Connect with us

Africa & Middle East

ဆီးရီးယား နယ်စပ်အနီး စစ်လေယာဉ်အား တူရကီ ပစ်ချ

ရုရှား လေတပ်၏ SU-24M စစ်လေယာဉ် အား တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဒမာစကတ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တူရကီ လေပိုင်နက်သို့ ကျူးကျော် ဝင်ရောက်လာသည့် တိုက်လေယာဉ် တစ်စင်းအား တူရကီ နယ်စပ် ဆီးရီးယား ဘက်ခြမ်း၌ နိုဝင်ဘာလ ၂၄ ရက်၌ ပစ်ချလိုက်ကြောင်း တူရကီ စစ်တပ် သတင်း ရင်းမြစ်အား ကိုးကား၍ တူရကီ ပုဂ္ဂလိက သတင်းဋ္ဌာန NTV သတင်း ချန်နယ်တွင် ဖော်ပြထားသည်။

အဆိုပါ လေယာဉ်သည် မည်သည့် နိုင်ငံက ပိုင်ဆိုင်ကြောင်း ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း သတင်း ရင်းမြစ်က ဆိုသည်။

ဆီးရီးယား၏ Pan-Arab al-Mayadeen TV တွင် တူရကီ စစ်တပ် သတင်းရင်းမြစ်က ယင်းလေယာဉ်အား တူရ ကီ တိုက်လေယာဉ် F-16 ဂျက်လေယာဉ်က ပစ်ချခဲ့ခြင်း ဖြစ်သည်။ လေယာဉ် ပျက်ကျမသွားမီ လေယာဉ်မှူး များက လေထီးဖြင့် ခုန်ချ လွတ်မြောက် သွားခဲ့ကြောင်း တီဗွီသတင်းတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံကလည်း လွန်ခဲ့သော စနေ၊ တနင်္ဂနွေ ရက်များကတည်းက ထိုဒေသများအတွင်း လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်နေခဲ့သည်။တူရကီ အစိုးရသည် ထိုဒေသများအတွင်း တူရကီ အုပ်စုများအား ပစ်မှတ်ထားသည့် စစ်ဆင်ရေးများကို ရပ်တန့် ရန် ရုရှားအား ယခင်ကတည်းက သတိပေးထားခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသည် အန်ကာရာရှိ ရုရှား သံတမန်အား နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဆင့်ခေါ် ၍ ဆီးရီးယား မြောက်ပိုင်းတွင်ရှိသော တူရကီရွာများအား လေကြောင်းတိုက်ခိုက်မှုများမှ ကာကွယ်ပေးရန် ပြောဆိုခဲ့သည်။မေလကလည်း ဆီးရီးယား လေယာဉ် တစ်စင်းအား တူရကီ လေပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက်ခဲ့ ခြင်းကြောင့် ပစ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)