Connect with us

China

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် “ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်” ခရီးသည်များ မြန်နှုန်းမြင့်ရထား စီးနင်းလိုက်ပါ

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ရထားဘူတာတွင် အိမ်မွေးတိရစ္ဆာန် သီးသန့်သုံး ပို့ဆောင်ရေးသေတ္တာထဲ ထည့်သွင်းနေသော ကြောင်တစ်ကောင်အား ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
ဇူလိုင် ၂ ရက်သည် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတစ်ဝန်း ရထားလမ်း နွေရာသီကာလ ပို့ဆောင်ရေး၏ ပထမဆုံးနေ့ဖြစ်သည်။ တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ဝူဟန့်ဘူတာတွင် ထူးခြားသော “ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်” ခရီးသွားဧည့်သည်လေးများ ရောက်ရှိလာကြသည်။ တောင်းဆိုချက်များနှင့် ကိုက်ညီသော ယင်းအိမ်မွေး တိရစ္ဆာန်လေးများသည် ပိုင်ရှင်နှင့်အတူ မြန်နှုန်းမြင့်ရထားခရီးစဥ်တွင် အတူတကွလိုက်ပါစီးနင်းနိုင်သဖြင့် လူနှင့် အိမ်မွေးတိရစ္ဆာန် ရထားတစ်စင်းတည်းထွက်ခွာပြီး တစ်ချိန်တည်းရောက်ရှိမှုကို ဖော်ဆောင်နိုင်ခဲ့သည်။

ခရီးသွားဧည့်သည်များက အိမ်တွင်မွေးမြူ၍ သွန်သင်ထားပြီး ကျန်းမာရေးကောင်းမွန်သော၊ တစ်ကောင်ချင်း အလေးချိန် ၁၅ ကီလိုဂရမ်ထက် မကျော်လွန်သော၊ ပခုံးအမြင့် ၄၀ စင်တီမီတာထက် မကျော်သော ကြောင်၊ ခွေးအမျိုးအစား အိမ်မွေးတိရစ္ဆာန်တစ်ကောင်အား ရထားတစ်စင်းတည်းဖြင့် သယ်ဆောင်သွားနိုင်ပြီ ဖြစ်သည်။

ဇွန် ၂၀ ရက်မှစ၍ မြန်နှုန်းမြင့်ရထားတွင် အိမ်မွေးတိရစ္ဆာန်များ သယ်ဆောင်ပေးခြင်း ဝန်ဆောင်မှုအား စမ်းသပ်ဖော်ဆောင်သည့် နေရာအတိုင်းအတာကို တစ်ဆင့်တိုး တိုးချဲ့ခဲ့ရာ ပေကျင်း-ရှန်ဟိုင်း၊ ပေကျင်း-ကွမ်ကျိုး- ပေကျင်း-ဟားအယ်ပင်း၊ ရှန်ဟိုင်း-ကူမင်း စသည့် မြန်နှုန်းမြင့်ရထားလမ်း ၈ ခုရှိ ပေကျင်းတောင်ဘက်၊ ရှန်ဟိုင်း ဟုန်ချောင်၊ နန်ကျင်းတောင်ဘက်၊ ကျိန့်ကျိုး အရှေ့ဘက်၊ ဝူဟန့်၊ ချန်ဆား တောင်ဘက် စသည့် ဘူတာရုံ ၂၅ ခု၊ ရထားတွဲ ၃၈ တွဲတွင် လွှမ်းခြုံထားကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ရထားဘူတာတွင် ခရီးသွားဧည့်သည်တစ်ဦးက ၎င်း၏ အချစ်တော်ကြောင်လေးအား ထည့်သွင်းမည့် အိမ်မွေးတိရစ္ဆာန် သီးသန့်သုံး ပို့ဆောင်ရေးသေတ္တာအား ပြင်ဆင်နေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ရထားဘူတာတွင် ဝန်ထမ်းများက အိမ်မွေးတိရစ္ဆာန် သီးသန့်သုံး ပို့ဆောင်ရေးသေတ္တာကို ရထားတွဲပေါ်သို့သယ်ဆောင်၍ သီးသန့်သုံး မြန်နှုန်းမြင့်ရထား အမြန်ချောပို့အခန်း၌ ထားရှိနေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
武汉:“萌宠”旅客乘高铁
新华社照片,武汉,2025年7月1日
当日是2025年全国铁路暑期运输首日,武汉站迎来特殊的“萌宠”旅客。这些符合条件的宠物与主人搭乘同趟高铁列车,实现人宠同车出发、同时抵达。旅客可同车托运1只家庭驯养且健康状况良好、单只体重不超过15公斤、肩高不超过40厘米的猫、犬类宠物。
据了解,自6月20日起,高铁宠物托运服务进一步扩大试点范围,覆盖京沪、京广、京哈、沪昆等8条高铁的北京南、上海虹桥、南京南、郑州东、武汉、长沙南等25座车站、38趟动车组列车。
1、7月1日,一只宠物猫被旅客放进专用宠物运输箱内。 新华社记者 伍志尊 摄
2、7月1日,一名旅客在布置专用宠物运输箱,她的宠物猫将被放进专用宠物运输箱内。新华社记者 伍志尊 摄
3、7月1日,武汉站工作人员将专用宠物运输箱搬运至列车上,将放入独立的高铁快运柜内。新华社记者 伍志尊 摄