Connect with us

Africa & Middle East

“ဆီးရီးယားနယ်စပ်” သို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်စေလွှတ်ရန် အစ္စရေး ဆုံးဖြတ်

အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသတွင် ဂိုလန်ကုန်းမြင့်ကြားခံဇုန် အနီးတစ်ဝိုက်၌ ဒရုစ်အသိုင်းအဝိုင်းများ စုဝေးနေသည်ကို ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂိုလန်ကုန်းမြင့်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်သည် ဇူလိုင် ၁၆ ရက်တွင် ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့ရှိ ဆီးရီးယားအစိုးရ၏ စစ်ဌာနချုပ်ဝင်ပေါက်ကို တိုက်ခိုက်ခဲ့ကြောင်း၊ အစ္စရေးစစ်တပ်သည် ဆီးရီးယားအခြေအနေ တိုးတက်မှုနှင့် အဆိုပါအစိုးရက ဆီးရီးယားနိုင်ငံ တောင်ပိုင်းရှိ ဒရုစ်အသိုင်းအဝိုင်းအား ဦးတည်သော လှုပ်ရှားမှုကို ဆက်လက်အာရုံစိုက်သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်က အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့နောက် အစ္စရေးစစ်တပ်သည် “ဆီးရီးယားနယ်စပ်” သို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ကြေညာချက် ထပ်မံထုတ်ပြန်ခဲ့သည်။

ဒရုစ်အသိုင်းအဝိုင်းများသည် ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေးနှင့် အစ္စရေး သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသတွင် အဓိကဖြန့်ကြက်နေထိုင်ကြပြီး အစ္စရေးနှင့် ဆီးရီးယား ဒရုစ်အသိုင်းအဝိုင်းသည် နက်ရှိုင်းသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု ဆက်နွှယ်မှုများရှိကြသည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် ဆီးရီးယားနိုင်ငံရေးပြောင်းလဲခဲ့ပြီးနောက် အစ္စရေးသည် “မိမိကိုယ်ကိုယ် ကာကွယ်ခြင်း” ဟူသော အကြောင်းပြချက်ဖြင့် ဂိုလန်ကုန်းမြင့် ကြားခံဇုန်နှင့် ကပ်လျက်ရှိသော ဒေသများကို တပ်ဖွဲ့ဝင်များစေလွှတ်၍ သိမ်းပိုက်ခဲ့ပြီး ဒရုစ်အသိုင်းအဝိုင်း လူဦးရေများသော Sweida စသည့် ဆီးရီးယားတောင်ပိုင်းပြည်နယ် ၃ ခု၏ “စစ်ရေးလုံးဝကင်းစင်ရန်” လူသိရှင်ကြား တောင်းဆိုခဲ့ရာ ဆီးရီးယားအစိုးရတပ်ဖွဲ့များ သို့မဟုတ် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များ ဆီးရီးယားတောင်ပိုင်းသို့ ဝင်ရောက်ခြင်း သို့မဟုတ် ယင်းဒေသများတွင် အခြေစိုက်ခြင်းကို ငြင်းဆိုခဲ့သည်။ (Xinhua)

အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသတွင် အစ္စရေးနယ်ခြားစောင့်တပ်များအား ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
以色列决定向“叙边境”增兵
新华社照片,戈兰高地,2025年7月17日
以色列军方16日发表声明说,以军当天打击了叙政权位于大马士革军事总部的入口。以军将持续关注叙利亚局势发展以及该政权针对叙南部德鲁兹人的行动。以军随后又发表声明说,以军决定向“叙边境”增派兵力。
德鲁兹人主要分布在叙利亚、黎巴嫩、以色列和以方占领的戈兰高地,以色列与叙利亚德鲁兹社区有着深厚历史和文化联系。去年12月叙利亚剧变后,以色列以“自卫”为由,趁机出兵占领戈兰高地缓冲区及毗邻地区,公开要求德鲁兹人众多的苏韦达等叙南部三省“彻底非军事化”,拒绝叙政权部队或其他武装进入叙南部或在叙南部立足。
图说1:7月16日,在以色列占领的戈兰高地,德鲁兹人聚集在戈兰高地缓冲区附近。 新华社发(贾马尔·阿瓦德摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.