Europe
ဆဋ္ဌမအကြိမ် တရုတ်-ခရိုအေးရှား ရဲတပ်ဖွဲ့ဝင်များ ပူးတွဲကင်းလှည့်မှု ဇာဂရက်မြို့တွင် စတင်

ဇာဂရက်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ဆဋ္ဌမအကြိမ် တရုတ်-ခရိုအေးရှား ရဲတပ်ဖွဲ့ဝင်များ ပူးတွဲကင်းလှည့်မှုကို ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့တွင် ဇူလိုင် ၁၇ ရက်က စတင်ခဲ့ကြောင်း သိရသည်။ တရုတ်လူမျိုး ခရီးသွားများအတွက် ခရိုအေးရှားနိုင်ငံရှိ ထိပ်တန်း ခရီးသွားနေရာ လေးခုဖြစ်သည့် ဇာဂရက်၊ Dubrovnik၊ Zadar နှင့် Plitvice Lakes National Park တို့တွင် တစ်လတာကြာမြင့်မည့် ဤပူးတွဲကင်းလှည့်မှု အစီအစဉ်တွင် တရုတ်နိုင်ငံမှ ရဲအရာရှိ ရှစ်ဦး ပါဝင်ခဲ့သည်။
အဆိုပါ ဆဋ္ဌမအကြိမ် တရုတ်-ခရိုအေးရှား ရဲတပ်ဖွဲ့ဝင်များ ပူးတွဲကင်းလှည့်မှု ဖွင့်ပွဲအခမ်းအနားတွင် ခရိုအေးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချီချန်ကျင့် က ပူးတွဲကင်းလှည့်ခြင်းသည် တရုတ်-ခရိုအေးရှား ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု၏ သင်္ကေတတစ်ခုဖြစ်လာကြောင်း ပြောကြားခဲ့ပြီး အခြားနယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဖော်ထုတ်ရန် တရုတ်နိုင်ငံက ခရိုအေးရှားနိုင်ငံနှင့်အတူ လုပ်ဆောင်လိုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ခရိုအေးရှားနိုင်ငံ ရဲချုပ်ရုံး၏ ကိုယ်စားလှယ် Ante Maric ကလည်း နှစ်နိုင်ငံရဲအရာရှိများသည် ပူးတွဲကင်းလှည့်မှုတွင် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ထိုဆောင်ရွက်ချက်သည် ခရိုအေးရှားနိုင်ငံကို ပိုမိုဘေးကင်းသော ခရီးသွားနေရာတစ်ခု ဖြစ်လာစေရန် အထောက်အကူပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ရဲတပ်ဖွဲ့ဝင်များ ပူးတွဲကင်းလှည့်မှု အစီအစဉ်တွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်တွင် စတင်ပါဝင်ခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်နိုင်ငံမှ ရဲအရာရှိ စုစုပေါင်း ၄၆ ဦးသည် အဆိုပါပူးတွဲကင်းလှည့်မှု အစီအစဉ်တွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
————————
English Version
6th China-Croatia joint police patrol launched in Zagreb
ZAGREB, July 17 (Xinhua) — The sixth China-Croatia joint police patrol was launched here on Thursday, with eight Chinese police officers joining the one-month mission in four of Croatia’s top destinations for Chinese tourists, including Zagreb, Dubrovnik, Zadar, and Plitvice Lakes National Park.
Addressing the launching ceremony, Chinese Ambassador to Croatia Qi Qianjin said the joint police patrol has become a symbol of China-Croatia cooperation and friendship, adding that China is willing to work with Croatia to tap the potential for cooperation in other areas.
Ante Maric, representative of the Croatian Police General Administration, said that the police officers of the two countries have cooperated well in the joint patrol, which has contributed to making Croatia a safer tourist destination.
China joined the project for the first time in 2018. Since then, a total of 46 Chinese police officers have participated in the joint patrol.
English Caption
Chinese police officers attend the launching ceremony of the sixth China-Croatia joint police patrol in Zagreb, Croatia, on July 17, 2025. (Xinhua/Li Xuejun)