Asia
တရုတ်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကြီးမား

ဒါကာ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း တရုတ်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုက ကြွယ်ဝတဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်။ အခု ကျွန်တော်တို့က ဒီလိုမျိုးပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်ထိ မြှင့်တင်ဖို့ အလားအလာ ရှိလာပါတယ်” ဟု မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေးရုံး လက်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (BIDA) အကြီးအကဲ Nahian Rahman Rochi က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ဆင်ဟွာသတင်းထောက် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
လတ်တလောနှစ်ပိုင်းတွင် တရုတ်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် ၁၅ နှစ်ဆက်တိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ခဲ့သည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တရုတ်လုပ်ငန်းကုမ္ပဏီ တစ်ထောင်နီးပါး လည်ပတ်လျက်ရှိကြောင်း သိရသည်။ “တရုတ်နိုင်ငံက ကျွန်တော်တို့အတွက် အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်များအနက်တစ်ခုဖြစ်ပါတယ်” ဟု Nahian Rahman Rochi က ပြောကြားခဲ့သည်။
နှစ်ဖက် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရလဒ်များအား ပြန်လည်အောက်မေ့ရာတွင် Nahian Rahman Rochi က “ကြာရှည်တဲ့ကာလအတွင်း ကျွန်တော်တို့ အခြေခံအဆောက်အဦ စီမံကိန်းအမျိုးမျိုး ဖော်ဆောင်ရာမှာ တရုတ်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ရဲ့ အင်တိုက်အားတိုက် ပံ့ပိုးပေးမှုတွေ ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံက အထည်ချုပ် စတဲ့ကဏ္ဍတွေမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေက ဆေးဝါးထုတ်လုပ်မှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ စတဲ့ကဏ္ဍတွေကိုလည်း စိတ်ဝင်စားမှုရှိပါတယ်။ ဒါတွေက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး တိုးချဲ့ရမယ့်လားရာတွေ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
နှစ်နိုင်ငံက ကုန်ထုတ်လုပ်ငန်းကွင်းဆက်မှာ နက်ရှိုင်းစွာ အပြန်အလှန်ဖြည့်ဆည်းပေးနိုင်သည်ဟု Nahian Rahman Rochi က ယူဆသည်။ “တရုတ်နိုင်ငံက အရင်းအနှီးသိပ်သည်းမှုပုံစံနဲ့ အဆင့်မြင့်နည်းပညာ အဆင့်တွေမှာ အာရုံစိုက်နိုင်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ကုန်ထုတ်လုပ်မှုစင်တာ ဖြစ်လာနိုင်ခြေရှိပြီး တရုတ်လုပ်ငန်းကုမ္ပဏီတွေ ကမ္ဘာ့ဈေးကွက်ကို ဝန်ဆောင်မှုပေးဖို့အတွက် အားကောင်းတဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
စွမ်းအင် စဉ်ဆက်မပြတ်ရှိမှုသည် လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရင်ဆိုင်နေရသည့် အရေးကြီး စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း Nahian Rahman Rochi က ပွင့်လင်းစွာဆိုခဲ့သည်။ “ကျွန်တော်တို့က စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ငြိမ်တဲ့ စွမ်းအင်အရင်းအမြစ် ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်၊ ရေအားလျှပ်စစ် စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အင်တိုက်အားတိုက် စူးစမ်းဖော်ဆောင်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ထိရောက်စွာအသုံးပြုမှုဆီ လှမ်းချီရာမှာ ကူညီပေးဖို့ တရုတ်နိုင်ငံက ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အောင်မြင်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်သည့် အတွေ့အကြုံကို Nahian Rahman Rochi က များစွာချီးကျူးခဲ့သည်။ “တရုတ်နိုင်ငံက မိမိနိုင်ငံ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးတဲ့လမ်းမှာ လူအများက အံ့ဩချီးကျူးရတဲ့ ရလဒ်တွေ ရရှိခဲ့တာကြောင့် ကျွန်တော်တို့ လေ့လာသင်ယူထိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုပ်ငန်းအသစ် စီစဉ်ရေးဆွဲတာ သို့မဟုတ် အစီအမံအသစ်တွေ တွန်းအားပေးဖော်ဆောင်ချိန်တိုင်းမှာ တရုတ်နိုင်ငံက အစဉ်အမြဲ ကျွန်တော်တို့ ဦးစွာ မှီငြမ်းတဲ့နိုင်ငံဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေသတွင်းကုန်ထုတ်လုပ်ငန်းစင်တာဖြစ်လာဖို့နဲ့ ယှဉ်ပြိုင်မှုစွမ်းရည် ပိုမိုရှိတဲ့ ဒစ်ဂျစ်တယ်စီးပွားရေး တည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါတွေက တရုတ်နိုင်ငံနဲ့ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မကင်းကွာနိုင်ပါဘူး” ဟု Nahian Rahman Rochi က ပြောကြားခဲ့သည်။
အနာဂတ်ကို မျှော်မှန်းရာတွင် Nahian Rahman Rochi က နှစ်နိုင်ငံ ကုန်သွယ်စီးပွားရေး ဆက်ဆံမှု တစ်ဆင့်တိုး တိုးတက်လာရန် မျှော်လင့်လျက်ရှိသည်။ “တရုတ်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်စီးပွားရေးရဲ့ ကြွယ်ဝတဲ့ ရလဒ်တွေက အလွန် ကောင်းတဲ့ စမှတ်တစ်ခုဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ ပိုမိုများပြားတဲ့ ကဏ္ဍဆီ လှမ်းချီဖို့အတွက် ခိုင်မြဲတဲ့အခြေခံပံ့ပိုးပေးလိုက်ပါတယ်။ နှစ်ဖက်က ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေကို ဆက်လက်ဖော်ထုတ်သွားဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
专访|中孟经贸合作潜力巨大——访孟加拉国投资发展局业务发展主管罗奇
新华社达卡7月16日电 新华社记者孙楠
“过去50年,中孟经贸合作取得丰硕成果,现在我们有潜力将这种合作提升到新的高度。”孟加拉国临时政府首席顾问办公室下属投资发展局业务发展主管纳哈扬·拉赫曼·罗奇日前接受新华社记者专访时说。
近年来,中孟经贸合作实现高水平发展。中国连续15年成为孟加拉国第一大贸易伙伴。目前,有近千家中国企业在孟经营。“中国对我们来说非常重要,是我们最重要的投资伙伴之一。”罗奇说。
回顾双方经贸合作成果,罗奇说:“长期以来,我们在开发各类基础设施项目时得到中国合作伙伴大力支持。中国还在成衣等领域对孟加拉国进行投资。目前,中国投资者对制药、可再生能源、信息通信技术等领域也充满兴趣,这是我们进一步拓展合作的方向。”
罗奇认为,两国可在产业链上实现深度互补。“中国可聚焦资本密集型和高技术环节,而孟加拉国则有望成为制造中心,为中国企业服务全球市场提供有力支撑。”
罗奇坦言,能源可持续性是当前孟加拉国面临的一项关键挑战。“我们需要为工业发展提供稳定能源来源,因此正大力探索太阳能、风能、水电等可再生能源。我相信,中国是帮助孟加拉国迈向高效利用可再生能源的理想合作伙伴。”
罗奇高度评价中国的经济发展成就和吸引外资经验。“中国在推动本国工业发展的道路上取得了令人赞叹的成绩,值得我们借鉴。每当孟加拉国规划新产业或推进新举措时,中国总是我们首先参考的对象。”
罗奇表示:“孟加拉国正努力成为区域制造业中心,并建设更具竞争力的数字经济,这些都离不开与中国更深层次的合作。”
展望未来,罗奇期待两国经贸关系进一步发展。“中孟经贸合作的丰硕成果是一个很好的起点,为我们向更多领域迈进提供了坚实基础,期待双方持续开发经贸合作潜力。”(完)
图说:7月3日,孟加拉国临时政府首席顾问办公室下属投资发展局业务发展主管纳哈扬·拉赫曼·罗奇在达卡接受新华社记者专访。 新华社发(哈比卜·拉赫曼摄)