China
တင်းရွှဲရှန်နှင့် ဥရောပကော်မရှင် အမှုဆောင် ဒုတိယဥက္ကဋ္ဌ Teresa Ribera တို့ ၆ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ အဆင့်မြင့်အလွှာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှဲရှန်နှင့် ဥရောပကော်မရှင် အမှုဆောင် ဒုတိယဥက္ကဋ္ဌ Teresa Ribera တို့ ဇူလိုင် ၁၄ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၆ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ အဆင့်မြင့်အလွှာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် တင်းရွှဲရှန်က ယခုနှစ် မေလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဥရောပသမဂ္ဂ အကြီးအကဲတို့သည် တရုတ်-ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်အတွက် အပြန်အလှန် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် လမ်းညွှန်ပေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နှစ်ဖက်ခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး တရုတ်-ဥရောပသမဂ္ဂနှင့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကြီးမားသည့် အကျိုးဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဂေဟပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ခြင်း လုပ်ငန်းကို များစွာအလေးထားကြောင်း၊ လက်တွေ့အစီအမံများစွာ ချမှတ်အကောင်အထည်ဖော်ခဲ့ရာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဘက်စုံအစိမ်းရောင် အသွင်ကူးပြောင်းမှုတွင် သိသာထင်ရှားသည့်ရလဒ်များ ရရှိခဲ့ကြောင်း၊ နိုင်ငံတကာအခြေအနေ မည်ကဲ့သို့ပြောင်းလဲစေကာမူ တရုတ်နိုင်ငံက အစိမ်းရောင် ကာဗွန်နည်း ဖွံ့ဖြိုးတိုးတက်မှုအား ခိုင်မာစွာ တွန်းအားပေး၍ အားကောင်းသော အစီအမံများ ဖော်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်နှင့် ရာသီဥတု စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပါဝင်သွားမည်ဖြစ်ကြောင်း တင်းရွှဲရှန်က ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့်အတူ အဆင့်မြင့်အလွှာ တွေ့ဆုံဆွေးနွေးဖလှယ်မှုအား လက်ကိုင်ထားကာ ပိုမိုများပြားသည့် သဘောတူညီချက်များ ရရှိပြီး အစိမ်းရောင်မိတ်ဖက်ဆက်ဆံရေးအား နက်ရှိုင်းစွာဖော်ဆောင်သွားလိုကြောင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်မှုအား လက်ကိုင်ထားပြီး စွမ်းအင်၊ စက်ဝိုင်းပုံဆောင် စီးပွားရေးစနစ် (Circular Economy) စသည့် အဓိကနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု၏ နက်ရှိုင်းမှုနှင့် ကျယ်ပြန့်မှုအား အဆက်မပြတ်တိုးချဲ့ကာ အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ အစိမ်းရောင် ကာဗွန်နည်း ဖွံ့ဖြိုးတိုးတက်မှုအား အတူတကွ ထောက်ခံအားပေးလိုကြောင်း၊ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှုအား လက်ကိုင်ထား၍ ဦးဆောင်မှုအင်အားကို တစ်ဆင့်တိုးဖော်ပြကာ တရားမျှတ၍ လျော်ကန်မှုရှိသော၊ ပူးပေါင်းဆောင်ရွက်၍ ဘုံအကျိုးဖြစ်ထွန်းသော ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်နှင့် ရာသီဥတု စီမံခန့်ခွဲမှုစနစ် တည်ဆောက်မှုအား တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Teresa Ribera က ဥရောပသမဂ္ဂအနေဖြင့် ဥရောပသမဂ္ဂ-တရုတ် သံတန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့်အား အခါအခွင့်အဖြစ်ထားရှိကာ တရုတ်နိုင်ငံနှင့် ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး ခိုင်မြဲအောင် လုပ်ဆောင်ပြီး ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်များ ကြိုးပမ်းရှာဖွေသွားလိုကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒအား လက်ကိုင်ထားကာ “ပဲရစ်သဘောတူညီချက်” ထိရောက်စွာ အကောင်အထည်ဖော်မှုအား တွန်းအားပေး၍ ကမ္ဘာကြီးထံသို့ ပတ်ဝန်းကျင်နှင့် ရာသီဥတု စိန်ခေါ်မှုအား အတူတကွရင်ဆိုင်မည့် တက်ကြွသော သတင်းစကားပါးလိုကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက် သက်ဆိုင်ရာဌာနများက ရာသီဥတုစိန်ခေါ်မှုအား အတူတကွရင်ဆိုင်ခြင်း၊ ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းခြင်း စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ၅ ကြိမ်မြောက် အဆင့်မြင့်အလွှာ တွေ့ဆုံဆွေးနွေးပွဲပြီးနောက် ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို အနှစ်ချုပ်သုံးသပ်ကာ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် ကူးလူးဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
丁薛祥同欧盟委员会执行副主席里贝拉举行第六次中欧环境与气候高层对话
新华社北京7月14日电 中共中央政治局常委、国务院副总理丁薛祥14日下午在北京同欧盟委员会执行副主席里贝拉举行第六次中欧环境与气候高层对话。
丁薛祥表示,今年5月,习近平主席同欧盟领导人就中欧建交50周年互致贺电,为深化中欧合作指明了方向。我们要在双方领导人战略引领下,加强环境与气候务实合作,为中欧和全球可持续发展作出更大贡献。
丁薛祥指出,中国高度重视生态环境保护和应对气候变化工作,制定实施一系列务实举措,经济社会发展全面绿色转型取得显著成效。无论国际形势如何变化,中国都将坚定推动绿色低碳发展,采取有力措施参与全球环境气候治理。中方愿同欧方一道,坚持高层对话交流,形成更多共识,深化绿色伙伴关系。坚持互利共赢,不断拓展能源、循环经济等重点领域合作深度广度,共同支持其他发展中国家绿色低碳发展。坚持相互协同,进一步展现领导力,推动构建公平合理、合作共赢的全球环境气候治理体系。
里贝拉表示,欧盟愿以欧中建交50周年为契机,同中方进一步巩固已有合作,努力寻找更多合作新机会,坚持多边主义,推动《巴黎协定》有效实施,向世界传递共同应对环境和气候挑战的积极信号。
在对话会上,双方有关部门围绕共同应对气候挑战、保护生态环境等议题,总结第五次高层对话以来的合作成果,对下一步深化合作进行了交流。(完)
图说:7月14日下午,中共中央政治局常委、国务院副总理丁薛祥在北京同欧盟委员会执行副主席里贝拉举行第六次中欧环境与气候高层对话。 新华社记者 张领 摄