China
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရေဘေးသင့်ဒေသများတွင် နေ့စဉ်သုံး မရှိမဖြစ်ပစ္စည်းများ လုံလုံလောက်လောက်ရှိစေရေး ဆောင်ရွက်

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ရေဘေးသင့်ဒေသများတွင် လိုအပ်သော နေ့စဉ်သုံး မရှိမဖြစ်ပစ္စည်းများ စျေးကွက်၌ တည်ငြိမ်စွာရရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
ဇွန်လ ရေကြီးမှုကာလ စတင်ကတည်းက နိုင်ငံ၏ တောင်ပိုင်းဒေသများသည် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟဲယုံချန်က ပြောကြားခဲ့သည်။
ဇွန်လနှောင်းပိုင်းတွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ရုန်ကျန်းခရိုင်သည် ပြင်းထန်သော ရေကြီးမှုဒဏ်ခံရချိန်တွင် ဝန်ကြီးဌာနက အရေးပေါ်တုံ့ပြန်မှု အစီအမံများကို ချက်ချင်းစတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဟဲယုံချန် ၏ ပြောကြားချက်အရ ကွေ့ကျိုးပြည်နယ်၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အာဏာပိုင်များက ပူးပေါင်းထောက်ပံ့ရေး ယန္တရားကို စတင်အသက်သွင်းခဲ့ပြီး အနီးနားရှိ မြို့များနှင့် ခရိုင်များမှ အရေးပေါ်ထောက်ပံ့ရေး အဖွဲ့ ခြောက်ဖွဲ့ကို ပူးပေါင်းစုစည်းကာ သောက်ရေသန့်ဘူးများ၊ ပေါင်မုန့်များနှင့် အခြားမရှိမဖြစ်ပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ ပေးပို့ထောက်ပံ့ခဲ့ကြောင်းသိရသည်။
အလားတူ အစီအမံများကို မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည့် ဟူနန်၊ ဟူပေ၊ ကွမ်တုန်း၊ စီချွမ်း နှင့် ဟဲနန် ပြည်နယ်များတွင်လည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စျေးကွက်စောင့်ကြည့်လေ့လာရေး အချက်အလက်များအရ နေ့စဉ်သုံး မရှိမဖြစ်ပစ္စည်းများအတွက် ပြည်တွင်းစျေးကွက်သည် လက်ရှိတွင် ချောမွေ့စွာ လည်ပတ်နေပြီး လုံလောက်သောပမာဏ ရှိသည်။ ဇူလိုင် ၂ ရက်အထိ ကောက်ပဲသီးနှံ၊ စားသုံးဆီ၊ ဝက်သား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် အခြားထုတ်ကုန်များ၏ လက်ကားစျေးနှုန်းများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက များစွာမပြောင်းလဲကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ရုန်ကျန်းခရိုင်တွင် ကယ်ဆယ်ရေးသမားများက ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေပုံကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ရုန်ကျန်းခရိုင်တွင် ရေကြီးနေပုံကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
China’s commerce ministry says to ensure necessity supply in flood-hit areas
BEIJING, July 3 (Xinhua) — The Ministry of Commerce has taken measures to ensure stable market supply of daily necessities in China’s flood-hit regions, a ministry spokesperson said on Thursday.
Since the main flood season began in June, multiple southern regions have experienced heavy rainfall and flooding, spokesperson He Yongqian said.
In late June, when Rongjiang County in southwest China’s Guizhou Province was hit by severe flooding, the ministry immediately activated emergency response measures.
According to He, Guizhou’s commerce authorities initiated a joint supply mechanism, mobilizing six emergency supply enterprises from neighboring cities and counties to deliver bottled water, bread and other essential goods to affected areas.
Similar measures have been taken in Hunan, Hubei, Guangdong, Sichuan and Henan provinces, where heavy rainfall has been concentrated.
Market monitoring data shows that the domestic market for daily necessities is currently operating smoothly with sufficient supplies. As of July 2, wholesale prices of grain, cooking oil, pork, eggs, vegetables, fruits and other products remained largely unchanged compared to the previous week.
Caption
Photo 1 – An aerial drone photo shows the flood-stricken Rongjiang County, southwest China’s Guizhou Province, June 28, 2025. (Xinhua/Liu Xu)
Photo 2 – Rescuers evacuate residents in Rongjiang County, southwest China’s Guizhou Province, June 28, 2025. (Xinhua/Liu Xu)
Photo 3 – An aerial drone photo shows the flood-stricken Rongjiang County, southwest China’s Guizhou Province, June 28, 2025. (Xinhua/Liu Xu)