China
ဥရောပကောင်စီ ဥက္ကဋ္ဌနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ တို့ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ပြီး ၂၅ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးကျင်းပမည်

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
တရုတ်-ဥရောပသမဂ္ဂ နှစ်ဖက်ဆွေးနွေးမှုအရ ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့သည် ဇူလိုင် ၂၄ ရက်တွင် တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဥက္ကဋ္ဌ António Costa၊ ဥက္ကဋ္ဌ Ursula von der Leyen တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်က ဥရောပသမဂ္ဂ ဥက္ကဋ္ဌ နှစ်ဦးနှင့်အတူ ၂၅ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးကို ကြီးမှူးကျင်းပသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂၁ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
—————–
(Chinese Version)
欧洲理事会主席、欧盟委员会主席将访华并举行第二十五次中国—欧盟领导人会晤
新华社北京7月21日电 外交部发言人7月21日宣布:经中欧双方商定,欧洲理事会主席科斯塔、欧盟委员会主席冯德莱恩将于7月24日访华。国家主席习近平将会见科斯塔主席和冯德莱恩主席,国务院总理李强将同欧盟两主席共同主持第二十五次中国—欧盟领导人会晤。(完)