Connect with us

Asia

တောင်ကိုရီးယား-တရုတ်ဆက်ဆံရေး တိုးတက်လာစေရန် အမြန်ဆုံးလုပ်ဆောင်သွားမည်ဟု တောင်ကိုရီးယား သမ္မတ ဆို

တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်က ဇွန် ၄ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ စတင်တာဝန်ထမ်းဆောင်ခြင်း မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
တောင်ကိုရီးယား-တရုတ်ဆက်ဆံရေး တိုးတက်လာစေရန် အမြန်ဆုံးလုပ်ဆောင်သွားမည်ဟု တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။

လီဂျေမြောင်က စတင်တာဝန်ထမ်းဆောင်ခြင်း ၁ လပြည့် အခါသမယဖြစ်သည့် ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် အိမ်ပြာတော်၌ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။ လီဂျေမြောင်က ခိုင်မြဲသော တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေး၊ နီးကပ်သော တောင်ကိုရီးယား-အမေရိကန်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု၊ တောင်ကိုရီးယား-တရုတ်နှင့် တောင်ကိုရီးယား-ရုရှား ဆက်ဆံရေး အမြန်ဆုံးတိုးတက်လာစေမှုတို့ အခြေခံဖြင့် အမျိုးသားအကျိုးစီးပွားကို ဗဟိုပြုသည့် “လက်တွေ့အသုံးဝင်သော သံတမန်ဆက်ဆံရေး” ကို ဖော်ဆောင်ကာ ငြိမ်းချမ်းရေးနှင့် ပြည်သူများ လူနေမှုဘဝအား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲတည်ရှိရေးလမ်းအား စတင်နိုင်ရန်အလို့ငှာ နိုင်ငံတော်ကာကွယ်ရေးအား မြှင့်တင်သည့် တစ်ချိန်တည်းတွင် ပြတ်တောက်သွားသော တောင်ကိုရီးယား-မြောက်ကိုရီးယား ဆွေးနွေးညှိနှိုင်းမှုကို ပြန်လည်စတင်သွားမည်ဖြစ်ကြောင်းလည်း လီဂျေမြောင်က ပြောကြားခဲ့သည်။

လီဂျေမြောင်က တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲတွင် ၄၉.၄၂ ရာခိုင်နှုန်း မဲရလဒ်ဖြင့် ၂၁ ဦးမြောက် တောင်ကိုရီးယား သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။ လီဂျေမြောင်သည် ဇွန် ၄ ရက်တွင် သမ္မတတာဝန်ထမ်းဆောင်သည့်ကာလ စတင်ခဲ့သည်။ (Xinhua)

——————
(Chinese Version)
韩国总统:将尽快改善韩中关系
新华社首尔7月3日电(记者黄昕欣 陆睿)韩国总统李在明3日说,将尽快改善韩中关系。
3日上午,李在明在就职一个月之际在青瓦台举行记者招待会。李在明表示,将以坚固的韩美同盟、紧密的韩美日合作、尽快改善韩中与韩俄关系为基础,展开以国家利益为中心的“实用外交”,守护和平与国民生活。
李在明还说,在加强国防的同时将重启中断的韩朝沟通,以对话合作开启朝鲜半岛和平共存之路。
6月3日,李在明在韩国总统选举中以49.42%的得票率当选第21届韩国总统。6月4日,李在明正式开启总统任期。(完)
图说:6月4日,在韩国首尔,李在明在韩国国会发表就职讲话。新华社发