日晚在泰国曼谷暹罗天地购物中心拍摄的亮灯仪式现场。新华社记者 孙玮彤 摄
图说2:6月28日晚,在泰国曼谷商业地标暹罗天地,游客在灯会上拍照。新华社记者 孙玮彤 摄