Connect with us

Asia

တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် ဧည့်ခံကြိုဆိုပွဲအား ဘန်ကောက်မြို့၌ ကျင်းပ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် ဧည့်ခံကြိုဆိုပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံရုံးယာယီတာဝန်ခံ ဝူကျစ်ဝူအား ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် ဧည့်ခံကြိုဆိုပွဲအား ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဇွန် ၃၀ ရက်၌ ပူးတွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဧည့်ခံကြိုဆိုပွဲသို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဖွန်ထမ် ဝီချာယာချိုင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်စ် ဆန်ကျန်းပေါင်ဆာနှင့် အခြားသော ဝန်ကြီးအချို့အပြင် နိုင်ငံအသီးသီးမှ သံအမတ်များ၊ တရုတ်နိုင်ငံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူများ အပါအဝင် ဧည့်ပရိသတ် ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ထိုအခမ်းအနား၌ ထိုင်းဒုတိယဝန်ကြီးချုပ် ဖွန်ထမ်က ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ နီးကပ်သော ဆက်ဆံရေးရှိပြီး နယ်ပယ်အသီးသီး၌ နက်ရှိုင်းသော ခံစားချက်များ ရှိနေသည်ဟု ပြောကြားခဲ့သည်။ “နှလုံးသားတစ်ခု၊ အသိုက်အဝန်းတစ်ခု၊ ကံကြမ္မာအကျိုးတူသော တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ” ဟူသော ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် ဆောင်ပုဒ်မှာ ပိုမိုကောင်းမွန်သော အနာဂတ် ဖန်တီးပုံဖော်မှုကို အခိုင်အမာ ဆက်လက်ဖော်ဆောင်ရန် နှစ်နိုင်ငံ ပြည်သူများ၏ ခိုင်မာသော ယုံကြည်မှုနှင့် သန္နိဋ္ဌာန်တို့ကို အပြည့်အဝ ထင်ဟပ်စေသည်။
ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဘက်စုံ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမှာ လက်ဆုပ်လက်ကိုင်ပြနိုင်သော ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများကိုသာမက နှစ်နိုင်ငံစလုံးမှ ပြည်သူများ၏ ကောင်းကျိုးသုခများကို ဖန်တီးပေးကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကိုလည်း အရေးပါသော ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးလျက်ရှိသည်ဟု မာရစ်စ်က ဆိုသည်။
ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံရုံးယာယီတာဝန်ခံ ဝူကျစ်ဝူကလည်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီးနောက် လွန်ခဲ့သော နှစ် ၅၀ အတွင်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် အတူတကွ ရပ်တည်ခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုမှာလည်း ပိုမိုခိုင်မာမြဲမြံနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၏ ယုံကြည်စိတ်ချရပြီး အားထားလောက်သော မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်ကာ ထိုင်းနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိန်ညှိမှုကို အခိုင်အမာလုပ်ဆောင်လျက် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုလေးနက်၍ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော အဆင့်သစ်ဆီသို့ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ကြွရောက်လာသော ဧည့်သည်တော်များက တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်အား ဂုဏ်ပြုသော ဗီဒီယိုနှင့် ဓာတ်ပုံပြပွဲ၊ ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………………………………………………………
(English Version)
Reception celebrating 50th anniversary of China-Thailand diplomatic ties held in Bangkok
BANGKOK, July 3 (Xinhua) — A reception celebrating the 50th anniversary of the establishment of diplomatic relations between China and Thailand was co-hosted by the Chinese Embassy in Thailand and Thailand’s Ministry of Foreign Affairs in Bangkok on Monday.
More than 2,000 guests attended the reception, including Phumtham Wechayachai, Thailand’s deputy prime minister, Maris Sangiampongsa, Thailand’s foreign minister and some other ministers, as well as ambassadors from various countries, representatives of Chinese institutions and international students.
Phumtham said Thailand and China have close relationships and deep feelings in all fields. The slogan of the 50th anniversary of the establishment of diplomatic relations between Thailand and China, “China and Thailand, One Heart, One Community, Shared Future,” fully reflects the firm confidence and determination of the two peoples to forge ahead to create a better future.
Maris said the comprehensive strategic cooperative partnership between Thailand and China has created tangible development dividends and people’s well-being for both countries, making important contributions to regional peace and stability.
Wu Zhiwu, charge d’Affaires ad interim of the Chinese Embassy in Thailand, said that China and Thailand have worked together in times of challenges over the past 50 years since the establishment of diplomatic relations and the friendship has remained even stronger.
He noted that China is willing to be a reliable and dependable partner of Thailand, strengthen the alignment of development strategies with Thailand, and promote closer, more meaningful and more resilient China-Thailand relations to reach new levels.
The guests watched a video celebrating the 50th anniversary of the establishment of diplomatic relations between China and Thailand, a photo exhibition and cultural performances.
English Caption
Wu Zhiwu, charge d’Affaires ad interim of the Chinese Embassy in Thailand, addresses a reception celebrating the 50th anniversary of the establishment of diplomatic relations between China and Thailand, in Bangkok, Thailand, June 30, 2025. (Xinhua/Sun Weitong)