Connect with us

China

တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

ပေကျင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
ယခုအကြိမ် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲနှင့်သက်ဆိုင်သည့် အခြေအနေအား တရုတ်နိုင်ငံဘက်က သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း ဆွီဒင်နိုင်ငံ၌ ကျင်းပသည့် အသစ်တစ်ကြိမ် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇူလိုင် ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားခဲ့သည်။
အမေရိကန်ဘက်က တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုတွင် ရရှိထားသည့် အရေးကြီးသဘောတူညီချက်အရ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးမှုယန္တရား အခန်းကဏ္ဍကို ကောင်းမွန်စွာ အသုံးပြုကာ တန်းတူညီမျှမှု၊ လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို အခြေခံ၍ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် သဘောတူညီချက်များ တိုးပွားစေရန်၊ နားလည်မှု လွဲမှားခြင်းများ လျော့နည်းစေရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန် ဆောင်ရွက်စေလိုကြောင်း၊ ပိုမိုများပြားသည့် နှစ်ဖက်အကျိုးဖြစ်ထွန်းသည့်ရလဒ် ရရှိရန် ကြိုးပမ်းကာ တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ တွန်းအားပေးရန် တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ဇူလိုင် ၂၈ ရက်မှ ၂၉ ရက်အထိ တရုတ်-အမေရိကန် နှစ်ဖက် ကုန်သွယ်စီးပွားဆိုင်ရာ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့သည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ အသစ်တစ်ကြိမ် ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ (Xinhua)

———————
(Chinese Version)
外交部发言人就中美经贸会谈答记者问
新华社北京7月30日电(记者马卓言、许可)外交部发言人郭嘉昆30日在例行记者会上就在瑞典举行的新一轮中美经贸会谈答问时表示,关于此次中美经贸会谈的情况,中方已经发布了消息。中方希望美方同中方一道,按照两国元首通话达成的重要共识,发挥好中美经贸磋商机制作用,在平等、尊重、互惠基础上,通过对话沟通增进共识、减少误解、加强合作,争取更多双赢成果,共同推动中美关系健康、稳定、可持续发展。
当地时间7月28日至29日,中美双方经贸团队在瑞典斯德哥尔摩举行新一轮经贸会谈。(完)