Connect with us

Myanmar

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးအတွင်း စိတ်ကြွဆေးပြား ၉၀၀,၀၀၀ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးအတွင်း စိတ်ကြွဆေးပြား ၉၀၀,၀၀၀ ကို ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဇွန် ၃၀ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇွန်၂၄ ရက်တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးမှာ ငွေကျပ် ၁.၃၅ ဘီလီယံရှိကြောင်း သိရသည်။
ယင်းသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ သယ်ယူရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117