China
တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရှင်းချိန်မြို့က “ပိတ်စ တစ်ပေ” ဖြင့် “စီးပွားရေးလုပ်ငန်းကြီး” ဖြစ်မြောက်အောင် ဆောင်ရွက်

ဟူလူသောင် (လျောင်နင်)၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရှင်းချိန်မြို့သည် ပေါ်ဟိုင်ပင်လယ် ကမ်းခြေ၊ လျောင်ရှီးစင်္ကြံ အလယ်ပိုင်းတွင် တည်ရှိပြီး ရေကူးဝတ်စုံ ထုတ်လုပ်မှုလုပ်ငန်းဖြင့် နာမည်ကျော်ကြားသည်။ ရှင်းချိန်မြို့ ရေကူးဝတ်စုံ ထုတ်လုပ်မှုလုပ်ငန်းသည် ၁၉၈၀ ပြည့်လွန်နှစ်များက စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့အခါ နှစ်ပေါင်း ၄၀ ကျော်ကြာ ဖွံ့ဖြိုးတိုးတက်သည့် သမိုင်းရှိပြီဖြစ်သည်။
ပင်လယ်ကမ်းခြေ အပန်းဖြေလုပ်ငန်းများက ရေကူးဝတ်စုံ ဝယ်ယူကြသည်မှစ၍ ဒေသခံများသည် မိမိဘာသာ စက်ရုံထောင်၍ ရေကူးဝတ်စုံထုတ်လုပ်ကြသည် အထိ၊ တစ်နိုင်တစ်ပိုင်အလုပ်ရုံ၊ ကမ်းခြေတွင် ခြင်းလေးများဆွဲကာ ရောင်းချရာမှ စမတ်အသွင် ထုတ်လုပ်မှု၊ ကမ္ဘာလုံးဆိုင်ရာ E-Commerce ရောင်းချမှုအထိ တိုးတက်လာခဲ့ရာ ယနေ့ ရှင်းချိန်မြို့သည် ရေကူးဝတ်စုံ ထုတ်လုပ်မှုလုပ်ငန်းပေါင်း ၁,၃၀၀ ကျော်၊ နှစ်စဉ် ပျမ်းမျှ ထုတ်လုပ်မှုပမာဏ အထည်ရေ (အစုံ) သန်းပေါင်း ၁၇၀ ခန့် အထိရှိပြီး ပြည်တွင်းဈေးကွက်၏ ၄၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်ထားကာ နှစ်စဉ် ထုတ်လုပ်မှုတန်ဖိုး ယွမ် ၁၅ ဘီလီယံ အထိ ရှိလာပြီဖြစ်သည်။ (Xinhua)

၁၉၉၀ ပြည့်လွန်နှစ်များက တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရှင်းချိန်မြို့ရှိ ရေကူးဝတ်စုံစက်ရုံ ထုတ်လုပ်ရေးအလုပ်ရုံအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရှင်းချိန်မြို့ရှိ ဆန်းချီအထည်ချုပ်ကုမ္ပဏီ၏ ထုတ်လုပ်ရေးအလုပ်ရုံးတွင် ရေကူးဝတ်စုံ ချုပ်နေကြသော အလုပ်သမားများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရှင်းချိန်မြို့ရှိ ရင်းဟွာ ရေကူးဝတ်စုံထုတ်လုပ်ရေးကုမ္ပဏီ အရောင်းဌာနက အွန်လိုင်းတွင် ရောင်းချသည့် လည်ပတ်မှုနှင့် ပြင်ဆင်မှုအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရှင်းချိန်မြို့ရှိ ဆန်းချီအထည်ချုပ်ကုမ္ပဏီ၏ ထုတ်လုပ်ရေးအလုပ်ရုံးတွင် ရေကူးဝတ်စုံ ချုပ်နေကြသော အလုပ်သမားများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရှင်းချိန်မြို့ရှိ ရေကူးဝတ်စုံလုပ်ငန်း ထုတ်လုပ်ရေးအလုပ်ရုံတွင် ရေကူးဝတ်စုံ ချုပ်နေကြသော အလုပ်သမားများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
辽宁兴城:“一尺布”做成“大生意”
新华社照片,葫芦岛(辽宁),2025年7月18日
辽宁省兴城市位于渤海之滨、辽西走廊中部,以泳装产业闻名。兴城泳装产业始于20世纪80年代,至今已有40多年的发展历史。从依托海滨度假产业消费泳装到当地人自己办厂生产泳装,从私人作坊、沙滩提篮叫卖到智能化生产、全球电商销售,如今的兴城,泳装生产企业达到1300余户,年均产量约1.7亿件(套),占国内市场份额40%以上,年产值达150亿元。
1. 7月15日,工作人员在兴城一家泳装企业电商部直播带货。 新华社记者 李钢 摄
2. 这是20世纪90年代兴城一家泳装厂的生产车间(资料照片)。新华社发
3,5. 7月16日,工作人员在兴城三奇制衣有限公司的生产车间缝制泳衣。新华社记者 潘昱龙 摄
4. 7月15日,工作人员在兴城英华泳业制衣有限公司销售部进行网上销售的运营与维护。新华社记者 潘昱龙 摄
6. 7月15日,工作人员在兴城一家泳装企业生产车间缝制泳衣。新华社记者 李钢 摄