China
တရုတ်နိုင်ငံက လုပ်ဆောင်ချက် ၇ မျိုးပါ ရေနက်ပိုင်းသုံး ပြည်တွင်းဖြစ် စက်ရုပ်လက်တံကို ပွဲထုတ်ပြသ

ထျန်းကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ပင်လယ်ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ပထမဆုံးသော လုပ်ဆောင်ချက် ၇ မျိုးပါ စက်ရုပ်လက်တံကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း ယင်းကိရိယာကို တီထွင်ထုတ်လုပ်ခဲ့သည့် Offshore Oil Engineering Co., Ltd. (COOEC) က ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ရုပ်လက်တံကို အဝေးထိန်းစနစ်ဖြင့် လည်ပတ်သည့်ယာဉ်တွင် တပ်ဆင်ထားပြီး ပုလဲမြစ်ဝှမ်းဒေသ၌ ပထမဆုံးအကြိမ် အသုံးပြုခဲ့ကာ လုပ်ငန်းများကို တိကျသေချာစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်း၏ အမြင့်ဆုံးလုပ်ဆောင်နိုင်သည့် ရေအနက်မှာ မီတာ ၇,၀၀၀ ဖြစ်ကြောင်း တီထွင်ထုတ်လုပ်သူက ပြောကြားခဲ့သည်။
၎င်းစက်ရုပ်လက်တံသည် ဆွဲဆန့်ခြင်း၊ ပြန်ရုပ်သိမ်းခြင်း၊ လွှဲခြင်း၊ လှည့်ခြင်း၊ ဖွင့်ခြင်း၊ ဆုပ်ကိုင်ခြင်းနှင့် ညှပ်ခြင်း အစရှိသည့် လုပ်ဆောင်ချက် ၇ မျိုးကို ပိုင်နိုင်စွာ လုပ်ဆောင်နိုင်ပြီး ရေစီးကြမ်းသည့်နေရာများတွင် အဆို့ရှင်နှင့် သက်ဆိုင်သည့်လုပ်ငန်းများနှင့် ပစ္စည်းကိရိယာများတပ်ဆင်ခြင်းတို့ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အလေးချိန် ၆၀ ကီလိုဂရမ်ရှိသော ယင်းစက်ရုပ်လက်တံသည် ကမ္ဘာပေါ်ရှိ အလားတူလက်တံများထက် ၃၅ ရာခိုင်နှုန်း ပိုမိုပေါ့ပါးပြီး ၎င်းသည် အပြည့်အဝ ဆွဲဆန့်ထားသည့် အနေအထားတွင် ၁၂၅ ကီလိုဂရမ်လေးသော ပစ္စည်းများကို သယ်ဆောင်နိုင်စွမ်းရှိသည်။ ကုန်ကျစရိတ်မှာလည်း ပြည်ပမှတင်သွင်းသော လက်တံများထက် ၄၀ ရာခိုင်နှုန်း ပိုမိုသက်သာကြောင်း သိရသည်။
အဆိုပါလက်တံက အရေးကြီးသော ရေနက်ပိုင်း စက်ရုပ်များ ထုတ်လုပ်နိုင်သည့် ထိပ်တန်းနိုင်ငံများအုပ်စုတွင် တရုတ်နိုင်ငံကို ပါဝင်လာစေသည်ဟု COOEC က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
China debuts homegrown deep-sea robotic arm with 7 functions
TIANJIN, July 6 (Xinhua) — China has commissioned its first seven-function robotic arm for deep-sea oil and gas operations, Offshore Oil Engineering Co., Ltd. (COOEC), the developer of the device, said on Sunday.
The mechanical arm has been mounted on a remotely operated vehicle (ROV) and performed precision tasks during its inaugural deployment in the Pearl River Mouth Basin. The developer said its maximum operating water depth is 7,000 meters.
It mastered seven capabilities — extend, retract, swing, rotate, open, grasp and clamp — and completed valve operations and installed equipment in strong currents.
The 60-kilogram arm, which is 35 percent lighter than its global peers, carried a 125-kilogram payload at full extension. Its cost is also 40 percent lower than imported alternatives.
The COOEC said that the arm advances China into an elite group of nations capable of manufacturing critical deep-sea robotics.
English Caption
A technician adjusts robots at a workshop in Zibo City, east China’s Shandong Province, May 12, 2024. (Photo by Yang Mingchao/Xinhua)