Videos
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေး ကျင်းပ
နေပြည်တော် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးအား ယနေ့ဇူလိုင် ၁၁ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) ၌ ကျင်းပခဲ့သည်။
ညီလာခံ ပထမနေ့ နံနက်ပိုင်း ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ကရင် အမျိုးသား အစည်း အရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုး နှင့် ရခိုင်အမျိုးသား ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန် တို့က အဖွင့် အမှာစကားများ ပြောကြားကြပြီး အစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၆ ရက် အထိ ၆ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေးတွင် တင်ပြမည့် အချက် များအား ဇူလိုင် ၉ ရက်တွင် ပြုလုပ်သော ၁၆ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)တွင် ညှိနှိုင်း ေ ဆွးနွေးမှုများ ပြုလုပ်ခဲ့သည်။(Xinhua)