China
လိုင်ချီးသီးပို့ဆောင်ရာ စီချွမ်းလမ်းမကြီးတွင် သွားလာရသည်မှာ မခက်ခဲတော့

ချုံချင့်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
“စီချွမ်းလမ်းမကြီးကို သွားလာရ ခက်ခဲပုံမှာ မိုးကောင်းကင်တက်ရသည့်အလားပင်”
ဤသည်မှာ ထန်မင်းဆက်ခေတ် ကဗျာဆရာ လီပိုင်၏ ခံစားချက်များဖြင့် သီဖွဲ့ထားခြင်းဖြစ်သည်။
စီချွမ်းလမ်းမကြီးသည် ရှေးခေတ်အချိန်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသနှင့် စီချွမ်းဒေသကို ချိတ်ဆက်ပေးပြီး ချင်လျင်တောင်တန်းနှင့် တာ့ပါးဆန်းတောင်တန်းတို့ကို ဖြတ်သန်းလာသည့် လမ်းကြောင်းဖြစ်ကာ ယနေ့တိုင်တည်ရှိနေဆဲဖြစ်သည့် လူသားမျိုးနွယ်၏ အစောဆုံး လမ်းပန်းဆက်သွယ်ရေး အမွေအနှစ်နေရာကြီးများအနက် တစ်ခုဖြစ်ပေသည်။
ရှေးဟောင်းစီချွမ်းလမ်းများတွင် ထန်မင်းဆက်ခေတ် ကဗျာဆရာ သုမု၏ “ဖုန်တလိမ့်လိမ့်ထအောင် မြင်းကို ဒုန်းစိုင်းစီးပြီး ပို့ဆောင်နိုင်ပါမှ မိဖုရားက ပြုံးတော်မူနိုင်၊ လိုင်ချီးသီး ပို့ဆောင်ရပုံကိုမူ မည်သူက သိနိုင်မည်နည်း” ဟူသော ကဗျာစာသားကြောင့် နာမည်ကျော်ကြားခဲ့သည့် လမ်းတစ်လမ်းရှိသည်။ ယင်းမှာ လိုင်ချီးသီးပို့ဆောင်သည့်လမ်းပင်ဖြစ်သည်။ ယင်းသည် ထန်မင်းဆက်ခေတ် နန်းတော်၏ “လိုင်ချီးသီး ပို့ဆောင်ရာ သီးသန့်လမ်း” ဖြစ်သည့်အပြင် နှစ်ပေါင်းထောင်ချီကြာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားကုန်သွယ်ရေး ယဉ်ကျေးမှုတို့ကို ဆောင်ကြဉ်းထားသည့် လမ်းပန်းဆက်သွယ်ရေး အသက်သွေးကြောလည်း ဖြစ်ပေသည်။
နောက်ဆုံး ရှေးဟောင်းသုတေသန စူးစမ်းလေ့လာမှုများအရ ထန်မင်းဆက်ခေတ် လိုင်ချီးထုတ်လုပ်ရာဒေသ ဖူကျိုး (ယနေ့ ချုံချင့်မြို့ ဖူလိန်ခရိုင်) နှင့် နန်းမြို့တော် ချန်အန်းအား ချိတ်ဆက်ပေးထားသည့် အဆိုပါ ရှေးဟောင်းလမ်းကြောင်းသည် တောင်ပိုင်းတွင် ချုံချင့်မြို့ ဖူလိန်ခရိုင်မှ စတင်ကာ ချန်စို့ခရိုင်၊ တျန့်ကျန်းခရိုင်၊ လျန်ဖိန်ခရိုင်ကို ကျော်ဖြတ်၍ စီချွမ်းပြည်နယ်သို့ ဝင်ရောက်လာသည်။ ထိုမှတစ်ဆင့် တာကျိုး၊ ရွှမ်းဟန့်၊ ဝမ့်ယွမ် စသည့် ဒေသများကို ကျော်ဖြတ်ကာ ကျင်းယန်မြစ်လျှိုမြောင်ကို ကျော်တက်၍ တာ့ပါးတောင်ကို ကျော်ဖြတ်လာခဲ့သည်။ ထို့နောက် ဆန်ရှီးပြည်နယ် ဟန့်ကျုံးမြို့ ရှီးရှန်းခရိုင်တွင် ကျီဝူလမ်းနှင့်ချိတ်ဆက်၍ နောက်ဆုံးတွင် ချန်အန်းမြို့သို့ ပေါက်ရောက်ခဲ့သည်။
လမ်းကြောင်းတစ်လျှောက်ရှိ ခရီးတစ်ထောက်နားရာစခန်း၊ တံတား၊ ကျောက်ကမ်းပါးထက် ကျောက်ခဲလမ်းများ စသည့် ရှေးဟောင်းအမွေအနှစ်နေရာများသည် အဆိုပါလမ်းကြောင်း၏ တစ်ခေတ်တစ်ခါက စည်ပင်ဝပြောမှုကို သက်သေထူခဲ့သည်။
အန်းလုစန်းနှင့် စီစီးမိန်တို့ ပုန်ကန်မှုကြောင့် ဖြစ်ပွားသည့်တိုက်ပွဲပြီးနောက် ဖူလိန်ရှိ လိုင်ချီးသီးဥယျာဉ်သည် တစ်စတစ်စ ပျက်စီးလာခဲ့သည်။ သို့သော်လည်း အဆိုပါရှေးဟောင်းလမ်းမထက်ရှိ တောင်ပိုင်းနှင့်မြောက်ပိုင်း သွားလာဆက်ဆံမှုသည် စုန့်၊ ယွမ်၊ မင်၊ ချင်းမင်းဆက်ခေတ်များတွင် တောက်လျှောက်ပြတ်တောက်ခဲ့ခြင်းမရှိပေ။
၂၁ ရာစုနှစ်သို့ ဝင်ရောက်လာရာတွင် မြစ်ကျဉ်းသုံးသွယ်ကြောင့် ရွှေ့ပြောင်းနေထိုင်သူများ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်အရ ချုံချင့်မြို ဖူလိန်ခရိုင် နန်ထော်မြို့နယ် မုဟယ်ရွာမှ ရွာသူ၊ ရွာသားများက လိုင်ချီးသီးစိုက်ပျိုးလာကြပြီး ရှေးယခင်က ဖူလိန်ရှုခင်း ၈ ရပ်များအနက် တစ်ခုဖြစ်သည့် “နွေဦးလေပြေနှင့် လိုင်ချီးသီးများ” ကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့သည်။
ယနေ့အခါ ယန်ဇီမြစ်ကမ်းနားရှိ တရုတ်မူ (Mu) ရာချီသည့် လိုင်ချီးဥယျာဉ်များအတွင်း၌ “မိဖုရားအပြုံးပန်း” လိုင်ချီးသီးများက လူကိုဆွဲဆောင်နိုင်သော အရောင်အသွေးများဖြင့် တောက်ပနေဆဲဖြစ်သော်လည်း လိုင်ချီးသီးဥယျာဉ်ပြင်ပရှိ ပို့ဆောင်ရေးနည်းလမ်းသည် ပြောင်းလဲသွားပြီဖြစ်သည်။
ယန်ဇီမြစ်တစ်လျှောက်တွင် ကုန်းကြောင်းနှင့် ရေကြောင်း ရုပ်လုံးကြွ လမ်းပန်းဆက်သွယ်ရေးကွန်ရက်များ အရပ်ရှစ်မျက်နှာသို့ ပေါက်ရောက်နေပြီး ကျေးလက်လမ်းလေးများက စိုက်ခင်းအထဲထိ ရောက်ရှိနိုင်သည်။ ထိရောက်မှုမြင့်မားသည့် ခေတ်မီကုန်စည်ပို့ဆောင်ရေးစနစ်ကြောင့် နံနက်ခင်းမြူနှင်းရည်များဖြင့် စိုစွတ်နေသော လိုင်ချီးသီးများကို ထိုနေ့တွင်ပင် ကီလိုမီတာထောင်ချီအကွာရှိ စားသုံးသူများ လက်ထဲသို့ အရောက်ပို့ဆောင်ပေးနိုင်သည်။
လိုင်ချီးသီးပို့ဆောင်ရာ ရှေးဟောင်းလမ်း စီချွမ်းလမ်းမကြီးတွင် သွားလာရသည်မှာ မခက်ခဲတော့ပေ။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ ဖူလိန်ခရိုင် ပိုင်စိန့်မြို့နယ်တွင် ဝန်ထမ်း ကောဖုန့်ရင်းက တောင်နက်အတွင်းရှိ ရှေးဟောင်းလမ်းမ အမွေအနှစ်နေရာအား လှည့်လည်စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့ ဖူလိန်ခရိုင် နန်ထော်မြို့နယ် မုဟယ်ရွာ ရွာသားက လိုင်ချီးဥယျာဉ်အတွင်း၌ လတ်ဆတ်သော လိုင်ချီးသီးများအား ခူးဆွတ်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
新华全媒+·诗意中国丨荔枝驿路蜀道不再难
新华社照片,重庆,2025年8月3日
“蜀道之难,难于上青天。”这是唐代大诗人李白发出的感慨。
蜀道,是古代连接关中与巴蜀地区、穿越秦岭和大巴山区的道路,也是保存至今的人类最早的大型交通遗存之一。 古蜀道中,有一条因唐代诗人杜牧的诗句“一骑红尘妃子笑,无人知是荔枝来”而名扬天下,那便是荔枝道,它不仅是唐朝宫廷的“荔枝专线”,更是一条承载千年政治、军事、商贸文明的交通动脉。
最新的考古勘探揭示,这条连接唐朝荔枝产区涪州(今重庆涪陵)和都城长安的古驿道南起重庆市涪陵区,经长寿区、垫江县、梁平区进入四川,再经达州、宣汉、万源等地溯泾洋河谷翻越大巴山,在陕西汉中西乡县连接子午道最终通往长安,沿途的驿站、桥梁、碥道等遗址,见证了这条驿道曾经的繁华。安史之乱后,涪陵的荔枝园渐渐荒废,但这条古道上的南北交往在宋元明清时期一直未曾中断。
进入21世纪,借助三峡移民搬迁产业发展需要,重庆市涪陵区南沱镇睦和村的村民引种荔枝,旧时涪陵八景之一的“荔浦春风”得以重现。如今,长江之滨的数百亩荔枝园中,“妃子笑”荔枝依然绽放着动人色泽,但荔枝园外的运输方式已然变迁,沿着长江的水陆立体交通网络四通八达,乡间公路直达地头,高效的现代物流体系让挂着晨露的荔枝当天就能送到千里之外的食客手中。荔枝古驿路,蜀道不再难。
图说1:7月30日,重庆市涪陵区百胜镇村民背着背篓行走在一段古道遗址旁。新华社记者 刘潺 摄
图说2:7月30日,重庆涪陵区百胜镇工作人员郭凤英对大山深处的古道遗址进行巡查。新华社记者 刘潺 摄
图说3:7月29日,重庆市涪陵区南沱镇睦和村村民在荔枝园内采摘新鲜的荔枝。 新华社记者 刘潺 摄