Connect with us

China

နှစ်တစ်ရာလက်ဆင့်ကမ်းမှုဖြင့် မြို့ပြ၏ တရုတ်မူ (Mu) သောင်းချီရှိသော သစ်တောပင်လယ်အား ထိန်းသိမ်းစောင့်ရှောက်

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့ ချန်ဖောလျင် အစိုးရပိုင် သစ်တောကြိုးဝိုင်းတွင် အချို့သော သစ်တောစောင့်ရှောက်ရေးဝန်ထမ်းများက သစ်တောဇုန်အတွင်း အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ဝေဟင်အထက်မှ အောက်သို့ကြည့်ရှုပါက တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့ရှိ ချန်ဖောလျင်အစိုးရပိုင် သစ်တောကြိုးဝိုင်းကို ကွေ့ယန်မြို့ မြို့ဟောင်းဇုန်နှင့် မြို့သစ်ဇုန်ကြား၌ ကျောက်စိမ်းတုံးတစ်တုံးပမာ ထည့်သွင်းထားသည့်အလား တွေ့မြင်နိုင်သည်။

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့ ချန်ဖောလျန် အစိုးရပိုင် သစ်တောကြိုးဝိုင်းသည် ၁၉၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး လက်ရှိသစ်တောကြိုးဝိုင်း ဧရိယာမှာ တရုတ်မူ (Mu) ၁၂,၀၀၀ ကျော်ရှိသည်။ သစ်တောကြိုးဝိုင်း တည်ဆောက်သည့် နှစ် ၁၀၀ ကျော်အတွင်း သစ်တောစောင့်ရှောက်ရေးဝန်ထမ်းများ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်သည် သစ်တော တည်ဆောက်ခြင်း၊ သစ်တော ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့အား လက်ဆင့်ကမ်း၍ အဆိုပါမြို့ပြ၏ “စိမ်းလန်းသောအဆုတ်” အား စောင့်ရှောက်လျက်ရှိသောကြောင့် ချန်ဖောလျင် အစိုးရပိုင် သစ်တောကြိုးဝိုင်းသည် ယခင်က လွင်တီးခေါင်အဖြစ်မှ ကွေ့ယန်မြို့ အစိမ်းရောင်ဂေဟကန့်လန့်ကာဖြစ်လာခဲ့သည်။ ယင်းသည် မြို့ပြဂေဟပတ်ဝန်းကျင် တိုးတက်လာစေသည်သာမက မြို့သူ၊ မြို့သားများ၏ အစိမ်းရောင်လှုပ်ရှားမှုနေရာကို များစွာ တိုးချဲ့ပေးလိုက်သောကြောင့် မြို့သူ၊ မြို့သား အပန်းဖြေလည်ပတ်ရာနေရာ ဖြစ်လာခဲ့သည်။

ချန်ဖောလျင် အစိုးရပိုင် သစ်တောကြိုးဝိုင်းသည် ကွေ့ယန်မြို့ပတ်သစ်တော၏ အရေးကြီးဖွဲ့စည်းပုံ အစိတ်အပိုင်း ဖြစ်ရုံသာမက ကွေ့ယန်မြို့၏ လက်ရှိတွင် တစ်ခုတည်းသော နိုင်ငံတော်အဆင့် သစ်တောဥယျာဥ်လည်း ဖြစ်သလို ကွေ့ကျိုးပြည်နယ်၏ ပထမဆုံး “သစ်တောဦးစီးစနစ် (Forest Chief System)” ဖြင့် ဥယျာဉ်လည်း ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့ ချန်ဖောလျင် အစိုးရပိုင် သစ်တောကြိုးဝိုင်း တစ်နေရာအား ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့ ချန်ဖောလျင် အစိုးရပိုင် သစ်တောကြိုးဝိုင်း တစ်နေရာအား ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့ ချန်ဖောလျင် အစိုးရပိုင် သစ်တောကြိုးဝိုင်းတွင် ဖြည့်စွက်စိုက်ပျိုးထားသော သစ်ပင်၏ အာဟာရအိတ် အခြေအနေအား သစ်တောစောင့်ရှောက်ရေးဝန်ထမ်းက စစ်ဆေးနေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
百年接力,守护城市万亩林海
新华社照片,贵阳,2025年7月4日
从空中俯瞰,长坡岭国有林场恰似一块翡翠,镶嵌在贵阳老城区与新城区之间。
贵阳市长坡岭国有林场始建于1914年,目前林场面积1.2万余亩。建场一百多年来,一代代护林员接力造林、护林,守护着这片城市“绿肺”,让长坡岭国有林场从当初的荒山变为贵阳市的一道绿色生态屏障,不仅改善了城市生态环境,也极大拓展了市民的绿色活动空间,成为市民休闲好去处。
长坡岭国有林场作为贵阳市环城林带的重要组成部分,是贵阳市目前唯一的国家级森林公园,也是贵州首个“林长制”主题公园。
1、7月1日,贵阳市长坡岭国有林场的部分护林员在林区合影。新华社记者 杨文斌 摄
2、3:这是7月1日拍摄的贵阳市长坡岭国有林场一角(无人机照片)。 新华社记者 杨文斌 摄
4:7月1日,护林员在贵阳市长坡岭国有林场查看补植的树木营养袋补给情况。新华社记者 杨文斌 摄