Latin America
ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲက “အလွန်ကောင်းတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု အာဂျင်တီးနား ဘိလိယက်ကစားသမား ဆို

ဗျူနိုအေးရိစ်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲကို ဩဂုတ် ၈ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲသည် “အလွန်ကောင်းတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ချိန်တူးမြို့သို့ သွားရောက်၍ ပြိုင်ပွဲဝင်မည့် အာဂျင်တီးနား ဘိလိယက်ကစားသမား Soledad Ayala က တွေ့ဆုံမေးမြန်းမှု၌ ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက ကောင်းမွန်တဲ့ အားကစားပြိုင်ပွဲတွေ မကြာခဏကျင်းပပါတယ်” ၊ ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲတွင် လက်တင်အမေရိကနှင့် အာဂျင်တီးနားပြိုင်ပွဲဝင်များအတွက် ဆုတံဆိပ် ဆွတ်ခူးပေးရန် မျှော်လင့်ကြောင်း Soledad Ayala က သတင်းထောက်ကို ပြောကြားခဲ့သည်။ မိမိအနေဖြင့် ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲတွင် “သာယာလှပတဲ့ အချိန်ကာလတစ်ခု ဖြတ်သန်းနိုင်” မည်မှာ သေချာသည်ဟု ၎င်းက အခိုင်အမာ ယုံကြည်လျက်ရှိသည်။
Soledad Ayala သည် ယခုနှစ်တွင် အသက် ၃၃ နှစ် ရှိပြီဖြစ်ပြီး ဘိလိယက်ကစားသမားနှင့် ကိတ်မုန့်ဆရာမ တစ်ဦးဖြစ်သည်။ ၎င်းသည် အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ဖြစ်သူ၏ အားပေးမှုဖြင့် ဘိလိယက်ကစားနည်းအား စတင်လေ့ကျင့်ခဲ့သည်။
“ကျွန်မက ဒီကစားနည်းကိုကြိုက်သလို ပြိုင်ပွဲဝင်ရတာလည်း သဘောကျတယ်။ ကျွန်မအမြဲကြိုးစားပြီး လေ့ကျင့်တယ်၊ ကိုယ့်ရဲ့အကောင်းဆုံးစွမ်းရည်ကို အစွမ်းကုန်ဖော်ပြပါတယ်” ဟု ၎င်းက ဆိုသည်။
“ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ကျွန်မသေချာပေါက်ပျော်ရမှာကို ကျွန်မသိတယ်။ ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲက အလွန်ကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့ အကြီးမားဆုံး မျှော်လင့်ချက်က အစွမ်းကုန် ကြိုးပမ်းသွားဖို့ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲ ဘိလိယက်ကစားနည်းပြိုင်ပွဲကို ဩဂုတ် ၁၀ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်းပို့ဆောင်ရေးတက္ကသိုလ် ထျန်းဖူကျောင်းဝန်း အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)
——————–
(Chinese Version)
阿根廷台球运动员:成都世运会“将是一场非常棒的赛事”
新华社布宜诺斯艾利斯7月31日电(记者张铎、孟鼎博)第12届世界运动会将于8月7日至17日在成都举行。将赴成都参赛的阿根廷台球运动员索莱达·阿亚拉接受采访时表示,成都世界运动会“将是一场非常棒的赛事”。
阿亚拉告诉记者,“中国经常举办精彩的运动会”,希望在成都世界运动会上为拉美和阿根廷选手争得荣誉。她确信,自己定能在成都世运会上“度过一段美好的时光”。
阿亚拉今年33岁,是一名台球运动员和糕点师。14岁时,她在父亲的鼓励下开始练习台球。“我热爱这项运动,也喜欢比赛,我一直在努力训练,尽全力发挥自己最好的一面。”她说,“作为一名参赛选手,我知道自己一定会过得很开心,成都世界运动会将是一场非常棒的赛事,我最大的期待就是全力以赴。”
第12届世界运动会台球项目的比赛将于8月10日至14日在中国民用航空飞行学院天府校区体育馆举行。(完)
图说:7月30日,阿根廷台球运动员索莱达·阿亚拉在训练中。 新华社发(马丁·萨巴拉摄)