Africa & Middle East
ဆောဒီအာရေဗျ နိုင်ငံ တွင် အမျိုးသမီးများအား ယာဉ်မောင်းနှင်ခွင့် ပြန်လည် ခွင့်ပြုပြီးနောက် အမျိုးသမီး တစ်ဦး ၏ ကား မီးရှို့ဖျက်ဆီး ခံရ
ရီယတ် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျ နိုင်ငံ အမျိုးသမီး တစ်ဦး ပိုင်ဆိုင်သည့် ကား တစ်စီး သည် ယခု ရက်ပိုင်း အတွင်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း ဆော်ဒီအာရေဗျ နိုင်ငံ Makkah ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ဇူလိုင်လ ၃ ရက်နေ့၌ ပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ က Makkah ပြည်နယ် ရှိ အမျိုးသမီး တစ်ဦး ပိုင်ဆိုင်သည့် ကား သည် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ် အချိန်တွင် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်ပွား ပြီးနောက် ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆော်ဒီအာရေဗျ နိုင်ငံ သက်ဆိုင်ရာ အစိုးရ ဌာန တို့က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု နှင့် အခြား လူမှုရေး ပြဿနာ များ မဖြစ်ပွား စေရန် အတွက် ကာလတလျှောက် အမျိုးသမီး များအား ယာဉ်မောင်းနှင်ခွင့် ကို ပိတ်ပင် ခဲ့သည်။ သို့သော် ၂၀၁၈ ခုနှစ် ဇွန်လ မှ စတင်၍ ဆော်ဒီအာရေဗျ နိုင်ငံ တွင် အမျိုးသမီး များ တရားဝင် ယာဉ်မောင်းနှင်ခွင့် ပြန်လည် ရရှိခဲ့ပြီး ဇွန်လ ၂၄ ရက် တွင် လမ်းများပေါ် တွင် တရားဝင် မောင်းနှင်မှု များ စတင် ပြုလုပ် နိုင်ခဲ့သည်။
အမျိုးသမီးများ အား ယာဉ်မောင်း လိုင်စင် ထုတ်ပေးခြင်း သည် ဆော်ဒီအာရေဗျ နိုင်ငံ ပြည်သူလူထု အများအပြား ၏ ထောက်ခံအားပေးမှု ကို ရရှိခဲ့သော်လည်း အချို့ ရှေ့ရိုးစွဲ အတွေးအခေါ် သမား တို့၏ ဆန့်ကျင်ကန့်ကွက်မှု ကို ခံခဲ့ရကြောင်း သိရှိရသည်။(Xinhua)