Connect with us

Sino-Myanmar

တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ဝူရှူးအားကစားပစ္စည်းများလှူဒါန်း

တရုတ်နိုင်ငံက မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံ ဝူရှူးအားကစားပစ္စည်းများအား ဇူလိုင် ၄ ရက်၌ လှူဒါန်းခြင်းအခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံ ဝူရှူးအားကစားပစ္စည်းများအား ဇူလိုင် ၄ ရက်၌ လှူဒါန်းခဲ့ကြောင်း ဇူလိုင် ၅ ရက်ထုတ် ကြေးမုံသတင်းစာအရ သိရသည်။

အဆိုပါ အားကစားပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Jia က မြန်မာနိုင်ငံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ထံ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တရုတ်သံအမတ်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကြောင်း အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။

အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များကို စဉ်ဆက်မပြတ်ရယူပေးနိုင်ခဲ့သည့် မြန်မာ့ဝူရှူးအားကစား အောင်မြင်မှုအတွက် တရုတ်နိုင်ငံမှ Joint Training အစီအစဉ်များ၏ ရလဒ်များဖြစ်သလို ပြည်ပနည်းပြများရရှိရေးနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ကူညီလှူဒါန်းပေးခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ (Xinhua)

တရုတ်နိုင်ငံက မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံ ဝူရှူးအားကစားပစ္စည်းများအား ဇူလိုင် ၄ ရက်၌ လှူဒါန်းခြင်းအခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

……………………………………..
(English Version)

China donates Wushu sports equipment to Myanmar

YANGON, July 5 (Xinhua) — China donated Wushu sports equipment to Myanmar’s Ministry of Sports and Youth Affairs in Yangon on Friday, the state-owned daily The Mirror reported on Saturday.

At the donation event, Chinese Ambassador to Myanmar Ma Jia handed over the sports equipment to Myanmar’s Union Minister for Sports and Youth Affairs Jeng Phang Naw Taung. In return, the Union Minister presented a certificate of appreciation to the ambassador, the report said.

Speaking at the event, the Union Minister said that sports cooperation is part of the friendly cooperation programs between the two countries.

He added that the success of Myanmar’s Wushu athletes, who have consistently won medals at the Asian Games, Southeast Asian Games, and other international competitions, is the result of joint training programs with China, the presence of foreign coaches, and the donation of sports equipment.