Connect with us

Media

ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးပွဲ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင် ၁၀ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးပွဲ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါသဝဏ်လွှာတွင် ရှီကျင့်ဖိန်က အမျိုးစုံလင်သော ယဉ်ကျေးမှုသည် ကမ္ဘာကြီး၏ မူလပင်ကိုအရည်အသွေးဖြစ်ကြောင်း၊ ယဉ်ကျေးမှု၏ သာယာဝပြောမှု၊ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုတို့သည် ယဉ်ကျေးမှု၏ ကူးလူးဖလှယ်မှု၊ အပြန်အလှန်လေ့လာသင်ယူမှုတို့နှင့် ကင်းကွာ၍မရသည်ကို သမိုင်းက မိမိတို့ကိုညွှန်ပြလျက်ရှိကြောင်း ထောက်ပြပြောကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံတကာအခြေအနေ ရောယှက်ရှုပ်ထွေးပြောင်းလဲနေကြောင်း၊ လူသားမျိုးနွယ်တို့သည် လမ်းဆုံလမ်းခွအသစ်တစ်ခု၌ ရပ်တည်နေရပြီး ယဉ်ကျေးမှုကူးလူးဖလှယ်မှုဖြင့် ယဉ်ကျေးမှု အတားအဆီးများအား ကျော်ဖြတ်ရန်၊ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှုဖြင့် ယဉ်ကျေးမှု ပဋိပက္ခဖြစ်မှုအား ကျော်ဖြတ်ရန် အလောတကြီးလိုအပ်နေကြောင်း ၎င်းက ဆိုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့်အတူ တန်းတူညီမျှသော၊ အပြန်အလှန် လေ့လာသင်ယူသော၊ တွေ့ဆုံဆွေးနွေးသော၊ အားလုံးပါဝင်သော ယဉ်ကျေးမှုအမြင်ကို အရင်းခံကာ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်အား လက်တွေ့ဖော်ဆောင်သွားလိုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးပွဲ ပူးပေါင်းဆောင်ရွက်မှု ကွန်ရက် တည်ဆောက်မှုအား တွန်းအားပေးဖော်ဆောင်ကာ လူသားမျိုးနွယ် ယဉ်ကျေးမှုတိုးတက်ရေး၊ ကမ္ဘာကြီးငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအားအသစ်များ ဖြည့်တင်းပေးလိုကြောင်း၊ ကိုယ်စားလှယ်အသီးသီးအနေဖြင့် နက်ရှိုင်းစွာကူးလူးဖလှယ်ပြီး သဘောတူညီချက်များ စုစည်းကာ နိုင်ငံအသီးသီးပြည်သူများ ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်သိရှိမှုတိုးမြှင့်ရန်၊ မတူညီသောယဉ်ကျေးမှုများ ဆိုးတူကောင်းဖက် သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ခြင်းအတွက် ဉာဏ်ပညာနှင့် အင်အားများဖြင့် အကျိုးထမ်းဆောင်ပေးသွားရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးပွဲ ဝန်ကြီးအဆင့်အစည်းအဝေးသည် ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ခေါင်းစဥ်မှာ “လူသားမျိုးနွယ် ယဉ်ကျေးမှု အမျိုးစုံလင်မှုအား ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ မြှင့်တင်ခြင်း” ဖြစ်ကာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးရုံး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနမှ အတူတကွကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
习近平向全球文明对话部长级会议致贺信
新华社北京7月10日电 7月10日,中共中央总书记、国家主席习近平向全球文明对话部长级会议致贺信。
习近平指出,多样文明是世界的本色。历史昭示我们,文明的繁盛、人类的进步,都离不开文明的交流互鉴。当前,国际形势变乱交织,人类站在新的十字路口,迫切需要以文明交流超越文明隔阂,以文明互鉴超越文明冲突。
习近平强调,中国愿同各国一道,秉持平等、互鉴、对话、包容的文明观,践行全球文明倡议,推动构建全球文明对话合作网络,为人类文明进步、世界和平发展注入新的动力。希望各位代表深入交流、凝聚共识,为促进各国人民相知相亲、不同文明和合共生贡献智慧和力量。
全球文明对话部长级会议10日在北京开幕,主题为“维护人类文明多样性 共促世界和平发展”,由中共中央宣传部和中共中央对外联络部共同主办。(完)