Politics, Law & Military
မြန်မာနိုင်ငံ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၄၈ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၂ ရက်တွင် ကျောက်ဆည်နှင့် မိတ္ထီလာခရိုင်ချင်းဆက်လမ်း၊ တောင်တော်ကျေးရွာအနီးတွင် NISSAN DIESEL ၆ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၄၈ ဒသမ ၇၉၇ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများအား မိုင်းရယ်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခိုင်းသူ များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရေး လုပ်ကိုင်နေသူများ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ၊ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
(Xinhua)