Europe
တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲလေ့ကျင့်မှု စတင်

ဗလာဒီဗော့စ်တော့ခ်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)
တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲလေ့ကျင့်မှုကို ဩဂုတ် ၁ ရက်က ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့ စစ်ဘက်ဆိပ်ကမ်းတစ်ခု၌ စတင်ဖွင့်လှစ်ခဲ့သည်။
“မဟာဗျူဟာလမ်းကြောင်းလုံခြုံရေး ပူးတွဲကာကွယ်ထိန်းသိမ်း၍ အနောက်ပစိဖိတ် လုံခြုံရေး ခြိမ်းခြောက်မှုကို ပူးတွဲရင်ဆိုင်မည်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ယင်းလေ့ကျင့်မှုသည် တရုတ်-ရုရှား ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုးနက်ရှိုင်းစေရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတူကာကွယ်ထိန်းသိမ်းသည့် စွမ်းရည်အား မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါလေ့ကျင့်မှုကို ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့အနီးရှိ ပင်ယ်ပြင်နှင့်ဝေဟင်တွင် ပြုလုပ်ခြင်းဖြစ်ရာ ဩဂုတ် ၅ ရက်အထိ ဆက်တိုက်လုပ်ဆောင်သွားမည် ဖြစ်သည်။ ဆိပ်ကမ်းအစီအစဉ်အပိုင်းတွင် နှစ်ဖက်အနေဖြင့် ပူးတွဲအစီအစဉ် ရေးဆွဲခြင်းနှင့် ကျွမ်းကျင်ကဏ္ဍနှီးနှောဖလှယ်ခြင်းများနှင့်အတူ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ၊ ရေယာဉ်လေ့လာကြည့်ရှုခြင်း၊ ရေယာဉ် ကုန်းပတ်ဧည့်ခံပွဲ စသည့် ဖလှယ်ရေးအစီအစဉ်များ စီစဉ်ထားသည်။ ပင်လယ်ရေပြင် ပူးတွဲလေ့ကျင့်မှု ဖော်ဆောင်ရေးအပိုင်းတွင်မူ ရေငုပ်ကူညီကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောပူးတွဲတိုက်ဖျက်ရေး၊ လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးကျည်ကာကွယ်ရေး၊ ရေတပ်စစ်ဆင်ရေး စသည့် အခန်းကဏ္ဍများကို လေ့ကျင့်သွားမည်ဖြစ်သည်။
ထိုမတိုင်မီ နှစ်ဖက်လေ့ကျင့်ရေးစစ်အင်အားများသည် ဇူလိုင် ၃၁ ရက်က စုစည်းခဲ့ပြီးဖြစ်သည်။ တရုတ်ဘက်က ပါဝင်လေ့ကျင့်သည့် စစ်အင်အားတွင် ဒုံးကျည်ဖျက်သင်္ဘော ရှောက်ရှင်း၊ ဝူးလူမုချီ၊ ဘက်စုံထောက်ပံ့ရေးသင်္ဘော ချန်းသောင်ဟူ၊ ဘက်စုံကူညီကယ်ဆယ်ရေးသင်္ဘော ရှီးဟူနှင့်အတူ ပုံသေတောင်ပံလေယာဉ်၊ သင်္ဘောတင်လေယာဉ်၊ ရေတပ်တပ်ဖွဲ့ဝင် စသည်တို့ ပါဝင်သည်။ ရုရှားဘက်တွင်မူ အကြီးစား ရေငုပ်သင်္ဘောဖျက်သင်္ဘော “Admiral Tributs”၊ အပေါ့စားအစောင့်သင်္ဘော “Gromkiy”၊ အသက်ကယ်သင်္ဘော “Igor Belousov” နှင့်အတူ ပုံသေတောင်ပံလေယာဉ်၊ သင်္ဘောတင်လေယာဉ်၊ ရေတပ်တပ်ဖွဲ့ဝင် စသည်တို့ ပါဝင်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်မှစ၍ တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး” ဆိုင်ရာ လေ့ကျင့်မှုများကို ၁၀ ကြိမ်တိုင် အောင်မြင်စွာ ကျင်းပခဲ့ရာ တရုတ်-ရုရှား နှစ်နိုင်ငံ ရေတပ်ပူးပေါင်းဆောင်ရွက်၏ အရေးကြီး ပလက်ဖောင်းဖြစ်ခဲ့ပြီး ပင်လယ်ပြင် ပူးတွဲလှုပ်ရှားမှုအဆင့်ကို ဘက်စုံထောင့်စေ့ မြှင့်တင်ခဲ့သည်။
လေ့ကျင့်ရေးများပြီးနောက် တရုတ်-ရုရှား နှစ်ဖက်သည် ပစိဖိတ်သမုဒ္ဒရာသက်ဆိုင်ရာ ပင်လယ်ရေပြင်တွင် ပင်လယ်ပြင် ပူးတွဲကင်းလှည့်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့ စစ်ဘက်ဆိပ်ကမ်းတွင် တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲလေ့ကျင့်မှု၌ ပါဝင်သည့် တရုတ်-ရုရှား နှစ်ဖက် စစ်သည်အရာရှိများ ညီညာစွာ တန်းစီနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့ စစ်ဘက်ဆိပ်ကမ်းတွင် တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲလေ့ကျင့်မှု၌ ပါဝင်သည့် တရုတ်-ရုရှား နှစ်ဖက် သင်္ဘောအချို့အား ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲလေ့ကျင့်မှု၌ ပါဝင်သည့် တရုတ်ဘက်ရေယာဉ်အုပ်စု ကွပ်ကဲရေးသင်္ဘော ရှောက်ရှင်း ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့ စစ်ဘက်ဆိပ်ကမ်းသို့ ရောက်ရှိလာသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
中俄“海上联合-2025”联合演习开幕
新华社符拉迪沃斯托克8月1日电(李扬扬 田沛羽)中俄“海上联合-2025”联合演习8月1日在俄罗斯符拉迪沃斯托克某军港开幕。
演习以“联合维护战略通道安全、联合应对西太安全威胁”为主题,旨在进一步深化中俄新时代全面战略协作伙伴关系,提升共同维护国际地区和平稳定的能力。
演习在俄罗斯符拉迪沃斯托克附近海空域展开,将持续至8月5日。港岸筹划阶段,双方组织联合筹划和专业研讨以及球类友谊赛、舰艇参观、甲板招待会等交流活动。转入海上联合演习实施阶段后,双方将开展援潜救生、联合反潜、防空反导、对海作战等课目演练。
此前,双方参演兵力已于7月31日完成集结。中方参演兵力有导弹驱逐舰绍兴舰、乌鲁木齐舰,综合补给舰千岛湖舰,综合救援船西湖船和固定翼飞机、舰载直升机及海军陆战队员等。俄方派出“特里布茨海军上将”号大型反潜舰、“响亮”号轻型护卫舰、“别洛乌索夫”号救生船,以及固定翼飞机、舰载直升机和海军陆战队员等参演。
自2012年以来,中俄“海上联合”系列演习已成功举办10次,成为中俄两国海军合作的重要平台,全方位带动海上联合行动水平提升。
演习结束后,中俄双方还将位太平洋相关海域组织海上联合巡航。(完)
1, 2. 8月1日,在俄罗斯符拉迪沃斯托克某军港,参加中俄”海上联合-2025“联合演习的中俄双方官兵整齐列队。新华社记者 李扬扬 摄
3. 这是7月31日在俄罗斯符拉迪沃斯托克某军港拍摄的参加中俄”海上联合-2025“联合演习的中俄双方部分参演舰艇。新华社记者 李扬扬 摄
4. 7月31日,参加中俄“海上联合-2025”联合演习的中方舰艇编队指挥舰绍兴舰抵达俄罗斯符拉迪沃斯托克某军港。新华社发(段振军摄)