International Organizations
ဆီးရီးယားအား အစ္စရေး၏ စစ်ရေးတိုက်ခိုက်မှုများကို တရုတ်သံတမန် ရှုတ်ချ

ကုလသမဂ္ဂ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံအား အစ္စရေးနိုင်ငံ၏ စစ်ရေးတိုက်ခိုက်မှုများကို တရုတ်နိုင်ငံ သံတမန်က ဇူလိုင် ၁၇ ရက်၌ ရှုတ်ချခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံ တောင်ပိုင်း၌ အခြေအနေ မငြိမ်မသက်ဖြစ်နေချိန်တွင် အစ္စရေးက ဆီးရီးယားနိုင်ငံ ဆွီဒါမြို့၊ ဒါရာမြို့နှင့် ဒမတ်စကပ်စ်မြို့တို့အား မကြာမီက လေကြောင်းတိုက်ခိုက်မှု အများအပြား လုပ်ဆောင်ခဲ့သည်။ နိုင်ငံတကာ ဥပဒေအား အကြီးအကျယ်ချိုးဖောက်ကာ ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုတို့ကို ထိပါးချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံ၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ နိုင်ငံရေး အသွင်ကူးပြောင်းမှုအပေါ် နောက်ဆက်တွဲဆိုးကျိုးများ ထပ်မံဖြစ်ပေါ်စေသည့် အစ္စရေး၏ လုပ်ရပ်များကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ရှုတ်ချကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ပြောကြားခဲ့သည်။
“အစ္စရေးအနေနဲ့ ဆီးရီးယားအပေါ် စစ်ရေးတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဆီးရီးယား နယ်မြေထဲကနေ အမြန်ဆုံးဆုတ်ခွာသွားဖို့ တိုက်တွန်းပါတယ်” ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက ဂိုလန်ကုန်းမြင့်ဒေသအား သိမ်းပိုက်ခံ ဆီးရီးယားနယ်မြေအဖြစ် အသိအမှတ်ပြုကြောင်း၊ ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ညီညွတ်မှုနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုတို့ကို လေးစားသင့်ကြောင်း၊ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကိုလည်း အကောင်အထည်ဖော်သင့်ကြောင်း၊ ထို့အတူ အစ္စရေးနှင့် ဆီးရီးယားနိုင်ငံတို့အကြား တပ်များရုပ်သိမ်းရေးဆိုင်ရာ ၁၉၇၄ ခုနှစ် သဘောတူညီချက်ကိုလည်း လိုက်နာစောင့်ထိန်းသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆွီဒါမြို့တွင် လူမျိုးရေးတင်းမာမှုများနှင့် နောက်ဆက်တွဲအနေဖြင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေခြင်းက ဆီးရီးယားနိုင်ငံ၏ လက်ရှိအခြေအနေမှာ ရှုပ်ထွေး၍ ထိလွယ်ရှလွယ် ရှိနေဆဲဖြစ်သည်ကို ထပ်မံညွှန်ပြနေခြင်းဖြစ်ကာ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ဖော်ဆောင်ရာတွင် ထိတ်လန့်ဖွယ် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်ကြောင်း ကိန်းက ဆိုသည်။
သို့ဖြစ်၍ လုံခြုံရေးအခြေအနေကို တည်ငြိမ်အောင်ထိန်းသိမ်းကာ လူမှုရေးဆိုင်ရာ တည်ငြိမ်မှုကို အမြန်ဆုံး ပြန်လည်ထိန်းသိမ်းနိုင်ရန် အလွန်အရေးကြီးကြောင်း၊ ဆီးရီးယား ယာယီအစိုးရက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု ရရှိခဲ့သည်ကို တရုတ်နိုင်ငံအနေဖြင့် မှတ်သားမိပါကြောင်း၊ သက်ဆိုင်သူအားလုံးအနေဖြင့် အပစ်ရပ်စဲရေး သဘောတူညီမှုကို လိုက်နာပြီး တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကာ ရန်လိုမှုများကို အဆုံးသတ်၍ အခြေအနေ တင်းမာမှုများအား ဆောလျင်စွာ လျှော့ချရေးကို အထောက်အကူပေးရန် တရုတ်နိုင်ငံက တိုက်တွန်းပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
Chinese envoy condemns Israeli military strikes on Syria
UNITED NATIONS, July 17 (Xinhua) — A Chinese envoy on Thursday condemned Israeli military strikes on Syria and demanded an immediate end to them.
At a time when the situation in southern Syria is turbulent, Israel has recently launched multiple airstrikes on Sweida, Daraa and Damascus. China unequivocally condemns the Israeli actions, which gravely violate international law, infringe on Syria’s sovereignty, security, and territorial integrity, and bring new complications to Syria’s peace, stability, and political transition, said Geng Shuang, China’s deputy permanent representative to the United Nations.
“We call on Israel to immediately cease its military strikes on Syria and withdraw from Syrian territory as soon as possible,” he told an emergency meeting of the Security Council.
The international community recognizes the Golan as occupied Syrian territory. The sovereignty, unity and territorial integrity of Syria should be respected. The relevant Security Council resolutions should be implemented. And the 1974 Disengagement of Forces Agreement between Israel and Syria should be observed, he said.
Ethnic tensions and the ensuing violence in Sweida, once again, show that the current situation in Syria remains complex and fragile. Achieving peace and stability still faces daunting challenges, said Geng.
It is imperative to stabilize the security situation and restore social order as soon as possible. China has noted reports that the Syrian interim authorities have reached a ceasefire with the parties concerned. China calls on all parties to abide by the ceasefire agreement, remain calm and exercise restraint, cease hostilities, and promote an early de-escalation of the situation, he said.