Connect with us

Europe

ရုရှားနိုင်ငံနှင့် ဇူလိုင် ၂၃ ရက်တွင် တူကီယဲနိုင်ငံ၌ ဆွေးနွေးမည်ဟု ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး ပြောကြား

ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်၌ ကျင်းပမည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အထူးထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်တစ်ရပ်ကို ဇူလိုင် ၂၃ ရက်တွင် တူကီယဲနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဇူလိုင် ၂၁ ရက်က ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးနှင့် ပတ်သက်၍ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Rustem Umerov နှင့် ဆွေးနွေးခဲ့ကြောင်း ဇယ်လန်းစကီးက ၎င်း၏နေ့စဉ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ “Rustem Umerov က အစည်းအဝေးကို ဇူလိုင် ၂၃ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ မနက်ဖြန်မှ အသေးစိတ် ထပ်သိရပါမယ်” ဟု ဇယ်လန်းစကီးက ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Umerov သည် လွန်ခဲ့သည့်သီတင်းပတ်က အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးခံရခြင်းဖြစ်ပြီး တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲနှစ်ကြိမ်တွင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။
သို့သော်လည်း ရုရှားနိုင်ငံ၏ TASS သတင်းဌာနကမူ တတိယအကြိမ် ဆွေးနွေးပွဲများကို ဇူလိုင် ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ “အစည်းအဝေးကို ဇူလိုင် ၂၄ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး ကိုယ်စားလှယ်အဖွဲ့တွေက ၂၃ ရက်မှာ အစ္စတန်ဘူလ်ကို ရောက်လာနိုင်ပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံနှင့် ပတ်သက်၍ လျင်မြန်စွာ အဖြေရှာရန် အသင့်ရှိကြောင်း၊ သို့သော် အဓိကရည်ရွယ်ချက်မှာ ၎င်း၏ရည်မှန်းချက် ပန်းတိုင်များကို ရရှိရန်ဖြစ်ကြောင်း ကရင်မလင်နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
————————-
(English Version)
Zelensky says Ukraine, Russia to hold talks in Türkiye on Wednesday
KIEV, July 22 (Xinhua) — The next round of peace talks between Russia and Ukraine will be held Wednesday in Türkiye, Ukrainian President Volodymyr Zelensky said Monday.
In his daily address, Zelensky said he discussed with Rustem Umerov, secretary of the National Security and Defense Council, about the meeting. “Umerov said the meeting was scheduled for Wednesday. There will be more details tomorrow.”
Umerov, the former defense minister, was appointed to his current position last week and headed the Ukrainian delegation in the previous two talks in Istanbul, Türkiye.
However, Russia’s TASS news agency quoted a source as saying that the third round of talks will take place on Thursday. “The meeting is scheduled for July 24, the delegations may arrive in Istanbul on the 23rd,” the source said.
Kremlin spokesperson Dmitry Peskov said Sunday that Russia is ready to move quickly toward a settlement on Ukraine, but the main objective is to achieve its goals.

English Caption
Ukraine’s President Volodymyr Zelensky arrives at the European Union headquarters in Brussels, Belgium, on Feb. 9, 2023 for the EU member states’ special summit. (Xinhua/Zheng Huansong)