Connect with us

China

တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း စွမ်းအင်သစ်မော်တော်ယာဉ် အစီးရေ ၅.၆၂ သန်း စံချိန်တင် မှတ်ပုံတင်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ကျီလျင်ပြည်နယ်၊ ချန်ချွမ်းမြို့၌ ကျင်းပခဲ့သော (၁၄) ကြိမ်မြောက် တရုတ်-အရှေ့မြောက်အာရှ ကုန်စည်ပြပွဲတွင် FAW Hongqi မှ ပြသထားသည့် စွမ်းအင်သစ်မော်တော်ယာဉ် တစ်စီးကို ကြည့်ရှုနေသူများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း စွမ်းအင်သစ်မော်တော်ယာဉ် (NEVs) အစီးရေ ၅.၆၂ သန်း စံချိန်တင် မှတ်ပုံတင်ခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၂၇.၈၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
အဆိုပါ ကိန်းဂဏန်းသည် တရုတ်နိုင်ငံသမိုင်းတစ်လျှောက် နှစ်ဝက်အတွင်း စွမ်းအင်သစ်မော်တော်ယာဉ် မှတ်ပုံတင်မှု စုစုပေါင်း၏ အမြင့်ဆုံးပမာဏဖြစ်ကြောင်း သိရသည်။ ၎င်း စွမ်းအင်သစ်မော်တော်ယာဉ် စံချိန်တင် မှတ်ပုံတင်မှုသည် အလားတူကာလအတွင်း မှတ်ပုံတင်ခဲ့သော မော်တော်ယာဉ်အသစ်အားလုံး၏ ၄၄.၉၇ ရာခိုင်နှုန်း ရှိပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ သန့်ရှင်းသောစွမ်းအင် အသွင်ကူးပြောင်းရေး အရှိန်အဟုန် မြှင့်တင်နေမှုကို မီးမောင်းထိုးပြနေသည်။
၂၀၂၅ ခုနှစ် ဇွန်လကုန်ပိုင်းတွင် တရုတ်နိုင်ငံ၏ လမ်းများပေါ်ရှိ စွမ်းအင်သစ်မော်တော်ယာဉ် အစီးရေ စုစုပေါင်းအရေအတွက်မှာ ၃၆.၈၉ သန်း အထိ ရောက်ရှိခဲ့ပြီး နိုင်ငံတွင်းရှိ မော်တော်ယာဉ် စုစုပေါင်း၏ ၁၀.၂၇ ရာခိုင်နှုန်း ရှိသည်။
ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်မော်တော်ယာဉ် (Battery Electric Vehicles) များသည် စွမ်းအင်သစ် မော်တော်ယာဉ်ဈေးကွက်တွင် လွှမ်းမိုးထားဆဲဖြစ်ပြီး စုစုပေါင်း အစီးရေ ၂၅.၅၄ သန်းနီးပါး ရှိကာ စွမ်းအင်သစ် မော်တော်ယာဉ်အားလုံး၏ ၆၉.၂၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China’s new energy vehicle registrations hit record 5.62 mln in H1 2025
BEIJING, July 14 (Xinhua) — China registered a record 5.62 million new energy vehicles (NEVs) in the first half of 2025, marking a year-on-year increase of 27.86 percent, according to data released by the Ministry of Public Security on Monday.
The figure represents the highest half-year NEV registration total in the country’s history. It accounts for 44.97 percent of all new automobile registrations during the same period, underscoring the acceleration of China’s clean energy transition in the transportation sector.
By the end of June 2025, the total number of NEVs on China’s roads had reached 36.89 million, representing 10.27 percent of the nation’s overall automobile fleet.
Battery electric vehicles remained the dominant force in the NEV market, totaling nearly 25.54 million and accounting for 69.23 percent of all new energy vehicles.

English Caption
Visitors watch a new-energy car displayed by FAW Hongqi during the 14th China-Northeast Asia Expo in Changchun, northeast China’s Jilin Province, Aug. 23, 2023. (Xinhua/Zhang Nan)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.