China
“AI နည်းပြ” ဖြင့် ယာဉ်မောင်းသင်မှု အားဖြည့်ပေး

တုန်းယန် (ကျဲ့ကျန်း)၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
နွေရာသီကာလသည် မြို့သူ၊ မြို့သားများ ယာဉ်မောင်းသင်မှု အထွတ်အထိပ်ကာလဖြစ်သည်။ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကျင်းဟွာမြို့ရှိ ပထမဆုံး AI ဉာဏ်ရည်ထည့်သွင်းထားသော ယာဉ်မောင်းသင်တန်းကျောင်း ဖြစ်သည့် တုန်းယန်မြို့ ရှင်းလုံ ယာဉ်မောင်းသင်တန်းကျောင်း၌ ဘာသာရပ် (၂) လေ့ကျင့်ရေးကွင်းပေါ်တွင် မောင်းနှင်သွားလာနေသော AI ဉာဏ်ရည်ထည့်သွင်းထားသော နည်းပြသင်ကြားရေးယာဉ်တိုင်း၏ ယာဉ်မောင်း၏ ဘေးနေရာတွင် လူသားအစစ်နည်းပြမရှိဘဲ “AI နည်းပြ” ဖြင့် အစားထိုးထားသည်။
အဆိုပါယာဉ်မောင်းသင်တန်းကျောင်းသည် AI ဉာဏ်ရည်ထည့်သွင်းထားသော သင်ကြားရေးစနစ်ကို အသုံးပြုထားပြီး AI ဉာဏ်ရည်ထည့်သွင်းထားသော နည်းပြသင်ကြားရေးယာဉ်၊ အခန်းတွင်းမောင်းနှင်မှု ပုံတူပြုထားမှုအခန်းနှင့် AI ဉာဏ်ရည်ထည့်သွင်းထားသော အချက်အလက်စနစ်များ ပါဝင်ပေသည်။
AI ဉာဏ်ရည်ထည့်သွင်းထားသော နည်းပြသင်ကြားရေးယာဉ်တိုင်းတွင် ယာဉ်၏ “မျက်လုံး” နှင့် “ဦးနှောက်” အဖြစ် လုပ်ဆောင်မည့် ယာဉ်ပေါ်ပါ ရေဒါ ၁၆ ခုနှင့် အမြင်အာရုံစက်ပစ္စည်းနှင့် ဉာဏ်ရည်ထည့်သွင်းထားသော စနစ်များ တွဲဖက်ပါဝင်သည်။ အားကောင်းသော လူနှင့်စက်ရုပ် အပြန်အလှန်ဖလှယ်သည့်လုပ်ဆောင်ချက်ဖြင့် “AI နည်းပြ” က သင်တန်းသား၊ သင်တန်းသူများအပေါ် အပြည့်အဝကူညီပေးမှုနှင့် လမ်းညွှန်မှုများ လုပ်ဆောင်ပေးသည်။ စနစ်တွင် လုံခြုံရေးအရကြိုတင်ကာကွယ်ရေးအစီအစဉ်လည်း ကြိုတင်ထည့်သွင်းထားသဖြင့် သင်တန်းသား၊ သင်တန်းသူ၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်သည်။
လက်ရှိတွင် ကျဲ့ကျန်းပြည်နယ်၌ ပိုမိုများပြားသော AI ဉာဏ်ရည်ထည့်သွင်းထားသော ယာဉ်မောင်းသင်တန်းကျောင်းများ တည်ဆောက်ရန် တွန်းအားပေးဖော်ဆောင်လျက်ရှိပြီး ဉာဏ်ရည်တု (AI) ကို ယာဉ်မောင်းသင်တန်းကျောင်းအတွင်းထိ အသုံးပြုလာကာ ယာဉ်မောင်းနှင်မှု လေ့ကျင့်သင်ကြားရေးလုပ်ငန်းတွင် ပိုမိုဉာဏ်ရည်ရှိလာပြီး ပိုမိုထိရောက်မှုရှိလာအောင် အားဖြည့်ပေးလျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် တုန်းယန်မြို့ ရှင်းလုံ ယာဉ်မောင်းသင်တန်းကျောင်း၌ သင်တန်းသူက AI သင်ကြားရေးစနစ် တပ်ဆင်ထားသော AI ဉာဏ်ရည်ထည့်သွင်းထားသော နည်းပြသင်ကြားရေးယာဉ်ကို တစ်ကိုယ်တည်း မောင်းနှင်ကာ ဘာသာရပ် (၂) အတွက် လေ့ကျင့်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် တုန်းယန်မြို့ ရှင်းလုံ ယာဉ်မောင်းသင်တန်းကျောင်း၌ သင်တန်းသူက AI သင်ကြားရေးစနစ် တပ်ဆင်ထားသော AI ဉာဏ်ရည်ထည့်သွင်းထားသော နည်းပြသင်ကြားရေးယာဉ်ကို တစ်ကိုယ်တည်း မောင်းနှင်ကာ ဘာသာရပ် (၂) အတွက် ကွေ့ခြင်း၊ ကားနောက်ဆုတ်ပါကင်ထိုးခြင်း စသည်တို့အား လေ့ကျင့်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် တုန်းယန်မြို့ ရှင်းလုံ ယာဉ်မောင်းသင်တန်းကျောင်း၌ နည်းပြဆရာက AI ဉာဏ်ရည်ထည့်သွင်းထားသော နည်းပြသင်ကြားရေးယာဉ် မောင်းနှင်မှုအခြေအနေအား အချိန်ပြည့် စောင့်ကြည့်ရေးကင်မရာမှ ဂရုပြုကြည့်ရှုနေပြီး အချိန်မရွေး သင်တန်းသားနှင့် ဆက်သွယ်ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
智绘中国·一招鲜|“AI教练”助力学车
新华社照片,东阳(浙江),2025年7月15日
暑期是市民学车的高峰时期,在浙江省金华市首家AI智能驾校——东阳市鑫龙驾校内,科目二训练场上行驶中的每辆AI智能教练车的副驾位置上都没有真人教练,取而代之的是“AI教练”。
该驾校引入AI智能教学系统,涵盖AI智能教练车、室内驾驶舱和AI智能数据系统。每辆AI智能教练车配有16个车载雷达以及视觉设备和智能系统,充当车辆“眼睛”和“大脑”,通过强大的人机交互功能,让“AI教练”对学员进行全面辅助和指导。系统还预设了安全防范程序,确保学员安全。
目前,浙江省已推动建设更多AI智慧驾校,将人工智能科技引入驾驶校园,助力驾培行业更具智慧、更加高效。
1、2:7月5日,学员独立驾驶装有AI教学系统的AI智能教练车进行科目二练习。新华社发(包康轩 摄)
3:7月2日,学员们独立驾驶装有AI教学系统的AI智能教练车进行科目二的转弯、倒库等练习(无人机照片)。新华社发(包康轩 摄)
4:7月2日,驾校教练通过实时监控关注AI智能教练车行驶情况,并可随时与学员语音交流。新华社发(包康轩 摄)